Saturday, 22 October 2016

ဖတ်မိတဲ့အရာတိုင်းအတွက်

ဖတ်မိတဲ့အရာက ကိုယ့်အားနည်းချက်ဆိုပြင်ကြည့် နောက်ပြီး ကိုယ်ဘယ်အကျိုးရလဒ်နဲ့ တိုးတက်မှုရလဲဆိုတာ ပြန်ရေးပြီး ဝေမျှပါ။
ဖတ်မိတဲ့အရာက ကိုယ့်အားသာချက်ဆို ဆက်ပြီး ဖွံ့ဖြိုးအောင် လုပ်ဆောင်ပြီး ကိုယ်ဘယ်လိုအကျိုးရလဒ်နဲ့ တိုးတက်မှုရလဲဆိုတာ ရေးပြီး ဝေမျှပါ။
သင်နဲ့ ယှဉ်တွဲရှင်သန်သူ လူသားတွေအတွက် အကျိုးရလဒ်ကောင်း ရမှာတော့ သေခြာပါတယ်။

ကနေ့ရဲ့ အတွေးစုလေးပါ

မှတ်ချက်။ စာအုပ်ထဲကပဲ ဖတ်နေတာတွေမဟုတ်ပါ။
ဘဝဖြတ်သန်းမှုမှ သင်ဖြတ်ကျော်ဖြတ်သန်းလာရတဲ့ အရာတွေကို သင်ဖတ်နိုင်သလောက်ဖတ်ပါ။
အကျိုးပြုသင်ခန်းစာတွေက အများကြီးပါ။

#ကိုယော

ရလဒ်ကိုမျှော်လင့်တာထက် ကိုယ့်အားထုတ်မှုက သာလွန်နေပါစေ

တခါတလေမှာ ရလဒ်ကိုပဲ ကြည့်ပြီး စိတ်ဓာတ်မကျပါနဲ့။
ရလဒ်မတိုင်ခင် ကြိုးစားအားထုတ်မှုဆိုတာရှိတယ်။
ကိုယ့်ကိုကိုယ်ကြေနပ်လောက်အောင် ပေးဆပ်ခဲ့ပြီးလား သေခြာစေဖို့လိုတယ်။
ဘယ်အရာမှ အလကားမရပါ။
ဘယ်နယ်ပယ်မှာရပ်တည်မလဲဆိုတာ ဆုံးဖြတ်ပြီးရင် ထိုနယ်ပယ်က လေ့လာသင်ယူစရာအားလုံးကို မပျင်းမရိလေ့လာဖို့လိုတယ်။
Do more than enough than expect for result.
ရလဒ်ကို မျော်လင့်နေတာထက် ကိုယ့်အားထုတ်ကြိုးစားမှုက သာလွန်စေပါ။
ကျန်တော်တွေးမိတဲ့ မြန်မာလိုစာသားကို English စီကြည့်တာပါ။
မှားရင်ပြင်ပေးပါ။
အတွေးရှိရင် အရေးရှိရမယ်ဆိုတဲ့အတိုင်း ရေးမိတာလေးကို ဝေမျှလိုက်ပါတယ်။
ကျေးဇူးတင်ပါတယ်။

#ကိုယော

Tuesday, 18 October 2016

လူတွေကို စိတ်ဝင်စားပါ

# ပါမောက္ခ ဒေါက်တာဂျွန်ဂျူဝီ (John Dewey) က "လူတို့တွင်အပြင်ပြဆုံးသောစိတ်သည် မိမိကိုယ်မိမိ အထင်ကြီးသောစိတ်ဖြစ်သည်" ဟုဆိုခဲ့သည်။
# မိမိလက်အောက်ငယ်သား၊ အလုပ်သမားများ စိတ်ဓာတ်တက်ကြွလာအောင် နိုးဆွနိုင်သောစွမ်းရည်သည် အကြီးမားဆုံးအရည်အချင်း ဖြစ်သည်။
# သင်အလိုရှိသောအဒာများ၌သာ အမြဲတမ်းစိတ်ဝင်စားနေသည်။
# သို့သော် သင်စိတ်ဝင်စားသောအရာကို သင်ကလွဲ၍မည်သူမျှ စိတ်မဝင်စားနိုင်ချေ။
# သင်ကလွဲ၍ ကျန်သောလူအားလုံးတို့သည် သင်ကဲ့သို့ ကိုယ်အလိုရှိရာ၌သာ စိတ်ဝင်စားလျက်ရှိကြသည်။
# အခြားလူတစ်ဦးကို ကိုယ့်ဖက်ပါအောင်ဆွဲဆောင်ရန် ထိုလူအလိုရှိသောအရာကိုပြော၍ ထိုအရာကိုမည်သို့ရအောင် လုပ်ရမည်ကို ပြပေးပါ။

ဖတ်မိခဲ့တာကို ကိုယော အနှစ်ဆွဲထုတ်ခဲ့ခြင်းပါ

#ကိုယော

Sunday, 16 October 2016

အချိန်မှီချစ်ခြင်းစကားဆိုပါ

လူတစ်ယောက်ရှိတယ်ဗျ။ လူတွေနဲ့အဆင်ပြေစွာ စကားပြောနိုင်အောင် စကားပြောသင်တန်းတစ်ခု သွားတက်တယ်။
လူတော်တော်များများက ကြိုးစားပြီး စင်ပေါ်တက် စကားပြေကြတယ်။ ထိုလူကတော့ မပြောရဲပဲဂျောင်ကပ်နေတာ။
တစ်ရက်မှာသူ့တို့ သင်တန်းပြီးခါနီး သင်တန်းနည်းပြကပြောလိုက်တယ်။
နောက်တစ်ပတ်ပြန်မဆုံးကြခင် ဒီတစ်ပတ်တာအတွင်း ကိုယ်ချစ်တယ်လိုမပြောရသေးသူ သို့မဟုတ် မပြောဖြစ်တာကြာပြီးဖြစ်တဲ့ သူကို ချစ်တယ်လို့ပြောခဲ့။ နောက်တစ်ပတ်ပြန်ဆုံတဲ့အခါ ကိုယ့်အတွေ့အကြုံပြန်ဝေမျှလို့ ပြောလိုက်။
ထိုလူက စဉ်းစားတယ်။ ငါဘယ်သူကို ချစ်တယ်လို့ ပြောသင့်လဲ။ ဒါနဲ့သူ့အဖေကို သတိရလိုက်တယ်။
သူအဖေနဲ့ ကတောက်ကဆဖြစ်ပြီး စကားမပြောဖြစ်တာ နှစ်တွေ ကြာပြီး။
ဒါကြောင့် သူ့အဖေကို ဖုန်းခေါ်လိုက်တယ်။
သူ့အဖေက ဖုန်းကိုင်တယ်။
သူအိမ်ကိုလာခဲ့မယ်လို့ပြောလိုက်တယ်။
သူ့အဖေက ဘုဆဆနဲ့ လာချင်လာပေါ့လို့ ပြန်ပြောတယ်။
ဒါနဲ့ သူစဉ်းစားတယ်။ အမေလာပြီး မကြိုပါနဲ့ပေါ့။
အဖေပဲလာကြိုပါစေ။
မဟုတ်ရင် အဖေကို ချစ်တယ်လို့ အပြောထမြောက်မှာမဟုတ်ဘူးပေါ့။
သူဆုတောင်းပြည့်သွားတယ်။
သူ့ကိုတံခါးလာဖွင့်ပေးတာသူ့အဖေပါ။
သူ့အဖေကိုတွေ့တော့ အဖေကိုချက်ချင်းဖက်ပြီး ချစ်တယ်လို့ ပြောလိုက်တယ်။
သူ့အဖေကလဲ သူ့ကိုပြန်ဖက်ပြီး သားကိုချစ်ပါတယ်တဲ့။
ဒါနဲ့ သူ့အမေအပါအဝင် သုံးယောက်သား ငိုးရင်း ပွေ့ဖက်ရင်း ပြန်လည်နားလည်မှုရပြီး အရမ်းပျော်သွားကြတယ်။
နောက်တစ်နေ့တော့ သူ့အဖေဆုံးသွားတယ်။
သူ့အဖေက ကင်ဆာရောဂါ နောက်ဆုံးအဆင့် ခံစားနေရတာ ဒီကတောက်ကဆပ်ဖြစ်ပြီး မခေါ်မပြောနိုင်တဲ့အချိန်မှာ သူမသိလိုက်ဘူး။
သူ့အဖေဆုံးတာ သူအရမ်းဝမ်းနည်းပေမဲ့ သူ့အဖေကို အချိန်မှီ ချစ်တယ်လို့ ပြောလိုက်နိုင်တာ သူ့အတွက် အတော် ဖြေသာသွားတယ်။

နောက်တစ်ပတ် စကားပြောတဲ့သင်တန်းမှာ ဘယ်သူမှ စမပြောခင်ကတည်းက သူစင်ပေါ်အရင်တက်ပြီး သူဖြစ်ပျက်ခဲ့တာနဲ့ သူဘယ်လိုခံစားရကြောင်း ဒီသင်တန်းက သူ့ဘဝလွတ်မြောက်မှုအသိတစ်ခု ဖန်တီးပေးနိုင်ခဲ့ကြောင်း ပြောနေရင်း လူတိုက်းမျက်ရည်ပေါက်ပေါက်ကျအောင် ပြောနိုင်ခဲ့တယ်။

စောယောရှုခံစားရေးဖွဲ့သည်

သင်ခန်းစာ
ဒီအဖြစ်အပျက်ဟာ ဘာကို သင်ခန်းစာရနေလဲဆိုရင် တန်ဖိုးရှိတဲ့ အရာကို လျစ်လျှူမရှုမိဖို့၊ အချိန်မှီး ပြင်ဆင်နိုင်ခွင့်နှင့် လူတစ်ယောက်မှာ ခံစားချက်သာရှိရင် စကားပြောတတ်လာကြတယ်ဆိုတာပဲ။

ဒီတော့ လူမှုနယ်ပယ်မှာ အောင်မြင်စွာရှောက်လမ်းနိုင်ဖို့ လူတွေနဲ့ စကားပြောရမှာမို့ စကားပြောချင်စိတ်နဲ့ လေးနက်စွာ သင့်ရင်ထဲကစကားသာရှိနေပါ။ သင်စကားပြောတတ်တယ်ဆိုတာ နားလည်လာမယ်။
နယ်ပယ်တိုင်းမှာ ပြောဆိုရမဲ့ ဗဟုသုတကိုသာစုစည်းတတ်မယ်ဆိုရင် သင်ဟာသူမတူအောင် စကားပြောနိုင်လာလိမ့်မယ်။

ကနေ့ ညနေ ကိုယောရှု အဖေဆုံးတာ ၉ လကျော်ရှိပြီး အဖေကို သတိရလို့ တစ်ချိန်က ဖတ်ခဲ့ဖူးတာကို လက်တန်းရေးဖွဲ့ရင်း ပြန်လည် ဝေမျှလိုက်ပါတယ်။
အဝေးရောက် ယောရှုက အဖေအသက်ကို ၃ ရက်မှီခဲ့တယ်။ အဖေကိုလဲ ချစ်တယ်လို့ အချိန်မှီ ချစ်တယ်လို့ ပြောနိုင်ခဲ့တယ်။

Friday, 7 October 2016

မွေးရှင်သန်ခြင်းနဲ့ သေဆုံးသွားခြင်းစပ်ကြားမှာ သင့်ရဲ့အကောင်းဆုံးရွေးချယ်မှု

လူ့ဘဝမှာ မွေးလာတဲ့နေ့ Born (B) နဲ့ သေဆုံးသွားတဲ့နေ့ Die (D) စပ်ကြားမှာ Choice (C) ဆိုတာရှိတယ်။
Your Choice is your quality. သင့်ရွေးချယ်မှုက သင်ရရှိလိုက်တဲ့အရည်အသွေးပဲဆိုတာ သိမြင်နားလည်လာရင် မှန်ကန်စွာရွေးချယ်တတ်လာမယ်။

တွေးမိတဲ့အတွေးစုကို ဝေမျှလိုက်ပါတယ်။

#ကိုယော

သင့်ရဲ့တုန့်ပြန်မှု Reaction ဘယ်လောက်အရေးကြီးလဲဆိုတာ

သရက်သီးဝယ်လာတယ်။ နောက်တစ်ရက်တော့ ပုတ်သွားတယ်။ ဒီလိုတွေးကြည့်တယ်။

အတွေး ၁။
ငါ့ကို သရက်သီးပုတ်ရောင်းလိုက်တယ်။ ဒီလူအတော်အကျင့်မကောင်းဘူး။ လူတွေကို လိမ်စားတယ်။ စီးပွားပျက်ပါစေဗျား။ မနက်ဖြန်ကျရင် ဒီကောင်နဲ့ရှင်းရမယ်။
သူ့ကိုစိတ်မထိန်းနိုင်ရင် ဇက်ဘိုဖြတ်ရိုက်လိုက်မယ်။
ငါကလဲ အသုံးမကျဘူး။
ဒီ သရက်သီးပုတ်မယ်ဆိုတာ မသိဘူးလား။
ငါဘာလို့ သေခြာမကြည့်ခဲ့တာလဲ။ ငါ့ကိုယ်က လိုပါတယ်။
အတွေး ၁ ဒီမှာရပ်ထားလိုက်မယ်။

အတွေး ၂။
ဟာ ငါစားမယ်ဆိုပြီး မနေ့က ဝယ်လာတဲ့ သရက်သီးပုတ်နေပါလား။
ပုတ်တော့လဲ ဘာဖြစ်လဲဗျား။ ထပ်ပြီး အသစ်ဝယ်စားတာပေါ့။ သရက်သီးကောင်းကောင်းရောင်းတဲ့ ဆိုင်ဘယ်မှာရှိလဲ စုံစမ်းရမယ်။
ဒါဆို ငါသရက်သီးကောင်း စားရမယ်။
ခု သရက်သီးက ပုတ်ပေမဲ့ သရက်စေ့ကိုတော့ ငါ့ခြံထဲ ငါပျိုးပြီး စိုက်နိုင်တာပဲ။
တကယ်လို့ကြီးလာရင် ငါစားလို့ရတာပေါ့။
တွေးကြည့်ရင်းနဲ့ တောင် ကြည်နူမိတယ်။
ငါ့နောင်လာနောက်သားတွေလဲ စားရတာပေါ့။
အတွေး ၂ ဒီမှာပဲရပ်လိုက်မယ်။

ဒီတုံ့ပြန်မှု ၂ ခုဟာ ကိုယ့်စိတ်ဓာတ်ကို ဘယ်တစ်ခုက ပြုပြင်ပေးလဲ။ ကိုယ့်ကိုဘယ်တစ်ခုက ငြိမ်းချမ်းစေလဲ။

ကနေ့ Saw Yaw Shu တွေးမိရေးမိတာလေး ဝေမျှပါတယ်ဗျား။

#ကိုယော

Wednesday, 5 October 2016

ကြီးပွားအောင်မြင်မှုဆိုတာ

လူတစ်ယောက် ကြီးပွားအောင်မြင်ဖို့ဆိုတာ
ကိုယ်ပိုင်အချိန်များများရရှိဖို့နဲ့
ကိုယ်ပိုင်အချိန်ကို ထိထိရောက်ရောက်
အသုံးချတတ်ခြင်းအားဖြင့်သာ ရနိုင်တယ်။

လူတော်တော်များများက နေ့စား၊ လစားဖြင့် ဘဝကိုဖြတ်သန်းကြတယ်။
အလုပ်ဟူသမျှ ဂုဏ်ရှိစွတဲ့ မှန်ပါတယ်။
သို့သော်လဲ ကိုယ့်ဘဝက တစ်သက်လုံး ကိုယ်ပိုင်အလုပ်မဟုတ်ပဲ နေ့စား၊ လစားနဲ့ပဲ ကုန်ဆုံးသွားစေမှာလား။

ကိုယ့်အချိန်ကို သူများကို ပေးဆပ်နေရခြင်းကြောင့် ကိုယ့်အတွက်အချိန် မလောက်ဘူး။
တစ်ချို့က အချိန်အများကြီးရှိရဲ့ ကိုယ်ကျိုးအတွက် ထိရောက်စွာမသုံးတတ်ပြန်ဘူး။

#ကိုယော

Saturday, 1 October 2016

လက်ပြတ်နေတဲ့ လူငယ်

တစ်ခါက လူငယ်တစ်ယောက်ရှိတယ်ဗျ။
ဒီလူငယ်က ကံမကောင်းစွာပဲ လက်တစ်ဖက် ပြတ်သွားခဲ့တယ်။
ဒီလိုနဲ့ ကျန်ရှိနေတဲ့ သူ့ဘဝရဲ့လူသက်တမ်းကို သူဖုန်းစားအနေနဲ့ပဲ ရပ်တည်သွားမယ်ဆို ပြီး ဆုံးဖြတ်ချက်ချပြီး စတင်ခဲ့တယ်။
ဒီလိုနဲ့ သူဖုန်းစား ဆိုတဲ့အတိုင်း အိမ်တွေ မှာလဲလိုက်တောင်းတာပေါ့။ အိမ်တစ်အိမ် အရောက်မှာ သူက အိမ်ရှင် အဒေါ်ကြီးကို သနားပါဆိုပြီး တောင်းလိုက်တယ်။ အဒေါ်ကြီးက သူ့ကိုပြောလိုက်တယ်။ ဟိုမှာ ငါ့အိမ်ရှေ့က အုပ်ပုံကြီးကို အိမ်နောက်ဖေးကို သယ်ပို့ပေး။ ဒါဆိုပိုက်ဆံပေးမယ်။
ဒီအခါမှာ သူဖုန်းစားက စိတ်ဆိုးမာန်ဆိုနဲ့ ကြည့် ကျန်တော့်မှာ လက်တစ်ဖက်ပဲရှိနေတယ်။ ကျန်တော်ဘယ်လိုသယ်နိုင်မှာလဲ ပြောတယ်။
အိမ်ရှင်အဒေါ်ကြီးက အုပ်ပုံထဲက အုပ်တစ်လုံးယူပြီး အိမ်နောက်ဖေးကို သယ်သွားပြီး ပြန်လာတယ်။ သူက သူဖုန်းစားကိုပြောတယ်။ ဒီမှာကြည့် ငါလည်းနှင့်လိုပဲ လက်တစ်ဖက်ပဲရှိတယ်။ ငါတောင်သယ်နိုင်ရင် နင်ဘာလို့မသယ် နိုင်ရမှာလဲ။
ီဒီအခါမှာ သူဖုန်းစားက ဘာမှမပြောတော့ပဲ အုပ်ပုံတစ်ပုံလုံးကုန် တဲ့အထိ သယ်ပေးပါတယ်။
အုပ်သယ်ပြီးတဲ့အခါ အိမ်ရှင်အဒေါ်ကြီးက သူဖုန်းစားကို ဒေါ်လာ ၂၀၀၀ ပေးလိုက်တယ်။

သူဖုန်းစားက သူမမြော်မှန်းတဲ့ ငွေအများကြီးကို ရလိုက်တော့ အရမ်းပျော်ပြီး အိမ်ရှင်အဒေါ်ကြီးကို ထပ်ခါထပ်ခါ ကျေးဇူးတင်နေမိတယ်။
ဒါပေမဲ့ အိမ်ရှင်အဒေါ်ကြီးက ငါ့ကို ကျေးဇူးမတင်ပါနဲ့။ ဒါက ငါနင့်ကိုအလကားပေးတာမဟုတ်ပါဘူး။
နင့်ရဲ့ခြွေးနဲစာ လုပ်အားကြောင့်ရတာ။ နင်ကိုနင်ပဲကျေးဇူးတင်သင့်တယ်။
ဒီလူငယ်လေးရဲ့စိတ်ထဲမှာ အလင်းတန်းတစ်ခုဖြတ်ဝင်သွားတယ်။ အိမ်ရှင်အဒေါ်ကြီးကို နုတ်ဆက်ပြီးထွက်ခွာသွားတယ်။
နောင်တစ်ချိန်မှာ ဒီလူငယ်က ကုမ္ပဏီတစ်ခုရဲ့ CEO ဖြစ်လာခဲ့တယ်။

သင်ခန်းစာ
၁။ ရရှိလာတဲ့ လူဘဝဟာ တန်ဖိုးကြီးတယ်။
၂။ သင့်ကိုယ်သင် ဘယ်တော့မှ အထင်မသေးပါနဲ့။
၃။ တန်ဖိုးရှိတဲ့ လုပ်ရပ်နဲ့ စကားတစ်ခွန်းကြောင့် လူတစ်ယောက်ရဲ့ ဘဝကို မြင့်တင်ပေးနိုင်တယ်။

အပြောကောင်းတာနဲ့အကောင်းပြောတာ

အပြောကောင်းနေဖို့ဆိုတာ အမြဲတမ်း အကောင်းပြောနေ ဖို့လိုတယ်။

#ကိုယော