Tuesday, 26 December 2017

သွေးတိုးရောဂါ - Hypertension

လူ့ကိုယ်အင်္ဂါအစိပ်အပိုင်းအားလုံးနဲ့ ဆဲလ်တစ်ခုချင်စီရဲ့ ရှင်သန်ဖို့ သွေးလိုအပ်ပါတယ်။
သွေးထဲမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်နဲ့ အောက်ဆီဂျင်ဓာတ် ပါဝင်ပါတယ်။
အဲ့ဒီသွေးတွေကို နှလုံးကညှစ်ထုတ်ပေးပြီး သွေးလွှတ်ကြောမကြီးမှတစ်ဆင့် သွေးကြောလေးတွေးဆီ အဆင့်ဆင့်ပို့ပေးရပါတယ်။
အဲ့ဒီတော့ သွေးကြောတွေထဲမှာ ဖိအား (Pressure) ဆိုတာ ဖြစ်လာတယ်။
အဲ့ဒါကို သွေးဖိအား (Blood Pressure) လို့ခေါ်ပါတယ်။

သွေးဖိအား BP ကို တစ်နေ့ (၃) ကြိမ် တိုင်းကြည့်တဲ့အခါ
အပေါ်သွေးဖိအား Systolic BP 140 မီလီမီတာ မာကျူရီနှင့်အထက်
အောက်သွေးဖိအား Diastolic BP 90 မီလီမီတာ မာကျူရီနှင့်အထက်ရှိရင် သွေးတိုးရောဂါ ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စမ်းသပ်ချက်များအရ သိရတယ်။

သွေးတိုးရောဂါဟာ လူနေမှု Life Style နှင့် ဆက်စပ်နေပြီး
- ကိုယ်လက်လှုပ်ရှားမှု နည်းပါးတဲ့သူတွေ၊
- ဆား၊ အငန်နှင့် အဆီအဆိမ့် အစားများတဲ့သူတွေ
- ဆီးချိုသွေးချို ရောဂါရှိတဲ့သူတွေ
- စိတ်ဖိစီးမှုများတဲ့သူတွေ
- ဆေးလိပ်နှင့် အရက် အလွန်အကျွံသောက်သုံးတဲ့သူတွေ အဖြစ်များတယ်။

သွေးတိုးရောဂါ ဖြစ်ပွားသူတွေမှာ
- ခေါင်းမူးခြင်း၊
- ဇက်ကြောတက်ခြင်း၊
- မျက်စိပြာခြင်း၊
- ခေါင်းကိုက်ခြင်း၊
- သတိလစ်ခြင်း၊
- အော့အန်ခြင်းတို့ဖြစ်တတ်တယ်။

သွေးတိုးရောဂါကို ကာကွယ်ရန် ကိုယ်အလေးချိန်ကိုထိန်း၍   
- အဝမလွန်စေရန်နေထိုင်စားသောက်ခြင်း၊
- ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ခြင်း၊
- နေ့စဉ်နာရီဝက်၊ တစ်နာရီခန့်လမ်းလျှောက်ပေးခြင်း၊
- ဆားနှင့်အချိုမှုန့်အသုံးပြု၍  ပြုလုပ်ထားသော စားသောက်ဖွယ်ရာများ၊ ငါးပိ၊ ငါးခြောက်နှင့် အသင့်စားသုံးနိုင်သော အစားအစာများကို ရှောင်ကြဉ်ခြင်း၊
- ဟင်းသီးဟင်းရွက်၊ အသီးအနှံများ စားသုံးခြင်း၊
- အရက်နှင့်ဆေးလိပ်လွန်ကဲစွာ သောက်သုံးခြင်းမှ ရှောင်ကြဉ်ခြင်း၊
- အဆီကိုလွန်ကဲစွာ စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း စသည်တို့ကို လိုက်နာ ဆောင်ရွက်ရန် လိုအပ်တယ်။

သွေးတိုးရောဂါ ဖြစ်ပွားရင်
- နှလုံးကြီးခြင်း၊
- နှလုံးသွေးကြောပိတ်ခြင်း၊
- နှလုံးညှစ်အားလျော့ကျခြင်း၊
- နှလုံးသွေးကြောကျဉ်းခြင်း၊
- မျက်စိမှုန်ခြင်း၊
- မျက်စိဝေခြင်း၊
- မျက်စိကွယ်ခြင်း၊
- ကျောက်ကပ်ပျက်စီးခြင်း၊
- ဦးနှောက်ရောင်ခြင်း၊
- လေဖြတ်ခြင်းနှင့်
- ရုတ်တရက်သွေးကြောပိတ်ခြင်း စသော နောက်ဆက်တွဲ ရောဂါများ ဖြစ်ပွားနိုင်တယ်။
ဒါကြောင့် သွေးတိုးရောဂါ ဖြစ်ပွားပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနများ၌ သွေးပေါင် မှန်မှန်ချိန်၍  စနစ်တကျ ဆေးကုသမှု ခံယူသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ   သတိပေးချက် ထုတ်ပြန်ထားတယ်။


Friday, 22 December 2017

အဆုတ်အကြောင်း

၁) ကျောရိုးရှိသတ္တဝါအများစုမှာ အဆုတ်နှစ်ခုပါကြပါတယ်။

၂) အဆုတ်နှစ်ဖက်ဟာ မတူကြပါဘူး။ နှလုံးရှိတဲ့ ဘယ်ဘက်အခြမ်းက အနည်းငယ်သေးနေပါတယ်။

၃) အဆုတ်ထဲကို လေဝင်ဖို့အတွက် လည်ချောင်းကဆင်းလာတဲ့ လေပြွန်အပြင် လမ်းကြောင်းပေါင်းမြောက်မြားစွာရှိပါတယ်။
လေပြွန်မကြီး Trachea ကနေ အဆင့်ဆင့်ခွဲထွက်လာတဲ့လမ်းကြောင်းငယ်လေးတွေကို Bronchioles လို့ ခေါ်ပါတယ်။

၎) အဆုတ်ထဲမှာ Bronchioles လို့ခေါ်တဲ့ လေဝင်ထွက်နိုင်တဲ့လမ်းကြောင်းငယ်ပေါင်း ၃၀၀၀၀ လောက်ရှိပြီး အရှည်အားဖြင့် ခန့်မှန်း ၂၄၀၀ ကီလိုမီတာ (မိုင် ၁၅၀၀) လောက် ရှိနေပါတယ်။

Bronchioles တွေရဲ့ တစ်ဖက်မှာ Alveoli လို့ခေါ်တဲ့လေအိတ်ငယ်လေးတွေရှိပါတယ်။ ဒီလေအိတ်လေးတွေဟာအသက်ရှူသွင်း/ရှူထုတ်လိုက်တိုင်း ကြီးလိုက်သေးလိုက်ဖြစ်နေပါတယ်။
အဲ့ဒီထဲမှာ အောက်ဆီဂျင်နဲ့ကာဘွန်ဒိုင်အောက်ဆိုဒ်တို့ကို လဲလှယ်မယ့်သွေးကြောမျှင်လေးတွေရှိနေပါတယ်။

၅) အဆုတ်ထဲမှာ Alveoli သန်းပေါင်း ၆၀၀ လောက်ရှိပါတယ်။
သူတို့ရဲ့ မျက်နှာပြင်ဧရိယာစုစုပေါင်းဟာတင်းနစ်ကွင်းတစ်ကွင်းအရွယ်အစားလောက်ရှိပါတယ်။

၆) အဆုတ်တစ်ခြမ်းဟာ ခန့်မှန်းအားဖြင့် ၁.၁ ကီလိုဂရမ်စီလေးပြီး အဆုတ်အင်္ဂါတစ်ခုလုံးအနေနဲ့ဆိုရင် ၂.၃ ကီလိုဂရမ်လောက်အလေးချိန်ရှိပါတယ်။

၇) ကျွန်တော်တို့ဟာ ၂၄ နာရီအတွင်း အကြိမ်ပေါင်း ၂၂၀၀၀ လောက် အသက်ရှူကြပါတယ်။

၈) အသက်ရှူနှုန်းကတော့ အမျိုးသမီးနဲ့ ကလေးတွေမှာ ပိုမြန်ပြီးအမျိုးသားတွေက အနည်းငယ်နှေးပါတယ်။

၉) အရွယ်ရောက်ပြီးလူတစ်ယောက်ဟာ အနားယူနေတဲ့အချိန်မှာ တစ်မိနစ်ကို ၁၂ ကြိမ်ကနေ အကြိမ် ၂၀ လောက် အသက်ရှူကြပါတယ်။

၁၀) လေကိုဘယ်လောက်ခပ်ပြင်းပြင်းရှူထုတ်ပါစေ အဆုတ်ထဲမှာ လေတစ်လီတာလောက် အမြဲကျန်နေပါတယ်။

၁၁) လူတစ်ယောက်ဟာ တစ်နေ့ကို ပျမ်းမျှအားဖြင့် လေ ၁၁၀၀၀ လီတာလောက် ရှူသွင်း/ရှူထုတ်လုပ်ကြပါတယ်။

၁၂) အဆုတ်ထဲလေဝင်ဆံ့နိုင်မှုပိုများတဲ့သူတွေဟာ ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင်ကို ပိုပြီးမြန်မြန်ဆန်ဆန် ပေးပို့နိုင်ကြပါတယ်။
လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဖြင့် အဆုတ်ရဲ့လေဝင်ဆံ့နိုင်မှုပိုများလာစေနိုင်ပါတယ်။

၁၃) အဆုတ်တွေဟာ ရေပ်ါမှာ ပေါလောပေါ်နိုင်တဲ့တစ်ခုတည်းသောကိုယ်အင်္ဂါအစိတ်အပိုင်းတွေဖြစ်ပါတယ်။

၁၄) အဆုတ်တစ်ခြမ်းမရှိဘဲ အသက်ရှင်နိုင်ကြပါတယ်။
အဆုတ်တစ်ခြမ်းမရှိသူဟာ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေ ကျဆင်းသွားပေမယ့် မသေနိုင်ပါဘူး။

အဆုတ်ရဲ့တာဝန်
=> အဆုတ်ရဲ့လုပ်ငန်းတာဝန်အကြောင်း ပြောပြချင်ပါတယ်။
=> ရှူသွင်းလိုက်တဲ့လေထဲမှ အောက်ဆီဂျင်နဲ့ ခန္ဓာကိုယ်ထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ ဖလှယ်ခြင်းသည် အဆုတ်၏အဓိက လုပ်ငန်း တာဝန်ဖြစ်ပါတယ်။
=> အောက်ဆီဂျင်ကြွယ်ဝသော ရှူသွင်းလိုက်တဲ့လေဟာ
-> လေမျို (Larynx) ကနေ
-> လေပြွန်မကြီး (Trachea) ရောက်တယ် နောက်ပြီး
-> လေပြွန်ခွဲ (Bronchus) ကနေ
-> လေပြွန်ငယ် (Bronchiole) တို့ကိုအဆင့်ဆင့် ဖြတ်သန်းပြီး
-> လေအိတ် (Alveoli) များသို့ ရောက်ရှိတဲ့အခါ
-> အဆုတ်သွေးလွှတ်ကြောငယ် (Pulmonary arteriole) များထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ဖလှယ်ကြပါတယ်။
=> အဲဒီမှတစ်ဆင့် အဆုတ်သွေးပြန်ကြော (Pulmonary veins) များမှ နှလုံးသို့ပို့ဆောင်ပြီး နှလုံးမှခန္ဓာကိုယ်တစ်ခုလုံးသို့  ဖြန့်ဝေပို့လွှတ်ပေးပါတယ်။
=> ဒါ့ကြောင့် အောက်ဆီဂျင်ကို ခန္ဓာကိုယ် အနှံ့အပြားမှ တစ်ရှူးများ၊ ဆဲလ်များ အသက် ရှင်သန်ရေးအတွက် အသုံးပြုနိုင်ကြပါတယ်။


Friday, 1 December 2017

အင်ဆူလင် - Insulin

=> ဆီးချို-၁နှင့် ဆီးချို-၂ တို့တွင် ဆီးချိုဖြစ်ရသည်မှာ အင်ဆူလင် ထုတ်လုပ်မှုကျဆင်းခြင်း သို့မဟုတ် အင်ဆူလင်၏အစွမ်းသတ္တိကို ခန္ဓာကိုယ်က ခုခံခြင်းမျိုး နှင့် ဆက်စပ်သည်။
=> အင်ဆူလင် ထုတ်လုပ်မှုလည်း မကျဆင်း ခန္ဓာကိုယ်ကလည်း အင်ဆူလင်အစွမ်းသတ္တိကို မခုခံပါဘဲလျက် ဆီးချိုဖြစ်နိုင်ပါသလား? ဖြစ်နိုင်ပါ၏။
=> ပန်ကရိယ ဘီတာဆဲလ်က ထုတ်လုပ်လိုက်သော အင်ဆူလင်ကိုယ်နှိုက်က အရည်အသွေးမကောင်း လျှင် ဖြစ်နိုင်ပါသည်။
=> ဤကိစ္စတွင် အင်ဆူလင်စွမ်းရည် အပြည့်အဝ မဖော်ဆောင်နိုင်သဖြင့် ဆီးချိုဖြစ်ရသည်။
=> ၎င်းကိုလည်း အခြားဆီးချိုအမျိုးအစားများ ထဲတွင် ထည့်သည်။
=> ဆီးချို-၁ ရောဂါသည် ပြင်ပမှ အင်ဆူလင်ကို အဓိက မှီခိုနေရသော ရောဂါဖြစ်သည်။
=> ဆေးကုသရန် လိုအပ်သည့် အခြေအနေဖြစ်ပါက အင်ဆူလင် ထိုးဆေးဖြင့်သာ ကုသနိုင်ပြီး၊ ဆီးချိုကျသောက်ဆေးများကို အသုံးမပြုနိုင်ပေ။
=> ဤနေရာတွင် မှတ်ထားရမည်မှာ အင်ဆူလင် သောက်ဆေးဟူ၍ မရှိခြင်းပင် ဖြစ်သည်။
=> အဘယ်ကြောင့်ဆိုသော် အင်ဆူလင်မှာ အမိုင်နိုအက်ဆစ်များဖြင့် ဖွဲ့စည်းထားသဖြင့် အစာအိမ်နှင့်အူလမ်းကြောင်းထဲတွင် အစာချေ အင်ဇိုင်းများ၏ ချေဖျက်မှုဒဏ်ကို ခံရသောကြောင့် ဖြစ်သည်။
=> ထို့ကြောင့် ကုသရမည့် ရောဂါအခြေအနေ အပေါ်မူတည်၍ အင်ဆူလင်ကို သွေးပြန်ကြော မှတဆင့် လည်းကောင်း၊ အရေပြားအောက် မှတဆင့် လည်းကောင်း ပေးရသည်။


Thursday, 23 November 2017

#ပြောင်းပြန်လှန်မယ်

Prize ကို ကြည့်ပြီးမှ Size ကိုရွေးရတဲ့ အဖြစ်ကို ၃ နှစ်အတွင်း ပြောင်းပြန်လှန်မယ်။

#ကိုယော
(23/11/2017)


Monday, 2 October 2017

မိတ္တဗလဋီကာ

(၁)  ပြုံးပါ။
(၂)  ငြင်းခုံခြင်းအား ရှောင်ရှားပါ။
(၃)  တစ်ဖတ်သား၏ အယူအဆကို အလေးဂရုပြုပါ။
(၄)  သူတစ်ဦး တစ်ယောက်အား မှားသည်ဟု ဘယ်တော့မှ တိုက်ရိုက်မပြောပါနှင့်။
(၅)  မိမိ အများကို လျှင်လျှင် မြန်မြန် လေးလေးနက်နက် ၀န်ခံပါ။
(၆)  ချိုချို သာသာနှင့် စကား စ ပြောပါ။
(၇)  တစ်ဖတ်သားက အလျှင်အမြန် "အင်း" လိုက်အောင် ကြိုးစားပါ။
(၈) တစ်ဖတ်သားကို သူပြောချင်တာ ၀ အောင် ပြောပါစေ။ ( ဂရုတစိုက်နှင့် နားထောင်ပါ )
(၉) တစ်ဖတ်သားအား ပေးချင်သောအကြံသည် သူ၏ အကြံသာ ဖြစ်သည်ဟု အထင်ရောက်ပါစေ။
(၁၀) ကိုယ်ချင်းစာ တက်အောင် ကြိုးစားပါ။
(၁၁) ရိုးသားစွာ ချီးကျူးပါ။  (ရက်ရက်ရောရော ရှိပါစေ)
(၁၂) တိုက်ရိုက် သြဇာပေးမည့် အစား လိုရင်းကိစ္စပြီးစီး စေမည့် မေးခွန်းများ မေးပါ။
(၁၃) တစ်ဖတ်သားကို အပြစ်မပြောမီ သင်၏ အမှားများကို ဖော်ပြပါ။
(၁၄) သင်လုပ်စေချင်သော အလုပ်ကို တစ်ဖက်သားအား ၀မ်းမြောက် ၀မ်းသာစွာ နှင့် လုပ်ချင်အောင် ခိုင်းပါ။
(၁၅) အခြားသူများပေါ်တွင် အဟုတ်အဟတ် စိတ်ဝင်စားပါ။
(၁၆) မိမိ မိတ်ဆွေတို့ ၏ နာမည်များကို မှတ်သားထားပါ။
(၁၇) တစ်ဖက်သားအား သူ့ကိုယ်ကိုသူ အထင်ကြီးလာအောင် လုပ်ပေးပါ။
(၁၈) စေတနာဖြင့် ချီးကျူးရန် မမေ့ပါနှင့်။
(၁၉) တစ်ဖက်သားကို ကြင်နာယုယပါ။ (ရိုသေလေးစားပါ)
(၂၀) တစ်ဖက်သားဘက်မှ နေ၍ အရာခပ်သိမ်းကို ဝေဖန်ပိုင်းခြားနိုင်အောင် စိတ်ကောင်းစေတနာကောင်းနှင့် ကြိုးစားပါ။
(၂၁) မိမိ ကိုယ်ကို နှိမ့်ချစွာ ပြောဆိုတက်ပါစေ။
(၂၂)  " အကြင်သူသည် ဤကိစ္စကိုဆောင်ရွက်နိုင်အံ့၊ ထိုသူ၏ နောက်သို့ တစ်ကမ္ဘာလုံး လိုက်အံ့၊ အကြင်သူသည် ဤကိစ္စကို မဆောင်ရွက်နိုင်၊ ထိုသူသည် တစ်ယောက်တည်းနေရအံ့၊ ''

အထက်ပါ စာကြောင်းလေးများသည်
အကျဉ်းချုပ် ၍သာ ရေးသားထားခြင်း ဖြစ်ပါသည်။


Thursday, 28 September 2017

Probiotics ဆိုတာဘာလဲ?

=> Probiotic ဆိုတာ လူ့ခန္ဓာကိုယ် အစာအိမ်အူလမ်း
ကြောင်း ထဲမှာရှိတဲ့ ခန္ဓာကိုယ် အကျိုးပြုဘက်တီးရီးယား တွေ ဖြစ်ပါတယ်။
=> ခန္ဓာကိုယ် အကျိုးပြုဘက်တီးရီးယား Probiotic 
တွေဟာ အူလမ်းကြောင်းကို ကျန်းမာစေပြီး ၀မ်းနဲ့ပတ်သက်တဲ့
ရောဂါတွေမဖြစ်ပွားအောင် ကာကွယ်ပေးပါတယ်။
=> အူလမ်းကြောင်းထဲမှာ Probiotic သာပြည့်ပြည့်၀၀ ရရှိမယ်ဆိုရင်
ဝမ်းပျက်ဝမ်းလျှောခြင်း၊
ဝမ်းချုပ်ခြင်း၊
ဝမ်းဗိုက်မအီမသာဖြစ်ခြင်း နှင့်
အစာမကြေဖြစ်ခြင်းတို့ကို သက်သာပျောက်ကင်းစေပြီး အစာခြေနိုင်စွမ်းနှင့် အာဟာရ စုပ်ယူနိုင်စွမ်းတိုးတက်လာမှာဖြစ်ပါတယ်။

#ကိုယော


Probiotics - လူ့ခန္ဓာကိုယ်အကျိုးပြုဇီဝသက်ရှိပိုးများ

Probiotics ဆိုတာ လူတွေစတင်မွေးဖွားချိန်ကစလို့ လူ့
ကိုယ်တွင်းမှာရှိနေပြီး ပြင်ပမှဝင်ရောက်လာတဲ့ ရောဂါ
ပိုးတွေကို ရှေ့တန်းမှနေပြီး ခုခံတိုက်ခိုက်ပေးနေတဲ့ လူ့
ခန္ဓာကိုယ်အကျိုးပြု ဇီဝသက်ရှိပိုးလေးတွေပါ။ လူတွေရဲ့
ရာသက်ပန်မိတ်ဆွေတွေလို့ ပြောနိုင်ပါတယ်။

#ကိုယော


Tuesday, 12 September 2017

မြန်မာစာ

မြန်မာတွေ သွေးမကွဲအောင် မြန်မာစာရေးသားဖတ်ရာဝယ် Online မှာ စနစ်တစ်မျိုးထဲပဲ ရွေးချယ်သုံးသင့်တယ်။
ခု မြန်မာစာဖတ်ဖို့ကိုတောင် စာတွေပြန်တည့်အောင် Converter ကိုပေါင်းကူးတံတားလုပ်ရတာ လေးပါတယ်လေ။
ကောင်းမွန်ပြည့်စုံတဲ့ စနစ်တစ်ခုထဲကိုပဲသုံးရင်
ကိုယ့်ရဲ့ အချိန်၊ အားထုတ်မှုနဲ့ ငွေ ကုန်ကျမှုသက်သာစေမယ်။
System - စနစ်
S - Save - သက်သာစေတယ်
ys - yourself - သင့်ကိုယ်တိုင်
t - time - အချိန်
e - effort - အားစိုက်မှု
m - money - ငွေ
Save yourself time, effort and money.
မင်းကိုယ်တိုင်ရဲ့ အချိန်၊ အားစိုက်မှု နဲ့ ငွေကို သက်စာစေတယ်။

စိတ်ထဲမှာရှိတာက မြန်မာစာစနစ် တစ်ခုထဲသုံးနိုင်ဖို့လအကြံပြုရင်း ရောက်တတ်ရာရာ ရေးမိပါတယ်။

#ကိုယော


Saturday, 9 September 2017

တန်ဖိုးသတ်မှတ်မှုနဲ့ တန်ဖိုးထားမှု ကွာဟချက်

လေလှန်တင်ပွဲမှာ ရူးသွပ်မိုက်မဲစွဲလန်းကြီးစွာ ပေးဝယ်ဖို့ ဆွဲဆောင်နိုင်တဲ့ အရည်အသွေးအရည်အချင်းမရှင်ရင် ကြမ်းခင်းဈေးနဲ့တောင် တန်ဖိုးတစ်ခု သတ်မှတ်လို့မရဘူးဆိုတာ သိလား။

ကိုယော တွေးမိတာလေးတစ်ခုပါ
တန်ဖိုးသတ်မှတ်မှုနဲ့ တန်ဖိုးထားမှုကွာဟချက်

#ကိုယော


Wednesday, 30 August 2017

ကျန်းမာရေးအသိရှိရှိ ကျန်းမာရေးသတိရှိရှိ



ဒီပုံတွေ့တော့ အတွေးတစ်ခု နိုးဆွပေးလိုက်တယ်!
Harbin Provincial Hospital မှာရိုက်ထားခဲ့တဲ့ပုံပါ။
ကင်ဆာဝေဒနာခံစားနေရတဲ့လူနာက အိတ်ထဲငွေအပြည့်နဲ့ ဆရာဝန်ဆီလာပြီး သူ့အသက်ကယ်ပေးဖို့ ငွေအမြာက်အများရှိတယ်လို့ပြောတယ်။
သို့သော် ဆရာဝန်က သူ့ကင်ဆာရောဂါက နောက်ဆုံးအဆင့်ရောက်နေလို့ သူ့ကိုမကယ်နိုင်ကြောင်းပြန်ပြောပါတယ်။
သူအရမ်းစိတ်ဆိုးပြီး မျော်လင့်ချက်မဲ့သွားတာဖြစ်လို့ လူသွားလမ်းတစ်လျောက် ငွေတွေ ဖြန့်ကြဲသွားအောင် ပစ်ချလိုက်တယ်။
ငွေဆိုတာ ဘာအသုံးကျလဲ ငွေရှိတော့ရော ဘာအသုံးဝင်လဲလို့ အော်နေရင်း။
ငွေက ကျန်းမာရေး, အချိန်နဲ့ အသက်ကို မကယ်တင်နိုင်ဘူးတဲ့။

ကျန်တော်တို့ ကျန်းမာနေစဉ် ကျန်းမာရေးကို စောင့်ရှောက်တတ်ဖို့လိုကြောင်း သိသာစေတယ်။

အဆွေ
ကျန်တော်တို့တွေ ထိခိုက်မှုကြောင့် အသက်ဆုံးရှုံးရခြင်းမျိုးမဟုတ်ရင် လူ့သက်တမ်းတစ်ခုမှာ Quality Life ခံစားရဖို့ နောက်ပြီး ကျန်းမာစွာဖြင့် လူ့သက်တမ်းစစ်နေရဖို့ Prevention is better than cure ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပို၍အရေးကြီးပါတယ်။
မိတ်ဆွေများအားလုံး
ကျန်းမာရေး အသိရှိရှိ
ကျန်းမာရေး သတိရှိရှိ နဲ့ ဘဝကို ဖြတ်သန်းနိုင်ပါစေကြောင်း Facebook ပေါ်က တွေ့ရတဲ့ ပုံလေးတစ်ပုံကို အခြေခံပြီး အဆင်ပြေသလို ဘာသာပြန်ဝေမျှလိုက်ပါတယ်။

#ကိုယော


Tuesday, 29 August 2017

Opportunity - အခွင့်အလမ်း

ဘဝက လူတိုင်းကို အခွင့်အရေးပေးတယ်။
ရယူသူနဲ့ အဆုံးရှုံးခံသူ ၂ မျိုးသာရှိတယ်။
အခွင့်အလမ်းကို ရယူဖို့ အခွင့်အလမ်းဆိုတာ မြင်ဖို့ လိုပါတယ်။
အခွင့်အလမ်းကို ကြိုးစားအားထုတ်ပေးဆပ်မှုနဲ့ ရယူမှရတယ်။
လူတွေက စတွေးတယ်။ ပြီးတော့ပြောတယ်။
ငါ့မှာ အခွင့်အလမ်းမရှိဘူး။ အခွင့်အလမ်းမှမပေးတာတဲ့။
အဆွေ
ရှင်သန်နေခြင်းဟာ တစ်ကယ့်အခွင့်အလမ်းပဲ။
ကျန်းမာနေတယ်ဆိုရင် အတိုင်းမရှိပေါ့။
ကဲဘာလိုသေးလဲ။ အခြေအနေမပေးလို့တော့ စောတကမတက်ပါနဲ့။
အခြေအနေကတော့ ကိုယ်တိုင်ဖန်တီးယူရတာပါ။
မိုးရွာလို့၊ နေပူလို့ မင်းတွေးနေရင် ထီးကလေးတစ်ချောင် စတင်တီထွင်တဲ့သူက အဲ့ဒီအခြေအနေကို သူ့အခွင့်အလမ်းအဖြစ် ပြောင်းလဲလိုက်ပြီးမဟုတ်ပါလား။

#ကိုယော


Monday, 28 August 2017

နောင်တစ်ချိန်အတွက်ဆိုရာဝယ်

နောင်တစ်ချိန် ဖြစ်လာဖို့ ဆိုတဲ့စိတ်နဲ့ အစီစဉ်ချ လုပ်ဆောင်ပါ။
တကယ်လုပ်ရင် တကယ်ဖြစ်မယ်ဆိုတဲ့ ယုံကြည်မှုနဲ့ ပြင်ပြတဲ့ စိတ်ဆန္ဒလဲ ရှိပါစေ။

နောင်တစ်ချိန် ဖြစ်မှာပါ ဆိုပြီးတော့ ဘာလုပ်ဆောင်မှုမှမပါတဲ့ မျှော်လင့်ချက်နဲ့ မနေပါနဲ။
ရယူလိုသောအရာကို ပေးဆပ်မှုမရှိပဲ မရနိုင်ပါ။

စဉ်ဆက်မမြတ် ကိုယ့်အမြင်နဲ့ စိတ်ထားကို တည်ဆောက်ပါ။

ကိုယောအတွေးအရေး

#ကိုယော


အချိုဆုံးသော အသား

The nearest the bone the sweetest the meat.
အရိုးနဲ့ အနီးဆုံးအသားက အချိုဆုံးပဲတဲ့။
ဒါကြောင့် ဝက်နံရိုးကြိုက်ကြတာကိုး။
တကယ်တော့ နှလုံးသားနဲ့ အနီးဆုံးသူဟာ ကျေနပ်စရာအကောင်းဆုံးပဲ။
အနီးဆုံး နှလုံးသား ပိုင်ဆိုင်ထားကြသူများ တန်ဖိုးထားပါ။

ကိုယော အတွေးတစ်စ

#ကိုယော


ဘာကြောင့် အလင်းဝင်တယ် ဆိုရလဲ

အလင်းဝင်တယ်ဆိုတာ ကိုယ်အမှောင်ထဲမှာရှိနေတယ် ထင်လို့ ခံစားရလို့ အလင်းဝင်တာ။
ကိုယ့်ရဲ့ခိုင်မာတဲ့ ရည်မှန်းချက်ပန်းတိုင်တစ်ခုအတွက် သူတစ်ပါးက ကိုယ့်ကို အမှောင်ထဲကလူလို့ ထင်မြင်သတ်မှတ်ပေမဲ့ ကိုယ့်ကိုယ်ကို အမှောင်ထဲကလူလို့ မခံယူမခံစာသ၍တော့ ကိုယ်ဘယ်တော့မှ အလင်းဝင်ရန်မရှိပါ။

ကိုယ့်အသိစိတ်နဲ့ ဆန္ဒသာ အမှောင်ဖုံးလွမ်းမနေဖို့လိုပါတယ်။

#ကိုယော


မပိုင်ဆိုင်နိုင် မပိုင်ဆိုင်ရသော်လဲ

အဆွေရယ်
ကြယ်တွေကို မင်းမဆွတ်ခူးနိုင်လဲပဲ နောက်တနည်းက လင်းလက်နေတဲ့သူ့အလှကို ခံယူရှုစားလို့ရပါသေးတယ်လေ။
ပိုင်ဆိုင်နေမှ ကျေနပ်မှာလား?
မပိုင်ဆိုင်ရရော စိတ်ဆင်းရဲနေမှာလား?
တကယ်တော့ မင်းပိုင်ဆိုင်ထားတဲ့ အချိန်နဲ့ အခွင့်အရေးအတွက် ကျေးဇူးတင်နေမယ်ဆို အရာရာတိုင်းဟာ လှပစွာ မင်းဖန်းတီးလာနိုင်မယ်လေ။
ကိုယော ရောက်တတ်ရာရာ

#ကိုယော


ဝေမျှခြင်း Sharing

ကိုယ်ရှိတဲ့အရာကို ဝေလိုက်တဲ့အခါ သူမှာရှိသွားတော့ မျှသွားတာပါ။
ဒီလိုပဲ သူမှာရှိတဲ့အရာကို ကိုယ့်ကို ဝေလိုက်တဲ့အခါ မျှသွားပါတယ်။
ဒီတော့ ဝေမျှခြင်းဆိုတာ တစ်ဖက်တည်းက စီးဆင်းနေရတာမဟုတ်ဘူး။
အပြန်အလှန်သဘောနဲ့ စီးဆင်းသွားဖို့လိုတယ်။
သို့သော် ကိုယ်မှာမရှိတာကို ဟန်ဆောင်ပြီးမဝေမျှပါနဲ့။
အဲ့သလိုပဲ သူ့မှာမရှိတာကို အတင်းမတောင်းဆိုပါနဲ့။
သူ့မှာရှိနေတာကို ဝေမျှစေချင်ရင် သူ့မှာ မရှိတဲ့အရာကို ကိုယ်ဖြည့်ဆည်းဖို့ကြိုးစားပါ။
အရာရာတိုင်းဟာ အမြဲတမ်း Take for granted မရနိုင်ဘူး။
Give and take တော့ ဖြစ်ဖို့လိုတယ်။
ကိုယောလဲ ရင်ထဲမှာ ရောက်လာတဲ့အရာတွေကို အပြုသဘောဆောင်တဲ့ အလင်းဖက်က အတတ်နိုင်ဆုံးယူပြီး ပြန်လည်ရေးသား ဝေမျှတာဖြစ်တယ်။
လူတော်တစ်ယောက်မဟုတ်ပေမဲ့ ထက်မြက်နေဖို့ သွေးနေခြင်းသား ဖြစ်တယ်။
ကိုယော ခံယူချက်က သူတစ်ပါးကို အကျိုးမပြုနိုင်ရင်နေပါ သူတစ်ပါးအတွက် ဆန်ကုန်မြေလေး ဝန်ထုတ်ဝန်ပိုမဖြစ်လိုပါ။
ဒီကနေ ရောက်တတ်ရာရာ ရေးသားခြင်းသာဖြစ်တယ်။

#ကိုယော


ဆန်ထဲက စပါးလုံးကို ကောက်ပါ

ဆန်ထဲက စပါးလုံးကို မကောက်ပဲ ထမင်းချက်လိုက်ရင် ထမင်းစားတဲ့အခါ သူတစ်ပါးအတက်စပါးလုံးကောက်ရတဲ့ စိတ်ဒုက္ခဖြစ် စေရုံမက ကိုယ်တိုင် ထမင်းစားတဲ့အခါ စပါးလုံးကိုကောက်ရတဲ့ စိတ်ဒုက္ခကို ကိုယ်တိုင် ခံစားရမယ်။
ဒီလိုပဲ ကိုယ်အတွင်းထဲက မကောင်းမသင့်တဲ့အရာရှိနေပြီး ကိုယ်တိုင်မရှင်းထုတ်ပဲ ထားနေရင် သူတစ်ပါးကို အနောက်အ
ယှက်ဖြစ်စေသလို ကိုယ်ကိုတိုင်လဲ ထို
နည်းအတိုင်း ဖြစ်စေပါတယ်။
စိတ်ဓာတ်ရေးရာပိုင်း တည်ဆောက်သူအတွက် မြင်ကွင်းတစ်ခုကို ကိုယောခံစားမိသည်အတိုင်း ရေးသားဝေမျှပါတယ်။

#ကိုယော


ဈေးမရောင်းချင်ဘူးဆိုပါတယ်

လူတိုင်းဈေးမရောင်းချင်ပါ။
သို့သော် အသက်တမျှအလွန်အဖိုးတန်သော ကိုယ့်အချိန်ကို သူဌေးဆိုသူလက်ထဲ ရောင်းချနေကြပြီး လစဉ် လုပ်ခလစာယူနေကြသည်။
ဒီလိုနဲ့ ဘယ်တော့မှ အရောင်းကျွမ်းကျင်သူများ ဖြစ်မလာပါ။

#ကိုယော


အရိပ်ကျေးဇူး

ဦးထုပ်တစ်လုံးရဲ့ အရိပ်အောက်ဟာလဲ အရိပ်တစ်ခုပါပဲ။
ထီးတစ်လက်ရဲ့ အရိပ်အောက်ဟာလဲ အရိပ်တစ်ခုပါပဲ။
အိမ်တစ်လုံးရဲ့ အရိပ်အောက်ဟာလဲ အရိပ်တစ်ခုပါပဲ။
အရိပ်ခိုဖို့ အရိပ်ကြီးကြီး သေးသေး မဖြစ်မနေခိုလိုက်ရပေမဲ့ အရိပ်ရခဲ့ဖူးတဲ့အတွက် ဘယ်အရိပ်က ကြီးလို့ အအေးမြတ်ဆုံးလို့တော့ မဆိုမိပါစေနဲ့။
လူတိုင်းဟာ စေတနာနဲ့ မထိုက်တန်ဘူးဆိုတဲ့ စကားက အဲ့မှာ စတင်ခဲ့တာပဲ။
တစ်လုပ်စားဖူး သူ့ကျေးဇူးစိတ်ဓာတ် မွေးမြူတတ်သူကတော့ ဦးထုပ်တစ်လုံးရဲ့ အရိပ်ကိုမမေ့သလို ဘယ်တော့မှ မစောကားဘူး။
ရခဲ့ဖူးတဲ့ မိဘရင်ခွင် အရိပ်စစ်တွေအတွက် အမြဲတမ်း ရင်မှာ ကျေးဇူးတင်တယ်။
ဘဝဖြတ်သန်းမှုမှာ တစ်လုပ်လဲစားခဲ့ဖူးသလို အရိပ်လဲခိုခဲ့ဖူးတဲ့ သူတွေကို ကျေးဇူးပြန်မတုန့်ပြန်နိုင်ခဲ့ရင်တောင် ဘယ်တော့မှ ကျေးဇူးမကန်းပဲ ကျေးဇူးတင်နေမယ်။
ရင်ထဲက ရောက်လာတဲ့ ကျေးဇူးတင်ချင်တဲ့စိတ်ကို ဒီစာတိုလေးနဲ့ ဖွင့်ဟလိုက်သည်။

#ကိုယော


ဆုံးဖြတ်ချက်ကို ပြင်ပြတဲ့စိတ်နဲ့အတူရှိပါစေ

ဖြစ်မြောက်အောင်လုပ်မယ်ဆိုတဲ့ (Determination) ဆုံးဖြတ်ချက်ရှိပေမဲ့ ဘာလို့ မဖြစ်လာသလဲဆိုရင် အဆုံးထိလုပ်နိုင်တယ်ဆိုတဲ့ (Burning Desire) ပါမလာတဲ့အခါ ဒီတောင်ကို မောင်မတက်နိုင်ပဲ ဒီမောင်ကို တောင်ခြေရင်းမှာပဲ သူလိုကိုယ်လို မထူးဇာတ်ခင်းရသူအဖြစ်နဲ့ အိပ်စက်သွားစေတယ်။
ဒီတော့ ဒီမောင်တောင်ထိပ်ရောက်ဖို့ Determination ကို Burning Desire နဲ့ ပေါင်းစပ်ပြီး တက်မယ်ဆိုရင် တောင်ကြီး ဖဝါးအောက် လှိုင်းကြီး လှေအောက်ဆိုတာ ထိုသူအတွက်ပဲ။
ကိုယော ဒီအတွေးလေးကို အရေးနဲ့ပေါင်းစပ်ပြီး မျှဝေလိုက်ပါတယ်။

#ကိုယော


စိတ်ဓာတ်အခြေအနေ

အိတ်ဖောင်းလို့စိတ်ပြောင်းပြီး
အိတ်ပိန်လို့စိတ်လေနေမယ်ဆိုရင်
အိတ်ပေါက်လို့ ခွက်ပျောက်သွားမယ်။
လူပဲ လူမသေငွေမရှားပါ။
တစ်ခုတော့ အားပေးချင်တယ်။
တစ်သက်လုံး ကိုယ့်ကို အလုပ်အကျွေးပြုမဲ့ ခန္ဓာကိုယ်
ကြီးကိုတော့ ကျန်းမာနေအောင် ကရုစိုက်ဖို့ မမေ့ပါ
လေနှင့်။
အရာခတ်သိမ်းလွမ်းမိုးမှုမခံရအောင် စိတ်ကိုလဲ တည်
ဆောက်ပါ။
အရေးကြီးတာတွေ သေခြာခွဲခြားတတ်တဲ့အခါ အရေးမ ကြီးတာတွေ ဖယ်ရှားနိုင်လာမယ်။

ကနေ့ ကိုယောရောက်တတ်ရာရာ အတွေးပါ

#ကိုယော


Forget & Forgive - မေ့ပစ်ပြီး ခွင့်လွှတ်လိုက်ပါ

Always forget what you give.
ကိုယ်ပေးကမ်းခဲ့တာကို မေ့လိုက်ပါ။

Never forget to forgive.
ခွင့်လွှတ်ဖို့ကိုတော့ဘယ်တော့မှ မမေ့ပါနဲ့။

#ကိုယော


Shuag Hor ရဲ့ Lingzhi ဟာ Taiwan FDA အသိအမှတ်ပြုထားချက်များ

1 - Promote Antibody Production
2 - Immune cells proliferation
3 - Adjuvant T cells function
4 - Promote natural killer cells function
5 - Promote Natural Killer Cells function
6 - Reduce GPT and GOT in serum
7 - Increase protein content in lever


Sunday, 27 August 2017

အိတ်ဖောင်းဖောင် အိတ်ပိန်ပိန် စိတ်ဓာတ်တည်ဆောက်ပါ

အိတ်ဖောင်းလို့စိတ်ပြောင်းပြီး
အိတ်ပိန်လို့စိတ်လေနေမယ်ဆိုရင်
အိတ်ပေါက်လို့ ခွက်ပျောက်သွားမယ်။
လူပဲ လူမသေငွေမရှားပါ။
တစ်ခုတော့ အားပေးချင်တယ်။
တစ်သက်လုံး ကိုယ့်ကို အလုပ်အကျွေးပြုမဲ့ ခန္ဓာကိုယ်
ကြီးကိုတော့ ကျန်းမာနေအောင် ကရုစိုက်ဖို့ မမေ့ပါ
လေနှင့်။
အရာခတ်သိမ်းလွမ်းမိုးမှုမခံရအောင် စိတ်ကိုလဲ တည်
ဆောက်ပါ။
အရေးကြီးတာတွေ သေခြာခွဲခြားတတ်တဲ့အခါ အရေးမ ကြီးတာတွေ ဖယ်ရှားနိုင်လာမယ်။

ကနေ့ ကိုယောရောက်တတ်ရာရာ အတွေးပါ

#ကိုယော


ယုံကြည်မှု ၂ မျိုး

လူတိုင်း ကိုယ်ယုံကြည်သည့်အတိုင်း ကိုယ်ဖြစ်လာတယ်။
ယုံကြည်မှု ၂ မျိုး ဆိုရာဝယ်
၁။ I can do. ငါလုပ်နိုင်တယ်။
၂။ I can't do. ငါမလုပ်နိုင်ဘူး။

ငါမလုပ်နိုင်ဘူးဆိုတဲ့ ယုံကြည်မှုကနေ ငါလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုကို ပြောင်းလဲလို့ရပါတယ်။
ငါမလုပ်နိုင်ဘူးဆိုတာကို တစ်သက်လုံးဖက်တွယ်မထားပဲ ပြောင်းလဲသင့်တယ်။
ဒီတော့ ငါလုပ်နိုင်တယ် ဘယ်ကစဖြစ်လာလဲဆိုရင် ကိုယ်မသိနားမလည်တာကို သိနားလည်လာအောင် သင်ယူပြီးမြောက်တဲ့အခါမှာ ငါလုပ်နိုင်တယ် ဖြစ်လာစေတယ်။
ဒါကြောင့် ကိုယ့်ဘဝကို မြင့်တင်ပေးနိုင်မဲ့ ယုံကြည်မှုကို သင်ယူလေ့လာခြင်းဖြင့် တည်ဆောက်နိုင်တယ်။

#ကိုယော