လုပ်ငန်းခွင်တစ်ခု အောင်မြင်စွာ ပြီးစီးဖို့အတွက် ...
၁. အိမ်ရှင်တို့ လိုအပ်ချက်
Residential (လူနေ အဆောက်အဦ)၊ Commercial (စီးပွားဖြစ် အဆောက်အဦ၊, Industrial (စက်ရုံ၊ အလုပ်ရုံ၊ ဂိုထောင်ကြီးများ) အစရှိတဲ့ အဆောက်အဦတွေအပြင် လိုချင်တဲ့ ပုံပန်းသွင်ပြင်တွေဟာ အိမ်ရှင် (သို့) Developer တွေရဲ့ ဆန္ဒ၊ လိုအပ်ချက်တွေကနေ အစပြုပါတယ်။
၂. သက်ဆိုင်ရာ ကျွမ်းကျင် Consultant များနှင့် ဆွေးနွေးတိုင်ပင်ခြင်း
အိမ်ရှင် (သို့) Developer တွေအနေနဲ့ ဆန္ဒ၊ လိုအပ်ချက်တွေကနေ အစပြုလာတဲ့ အဆောက်အဦ၊ ပုံစံပေါ်မူတည်ပြီး သက်ဆိုင်ရာလုပ်ငန်းလုပ်ကွက်တွေအတွက် ကျွမ်းကျင် Consultant တွေနဲ့အတူ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါတယ်။
• ပထမဆုံး ကျွမ်းကျင် ဗိသုကာပညာရှင်တွေနဲ့အတူ တိုင်ပင်ပြီး၊ လိုအပ်ချက်တွေအတိုင်း ဗိသုကာပညာရှင်တွေကနေ ဒီဇိုင်းရေးဆွဲပေးရမှာပဲဖြစ်ပါတယ်။
• ရရှိလာတဲ့ အဆောက်အဦပုံစံ ဒီဇိုင်းကို အိမ်ရှင် (သို့) Developer တွေမှ ကြိုက်နှစ်သက်ပြီး အတည်ပြုယူရမှာ ဖြစ်ပါတယ်။
• အတည်ပြုယူပြီးတဲ့ ဒီဇိုင်းကို Structure, M&E Consultant တွေကို ထပ်မံအပ်နှံရပါတယ်။ Structure ကောင်းမှသာ ရေဒဏ်၊ လေဒဏ်၊ မြေငလျှင်ဒဏ်တွေကို ခံနိုင်မှာဖြစ်ပြီး အဆောက်အဦရဲ့ ရေ၊ မီး၊ လျှပ်စစ်၊ Air Con အစရှိတဲ့ M&E အခြေခံတွေကို စနစ်တကျ ခိုင်ခိုင်မာမာဖြစ်စေမယ့်အပြင် M&E တွေကို Functional ဖြစ်အောင် တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
• ပြီးနောက် အိမ်ရှင် (သို့) Developer၊ Architect၊ Structure၊ M&E Consultant တွေနဲ့အတူ ဆွေးနွေးကြဖို့လိုပြီး အဆောက်အဦတည်ဆောက်နိုင်ဖို့ ဆုံးဖြတ်ချက်ချနိုင်တဲ့ အဆင့်ကို ရောက်ရှိမှာပဲဖြစ်ပါတယ်။
• အတည်ပြုအဆင့် ပြီးနောက်မှာ အချောထည် Interior Decoration (ID) ပညာရှင် နဲ့အတူ အနုစိတ် အချောထည် လုပ်ငန်းတွေကို တိုင်ပင် ဆုံးဖြတ်ရမှာပဲဖြစ်ပါတယ်။
၃. အစိုးရဌာနဆိုင်ရာ Permit လျှောက်ခြင်း
အဆောက်အဦတစ်ခုတည်ဆောက်ဖို့ သက်ဆိုင်ရာ အစိုးရဌာနတွေဖြစ်တဲ့ စည်ပင်၊ မီးသတ်၊ မြေစာရင်းဌာန၊ စည်ပင်ရာအုံဌာန၊ ရေသန့် အစရှိတဲ့ ဌာနအသီးသီးရဲ့ နည်းဥပဒေတွေအတိုင်း ခွင့်ပြုမိန့်တွေကို ရယူသွားရမှာဖြစ်ပါတယ်။
၄. ဆောက်လုပ်ရေး Contractor ရွေးချယ်ခြင်း
ဖော်ပြခဲ့တဲ့ Consultant တွေရဲ့ စံချိန်စံညွှန်းများအတိုင်း တိတိကျကျပုံဖော်တည်ဆောက်ပေးနိုင်မယ့် Contractor ကိုရွေးချယ်ရပါမယ်။ စံချိန်စံညွှန်းတွေအတိုင်း အတိအကျဆောင်ရွက်နိုင်ခြင်း၊ လက်ရာလက်သား ကောင်းမွန်ခြင်း၊ အရည်အသွေးပိုင်းဆိုင်ရာ ကောင်းမွန်ခြင်း၊ Safety ပိုင်းအတွက် စိတ်ချရခြင်း၊ Timeline အမှီဆောင်ရွက်နိုင်ခြင်း စတာတွေအတိုင်း အဓိကထား ရွေးချယ်ဖို့လိုအပ်ပါတယ်။ *အိမ်ရှင် (သို့) Developer တွေအနေနဲ့ ထိုက်သင့်တဲ့ ဈေးနှုန်း သက်သာတာကို ရွေးချယ်မိတဲ့အခါ အထက်ပါ စံချိန်စံချိန်ညွှန်းတွေအတိုင်း မပြည့်မီတဲ့ပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။
၅. တည်ဆောက်မှု လုပ်ငန်းစတင်ခြင်း
လုပ်ငန်းလုပ်ဆောင်နေစဉ် ကာလတစ်လျှောက် Contractor အနေနဲ့ သက်မှတ်ပေးထားတဲ့ ပုံစံပါတွေအတိုင်း လိုက်နာဆောင်ရွက်မှုရှိမရှိတွေကို အိမ်ရှင်တွေကနေ ဌားရမ်းထားတဲ့ Engineering Team နဲ့အတူ စစ်ဆေးခြင်း (သို့) Project Management Company နဲ့ စစ်ဆေးခြင်း စတာတွေနဲ့ စစ်ဆေးနေဖို့လိုပါတယ်။ Consultant တွေရဲ့ ပုံပါအတိုင်း တိတိကျကျရရှိနိုင်ဖို့ Project Management Company ကို Project စတင်ထဲက ထည့်သွင်းတာခြင်းဟာ ကိုယ့်ရဲ့ အဆောက်အဦအတွက် ပိုမိုကောင်းမွန်စေပါတယ်။
၆. QA/QC စစ်ဆေးခြင်း
အဆောက်အဦရဲ့ စံချိန်စံညွှန်း ကောင်းမွန်စေဖို့အတွက် လုပ်ငန်းခွင် ဆောင်ရွက်နေချိန် အသုံးပြုရမယ့် ပစ္စည်းတွေကိုလည်း သက်ဆိုင်ရာ Lab သို့ ပေးပို့ပြီး Quality (အရည်အသွေး) ကို စစ်ဆေးဖို့ လိုအပ်ပါတယ်၊ လုပ်ငန်း အလွှာတဆင့်ပြီးစီးတိုင်း အိမ်ရှင် (သို့) Developer (သို့) Project Management Team မှ (QA/QC) စစ်ဆေး ဆောင်ရွက်ပေးမှသာ အဆောက်အဦရဲ့ စံချိန်စံညွှန်း ကောင်းမွန်မှာဖြစ်ပါတယ်။
၇. သော့အပ်နှံခြင်း
အဆောက်အဦ အလုံးစုံတည်ဆောက်ပြီးစီးချိန်မှာ အိမ်ရှင်ထံ သော့အပ်နှံနိုင်မှာဖြစ်ပြီး သောအပ်နှံပြီးနောက်မှာလည်း Contractor အနေနဲ့ Maintenance Process တွေဖြစ်တဲ့ မီးသတ်ရေဖြန်းစနစ်၊ ဓာတ်လှေကား၊ Air Con၊ ရေပိုက်တွေကို အမြဲစောင့်ကြည့် ထိန်းသိမ်းနေဖို့လိုအပ်ပါတယ်။ ဒါမှသာ အဆောက်အဦဟာ သတ်မှတ်ထားတဲ့ သက်တမ်းထိကြံခိုင်နေမှာ ဖြစ်ပါတယ်။
အိမ်ရှင်တွေအနေနဲ့ ကိုယ့်ရဲ့ အဆောက်အဦကို အကောင်အထည်ဖော်ရာမှာ ဖော်ပြပါအချက်တွေကို သိရှိထားဖို့လိုအပ်ကြောင်းကို Haven Group Of Companies ကနေ ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ရပါတယ် …