Friday, 30 September 2016

စကားတစ်ခွန်းရဲ့စွမ်းအား

တစ်ခါက ရထားဘူတာမှာ သူတောင်းစား တစ်ယောက်က  ခဲတံကိုရောင်းရင်း တောင်စားနေတယ်။
လူတစ်ယောက်က သူ့ကို ပိုက်ဆံထည့်ပြီး ရထားပေါ်ပြေးတက်သွားတယ်။
ခဏနေတော့ ပြန်ဆင်းလာပြီး သူတောင်းစားထံက ခဲတံတစ်ချောင်းယူပြီး ခင်ဗျားလဲ ကျန်တော်လို Business Man ပဲ။
ဒါကြောင့် ကျန်တော် ဝယ်ထားတာယူဖို့မေ့သွားလို့လာပြန်ယူတာဆိုပြီး ရထားပေါ်ပြန်ပြေးတက်သွားတယ်။
နှစ်တွေအတော်ကြာပြီးနောက် ဟောပြောပွဲတစ်ခုမှာ လူတစ်ယောက်ဟာ ဟောပြောအပြီး  စင်ပေါ်ကနေဆင်းသွားတယ်။
စင်အောက်က ရှေ့တန်းမှာထိုင်နေတဲ့သူဆီသွားပြီး ခင်ဗျားကျန်တော့ကိုတော့ မှတ်မိမှာမဟုတ်ဘူး။
ကျန်တော်ကတော့ ခင်ဗျားကို မှတ်မိတယ်။
တခါက ရထားဘူတာမှာ ခဲတံရောင်းပြီး တောင်းစားနေတဲ့သူတစ်ယောက်ပဲ။
ခင်ဗျားက ခဲတံယူပြီး ပြောလိုက်တာက မင်းဟာငါ့လို Business Man တစ်ယောက်ပဲ ဆိုတဲ့ စကားဟာ အဲ့ဒီကတည်းက ကျန်တော် လုပ်ငန်းရှင်စိတ်ဓာတ်ရသွားတယ်။
ခု ကျန်တော် တစ်တိုင်းပြည်လုံး စာရေးကိရိယာဖြန့်ဝေတဲ့ လုပ်ငန်းရှင်ဖြစ်လာတာ ခင်ဗျားရဲ့ စကားတစ်ခွန်ကြောင့်ပါ။

သင်ခန်းစာ
ကိုယ်ပြောလိုက်တဲ့ စကားတွေဟာ လူတစ်ယောက်ဘဝကို အမြင့်ဆုံးထိပြောင်းလဲနိုင်တယ်။
ဒါကြောင့် နေ့တိုင်းအကျိုးရှိစေတဲ့ စကားကိုသာပြောပါ။

#ကိုယော

No comments:

Post a Comment