Friday, 30 September 2016

ရေတွင်းထဲကမြည်း

တခါကမြည်းတစ်ကောင်ဟာ ရေတွင်းဟောင်းထဲကျသွားတယ်။
ဒါနဲ့ ပိုင်ရှင်က မြည်းကို ဘယ်လိုဆွဲတင်ရမလဲ စဉ်းစားမရ။
ဒါကြောင့် မြည်းကလဲ အိုနေပြီး၊ ရေတွင်းကလဲ ဟောင်းနေပြီးဆိုတော့ အိမ်နီးနာချင်းတွေခေါ်ပြီး ရေတွင်းကို မြေဖို့ပြီး ပိတ်လိုက်မယ်ပေါ့။
ဒါနဲ့ သူတို့ ရေတွင်းဟောင်းကို စပြီး မြေဖို့ကြတယ်။
အတော်အတန်မြေဖို့ပြီးတော့ မြည်းကို သေခြာဖုံးသွားပြီးလား သိချင်လို့ ရေတွင်းကို ငုံ့ကြည့်တော့ မြည်းက သူ့ကိုယ်ပေါ်ကျလာတဲ့ မြေတွေကို ခါချရင်း မြေကြီးအပေါ်တက်နေတာ။
ဒါကြောင့် မြည်းက ရေတွင်းဟောင်းအဝကို ရောက်လုပ်နည်းဖြစ်နေတာကို ပိုင်ရှင်က တွေ့သွားတယ်။

သင်ခန်းစာ
လောကမှာ ကျန်တော်တို့ လူသားတွေဟာ မြည်းလိုပဲ ဘဝရဲ့ တွင်းဟောင်းတွင်းနက်ထဲရောက်လို့ အခြေအနေမဟန်ဖြစ်နေတတ်တယ်။
ဒီအထဲမှလဲ ကံနှိမ့်ရာ လှံစိုက်ဆိုသလို လူတွေက အမျိုးပြောကြမယ်။
ဒါပေမဲ့ လူဖိတာမသေပါ၊ သစ်တွေဝါးတွေ ဖိမှသေနိုင်တယ်ဆိုတဲ့ စကားအတိုင်း ကိုယ့်ကိုတိုက်ခိုက်လာသမျှကို မြည်းကဲ့သို့ လိမ္မာပါးနပ်စွား ခါချခဲ့မယ်ဆိုရင် ဘဝမှာအပေါ်အမြင့်ကို ပြန်ရောက်နိုင်သေးတယ်။

#ကိုယော
Credit : ကိုယော

No comments:

Post a Comment