သွေးဖိအားကို မီလီမီတာ မာကျူရီ ယူနစ်ဖြင့် တိုင်းတာပြီး နှလုံးကြွက်သား ညှစ်ထုတ်စဉ် သွေးကြော အတွင်း ဖြစ်ပေါ်နေသော ဖိအားကို အပေါ်သွေး (Systolic Blood Pressure) လို့ ခေါ်ပြီး၊
နှလုံးကြွက်သား မူလအတိုင်း ပြန်ဆန့်စဉ် ဖြစ်ပေါ်သော ဖိအားကို အောက်သွေး (Diastolic Blood Pressure) လို့ခေါ်ပါတယ်။
သွေးဖိအား အခြေအနေ
အသက် (၁၈)နှစ် နှင့် အထက် လူကြီး
အပေါ်သွေး (Systolic BP in mmHg)
အောက်သွေး (Diastolic BP in mmHg)
ပုံမှန် (Normal) ၁၂၀ အောက် နှင့် ၈၀ အောက်
ပုံမှန်ထက် မြင့်မားပြီး သွေးတိုး မဟုတ်သည့် အခြေအနေ
(Prehypertension) ၁၂၀ မှ ၁၃၉ (သို့) ၈၀ မှ ၈၉
အဆင့်(၁) သွေးတိုး (Stage-1, Hypertension) ၁၄၀ မှ ၁၅၉ (သို့) ၉၀ မှ ၉၉
အဆင့်(၂) သွေးတိုး (Stage-2, Hypertension) ၁၆၀ နှင့် အထက် (သို့) ၁၀၀ နှင့် အထက်
သွေးဖိအားကိုတိုင်းတာခြင်း
အလွယ်ကူဆုံးမှတ်ရရင်
သွေးဖိအားကို တိုင်းတာကြည့်တဲ့အခါ
• အပေါ်သွေး 120 နှင့် အောက်သွေး 80 ဆိုတာ Normal ပုံမှန် သွေးပေါင်ချိန်ပါ။
• အပေါ်သွေးက 120 နှင့် 139 ကြားနဲ့ အောက်သွေး 80 နှင့် 89 ကြားဆိုရင် သွေးတိုးအကြိုကာလ Prehypertention လို့ခေါ်ပါတယ်။
• အပေါ်သွေးက 140 နှင့် 159 ကြားနဲ့ အောက်သွေး 90 နှင့် 99 ကြားဆိုရင် အဆင့် ၁ သွေးတိုး Stage 1 Hypertention လို့ခေါ်ပါတယ်။
• အပေါ်သွေးက 160 နှင့်အထက်ရယ် အောက်သွေးက 100 နှင့်အထက်ဆိုရင် အဆင့် ၂ သွေးတိုး Stage 2 Hypertention လို့ခေါ်ပါတယ်။
No comments:
Post a Comment