• နှလုံးဆိုတာ ကြွက်သားနဲ့ လုပ်ထားတဲ့ Pump (ပန့်ပ်) စုပ်စက်လေးနဲ့ တူတယ်။
• လက်သီးဆုပ်လောက်ရှိတယ်။ ရင်ပတ်အလည် ဘယ်ဘက်ခြမ်းမှာ ပိုများများရောက်နေတယ်။
• တကိုယ်လုံးကို သွေးဟောင်းကနေ သွေးသစ်ရအောင် အဆုပ်နဲ့တွဲ အလုပ်လုပ်တယ်။ သူ့ကိုယ်သူအတွက်လဲ သွေးသန့်ပေးနိုင်တဲ့ သွေးကြောစနစ်ရှိတယ်။
• အထက် (၂) ခန်း၊ အောက် (၂) ခန်း၊ ပေါင်း (၄) ခန်း ပါတယ်။ အထက်ခန်းတွေဟာ သွေးလက်ခံယူကြပြီး အောက်ခန်းတွေက သွေးတွေကို လိုတဲ့ဆီ သူ့ကြွက်သားတွေကို ညှစ်ပြီးပို့ပေးတယ်။
• ညာ-အပေါ်ခန်းမှာ တကိုယ်လုံးက သွေးအဟောင်းမှန်သမျှ စီးဝင်လာတာကို လက်ခံယူပြီး၊ သူ့အောက်က ညာ-အောက်ခန်းကို အဆို့ရှင်ကနေ ဖြတ်သွားစေတယ်။
• ညာ-အောက်ခန်း ကနေ ညှစ်ထုတ်ရင် သွေးဟောင်းတွေက အဆုပ်ဆီရောက်တယ်။ အဆုပ်မှာ အသက်ရှူတဲ့လေထဲက အောက်စီဂျင်ကို အသုံးပြုပြီး သွေးဟောင်းတွေကနေ သွေးကောင်းတွေ ဖြစ်လာစေတယ်။
• သွေးသန့်တွေက တခါ နှလုံး ဘယ်-အထက်ခန်း ထဲကို ဝင်လာမယ်။
• နောက် ဘယ်-အောက်ခန်းထဲကို အဆို့ရှင်ကို ဖြတ်ဝင်လာတယ်။ အဲဒီကနေမှ နောက်ဆုံး ဘယ်-အောက်ခန်း ကြွက်သားတွေ ညှစ်ပြီး တကိုယ်လုံးကို သွေးသန့်တွေ ပို့ပေးလိုက်တော့တယ်။
No comments:
Post a Comment