အစာအဆိပ်သင့်မှု အများဆုံးဖြစ်ပွားစေသည့် အဏုဇီဝ ပိုးမွှားများ
by ဆုလွင်ထိုက် Food Safety Advisor Myanmar Innovative Life Sciences for Food Magazine
အစာအဆိပ်သင့်မှုကို အများဆုံးဖြစ်ပွားတဲ့ Bacteria တွေထဲမှာမှ သတိထားရမယ့်Salmonella နဲ့ S.aureus အကြောင်းကို ယခုလ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဗက်တီးရီးယားကြောင့်ဖြစ်တဲ့ အစာအဆိပ် သင့်မှုတွေအနက် ဒုတိယမြောက်အဖြစ် အများဆုံးကတော့ Salmonella ဗက်တီးရီးယားပိုးကြောင့် ဖြစ်ပါတယ်။
ဘယ်လိုအစားအစာတွေမှာ အများဆုံးပါတတ်လဲ။
Salmonella ပိုးဟာ အသား/ငါး အစိမ်းများ၊ ဥများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်စိမ်းများ၊ စိုထိုင်းဆနည်းသော အစားအစာများ (ဥပမာ- ဟင်းခတ် အမွှေးအကြိုင်များ၊ မြေပဲထောပတ်၊ ယိုများ၊ ချောကလက် များ၊ ဂျုံမှုန့်များ စသည်) တို့မှာ အများဆုံး ပါဝင်နေတက် ပါတယ်။
ဒါတွေစားမိရင် ဘာဖြစ်မလဲ။
မသန့်ရှင်းတဲ့အစားအစာကို စားသုံးပြီး ရောဂါ လက္ခဏာပြချိန်ကတော့ စားသုံးပြီး ၈ နာရီမှ ၇၂ နာရီ အတွင်း ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ ၂ ရက်လောက် အထိ ကြာနိုင်ပါတယ်။ ရောဂါလက္ခဏာအနေနဲ့ကတော့ ခေါင်းမူးခြင်း၊ ဖျားနာခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ သွေးကြောထဲကို ဝင်ရောက် လာရင်တော့ ရောဂါအခြေအနေ ပြင်းထန်လာနိုင်ပါ
တယ်။
ဘယ်လိုကာကွယ်စမ်းသပ်နိုင်မလဲ
၁။ အစားအစာ ကိုင်တွယ်ချက်ပြုတ်တဲ့သူ ကိုယ်တိုင် ရော၊ ချက်ပြုတ်တဲ့နေရာတွေပါ သန့်ရှင်းမှုရှိရန်
လို အပ်ပါတယ်။
၂။ သန့်စင်ခန်းမှ ထွက်ချိန်၊ အိမ်မွေးတိရစ္ဆာန်များကို ကိုင်တွယ်ပြီးချိန်များမှာလည်း လက်ကို သေချာ ဆေးသင့်ပါတယ်။
၃။ အသား/ငါးအစိမ်းများကို အခြား ချက်ပြုတ်ထားတဲ့ အစားအစာများနှင့်သော်လည်းကောင်း၊ ဟင်းသီး ဟင်းရွက်များနှင့်သော်လည်းကောင်း သီးခြားခွဲ ထားရန်လိုအပ်ပါတယ်။
၃။ အသား၊ ငါးများကို ကျက်အောင်စနစ်တကျ ချက် ပြုတ်ရန် လိုအပ်ပါတယ်။
၄။ ချက်ပြုတ်ပြီး အစားအစာများနှင့် မချက်ရသေးခင် အစားအစာများကို သီးခြားသိုလှောင်ထားရှိရမှာ ဖြစ်ပါတယ်။
S.aureus ဗက်တီးရီးယားဟာဆိုရင် လူနှင့် တိရစ္ဆာန်တို့ရဲ့ လည်ချောင်း၊ နှာခေါင်း၊ အရေပြားတို့မှာ ရှိနေတတ်ပါတယ်။ သူက သာမန်လူတွေကို နေမကောင်း ဖြစ်စေတာမျိုးမရှိပေမယ့် အစာအဆိပ်သင့်မှုဖြစ်စေနိုင် တဲ့ အဆိပ်တွေကို ထုတ်ပေးပါတယ်။ အဲဒီအစားအစာကို စားမိပြီဆိုတာနဲ့ အစာအဆိပ်သင့်မှုကို ဖြစ်စေနိုင်ပါ
တယ်။ အဓိကအားဖြင့် အစားအစာကို ကိုယ်တွယ်၊ ချက်ပြုတ်၊ ပြင်ဆင်သူများထံမှတစ်ဆင့် အဓိကကူးစက် ပါတယ်။
ဘယ်လိုအစားအစာတွေမှာ အများဆုံးပါတတ်လဲ။
ပရိုတိန်းဓာတ်အများဆုံးပါဝင်တဲ့ အစားအစာများ၊ အသားများ၊ လက်ဖြင့်တိုက်ရိုက်ကိုင်တွယ်ပြုလုပ်သော အစားအသောက်များ၊ (ဥပမာ- ပူတင်း၊ ကိတ်မုန့်၊ အသုပ် များ၊ နို့ထွက်ပစ္စည်းများ) စသည်တို့မှာ အများဆုံးတွေ့ရပြီး အစာအဆိပ်သင့်မှုကို ဖြစ်စေနိုင်ပါတယ်။
မသန့်ရှင်းတဲ့ အစားအစာတွေစားမိရင် ဘာဖြစ်မလဲ။
S.aureus ပါနေတဲ့အစားအစာ(သို့) အရည်ကို စား သောက်ပြီး ရောဂါလက္ခဏာပြချိန်ကတော့ မိနစ် ၃၀ မှ
၈ နာရီအတွင်း ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ ခေါင်းမူးခြင်း၊ အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဖျားနာခြင်းတော့ မဖြစ်နိုင်ပါဘူး။
ဘယ်လိုကာကွယ်စမ်းသပ်နိုင်လဲ။
အစားအစာ ကိုင်တွယ်ချက်ပြုတ်သူများအနေနဲ့
တစ်ကိုယ်ရည်သန့်ရှင်းမှုရှိရန်လိုအပ်ပြီး လက်ကို ပုံမှန် ဆေးကြောရန် လိုအပ်ပါတယ်။ အစားအစာများကို လည်း ချက်ပြုတ်၊ပြင်ဆင်ပြီးတဲ့အချိန်မှာ Storage လုပ်ထားရန်လည်း လိုအပ်ပါတယ်။
ကျန်ရှိနေသေးတဲ့ ဗက်တီးရီးယားများ အကြောင်း ကိုလဲ ရှေ့လတွေမှာ ဆက်လက်ဖော်ပြပေးသွားမှာမို့ လေ့လာဖတ်ရှုနိုင်ပါတယ်ရှင်။
အရင်းအမြစ်
No comments:
Post a Comment