Wednesday, 10 June 2020

"What If Motivation Is The Biggest Barrier To Success"

"Motivation က လူတွေရဲ့အောင်မြင်မှုကို ထိပ်ဆုံးကနေတားဆီးတဲ့အရာများ ဖြစ်နေမလား။"
အခုခေတ်မှာ Motivation ဆိုတာကြီးကို လူတွေအရမ်းစိတ်ဝင်စားလာကြတယ်။ Motivation Speaker တွေ စာအုပ်တွေလည်းအများကြီး ပေါ်လာကြတယ်။ ကျွန်တော်ကိုယ်တိုင်လည်း Motivation Speaker လိုမျိုးလုပ်ခဲ့ဖူးတယ်။
Motivation ဆိုတာကတော့ လူတွေကိုစိတ်ဓါတ်တက်ကြွလာအောင် လှုံ့ဆော်ပေးတာပါပဲ။ Motivation ကိုသေသေချာချာလေ့လာကြည့်တဲ့အခါမှာ ကျွန်တော်သတိထားမိတဲ့ အရာလေးတွေကို ပြောပြချင်ပါတယ်။
လွတ်လပ်စွာသဘောထားကွဲလွဲလို့လည်း ရပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၁) Motivational Speakers တွေဟာ စကားပြောကောင်းသူတွေပါ။ ၁၀ ယောက်မှာ ၉ ယောက်လောက်က ဘာမှသေသေချာချာလုပ်ဖူးတာမဟုတ်ပါဘူး။ ဘာမှမလုပ်ဖူးတာကို အပြစ်ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် စကားပြောကောင်းတာတွေနောက်ကို လူတွေပါသွားတာကဆိုးတာပါ။
ဘယ် Motivational Speaker မှ မင်းတို့ငါ့စကားကို နားမထောင်နဲ့တော့။ ငါ့သင်တန်းကိုမတက်နဲ့တော့။ လုပ်စရာရှိတာသွားလုပ်ရင်ရပြီဆိုတာမျိုးမရှိပါဘူး။ Tony Robbins တောင်မှ သူ့သင်တန်းတွေကို UpSell လို့ခေါ်တဲ့နည်းနဲ့ တစ်မျိုးပြီးတစ်မျိုး လာတက်အောင် ပြောဆိုနေကြတာပါ။
အဲ့တော့အများစုက ဘာဖြစ်သွားလည်းဆိုရင် ဆေးဆွဲသလိုမျိုးဖြစ်သွားတယ်။ သင်တန်းတွေတက်လိုက် Feel Good ဖြစ်လိုက်။ နောက်သင်တန်းတွေတက်လိုက် Feel Good ဖြစ်လိုက်နဲ့ပဲ မုန့်လုံးကိုစက္ကူကပ်ဖြစ်နေတော့တာပါပဲ။
ဒီလိုမှလည်းသူတို့က ပိုက်ဆံရမှာကိုး။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၂) Motivation ဆိုတာ ခွန်အားဖြည့်အချိုရည်လိုပါပဲ။ သောက်သောက်ခြင်း အားတွေရှိလာတယ်။ ဟိုဟာလုပ်မယ်၊ ဒီဟာလုပ်မယ် ဆိုတဲ့စိတ်တွေ ပေါ်လာတယ်။ ဒါပေမယ့် အဲ့တာတွေက ခဏလေးပဲခံပါတယ်။ အရှိန်ပြန်ကျတဲ့အချိန်မှာ အရင်ကထက်တောင် ပိုအားနည်းသွားစေတယ်။
ကျွန်တော်တို့လိုတာက ကာကွယ်ဆေးလိုမျိုးပါ။ တစ်ခါထိုးပြီးတာနဲ့ တစ်သက်လုံးခံတဲ့ ဆေးမျိုးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၃) အရေးကြီးဆုံး အချက်ကတော့ အောင်မြင်နေတဲ့သူတွေ ကမ္ဘာ့အချမ်းသာဆုံးလူတွေအကြောင်းကိုလေ့လာကြည့်ပါ။ ဘယ်သူမှ Motivation Talk တွေနားထောင်လိုက်လို့ အောင်မြင်သွားတယ်ဆိုတာ မရှိပါဘူး။
သူတို့တွေကိုလေ့လာကြည့်တဲ့အခါမှာ သူတို့က Motivation ထက် ပြဿနာကိုလိုက်ရှာကြတယ်။ ပြဿနာဖြေရှင်းနည်းကိုလိုက်ရှာတယ်။ Solution တွေကိုရှာတာ။ Motivation တွေကိုရှာတာမဟုတ်ပါဘူး။
မိတ်ဆွေကော ဘာကိုလိုက်ရှာလဲ။
Online ပေါ်မှာနေ၊ Blogger တွေ၊ Motivational Speakers တွေရဲ့ Videos တွေကြည့်ပြီးအချိန်ကုန်နေတယ်ဆိုရင်တော့ သေချာပါတယ် မိတ်ဆွေလည်း အောင်မြင်စရာလမ်းမရှိပါဘူး။
Motivational Videos တွေလိုက်ကြည့်ရတာကိုက အလုပ်ကြီးတစ်ခုဖြစ်လာပြီး တစ်ကယ်လုပ်ရမယ့် အလုပ်တွေကို မလုပ်ဖြစ်တော့ဘူး။ ဆေးသမားတစ်ယောက်ဖြစ်မှန်းမသိ တစ်ဖြည်းဖြည်းဖြစ်လာတယ်။
နောက်သေချာတာတစ်ခုရှိပါသေးတယ်။ တစ်ခုခုစတင်လုပ်ဖို့ Motivation အရင်လိုတယ်ဆိုရင် လုပ်မနေပါနဲ့။ လုပ်လည်းအောင်မြင်မှာ မဟုတ်ပါဘူး။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လူတွေမအောင်မြင်တာ Motivation မရှိလို့မဟုတ်ပါဘူး။ လိုချင်စိတ်မရှိလို့မဟုတ်ပါဘူး။ ကောင်းတာဆိုလူတိုင်းလိုချင်ပါတယ်။ Motivation ကိုသွားပြီး အာရုံပြုလိုက်တဲ့အခါ တကယ်အရေးကြီးတဲ့ အရာတွေကို သတိမထားမိတော့ဘူး။
အောင်မြင်ဖို့အရေးကြီးဆုံး ၃ ခုကတော့ (သုတေသနများအရ)
(၁) ဇွဲ (စပြီးရင် ပြီးအောင်လုပ်တတ်သောစိတ်ဓါတ်)
(၂) မှားတာကို လက်ခံပြီး ပြုပြင်သောအကျင့်
(၃) မိမိကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်း (စိတ်ခံစားချက်များ)
ဒီ ၃ ခုမရှိရင်တော့ မိတ်ဆွေဘုရားများများရှိခိုးပြီး ကံကောင်းပါစေလို့ ဆုများများတောင်းပါ။
နောက်ဆုံးအကြံပေးချင်တာကတော့ Motivation Videos များကို အပျော်သဘောဖြင့်သာ (Entertainment) နားထောင်ကြည့်ရှုပါ။

FranklinCovey Myanmar
Global leader in developing Character, Mindset and Effectiveness.

#FCMyanmar #7Habits #Articles
https://m.facebook.com/story.php?story_fbid=1000322383682919&id=442692792779217


No comments:

Post a Comment