လူ့ကိုယ်အင်္ဂါအစိပ်အပိုင်းအားလုံးနဲ့ ဆဲလ်တစ်ခုချင်စီရဲ့ ရှင်သန်ဖို့ သွေးလိုအပ်ပါတယ်။
သွေးထဲမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်နဲ့ အောက်ဆီဂျင်ဓာတ် ပါဝင်ပါတယ်။
အဲ့ဒီသွေးတွေကို နှလုံးကညှစ်ထုတ်ပေးပြီး သွေးလွှတ်ကြောမကြီးမှတစ်ဆင့် သွေးကြောလေးတွေးဆီ အဆင့်ဆင့်ပို့ပေးရပါတယ်။
အဲ့ဒီတော့ သွေးကြောတွေထဲမှာ ဖိအား (Pressure) ဆိုတာ ဖြစ်လာတယ်။
အဲ့ဒါကို သွေးဖိအား (Blood Pressure) လို့ခေါ်ပါတယ်။
သွေးဖိအား BP ကို တစ်နေ့ (၃) ကြိမ် တိုင်းကြည့်တဲ့အခါ
အပေါ်သွေးဖိအား Systolic BP 140 မီလီမီတာ မာကျူရီနှင့်အထက်
အောက်သွေးဖိအား Diastolic BP 90 မီလီမီတာ မာကျူရီနှင့်အထက်ရှိရင် သွေးတိုးရောဂါ ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စမ်းသပ်ချက်များအရ သိရတယ်။
သွေးတိုးရောဂါဟာ လူနေမှု Life Style နှင့် ဆက်စပ်နေပြီး
- ကိုယ်လက်လှုပ်ရှားမှု နည်းပါးတဲ့သူတွေ၊
- ဆား၊ အငန်နှင့် အဆီအဆိမ့် အစားများတဲ့သူတွေ
- ဆီးချိုသွေးချို ရောဂါရှိတဲ့သူတွေ
- စိတ်ဖိစီးမှုများတဲ့သူတွေ
- ဆေးလိပ်နှင့် အရက် အလွန်အကျွံသောက်သုံးတဲ့သူတွေ အဖြစ်များတယ်။
သွေးတိုးရောဂါ ဖြစ်ပွားသူတွေမှာ
- ခေါင်းမူးခြင်း၊
- ဇက်ကြောတက်ခြင်း၊
- မျက်စိပြာခြင်း၊
- ခေါင်းကိုက်ခြင်း၊
- သတိလစ်ခြင်း၊
- အော့အန်ခြင်းတို့ဖြစ်တတ်တယ်။
သွေးတိုးရောဂါကို ကာကွယ်ရန် ကိုယ်အလေးချိန်ကိုထိန်း၍
- အဝမလွန်စေရန်နေထိုင်စားသောက်ခြင်း၊
- ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ခြင်း၊
- နေ့စဉ်နာရီဝက်၊ တစ်နာရီခန့်လမ်းလျှောက်ပေးခြင်း၊
- ဆားနှင့်အချိုမှုန့်အသုံးပြု၍ ပြုလုပ်ထားသော စားသောက်ဖွယ်ရာများ၊ ငါးပိ၊ ငါးခြောက်နှင့် အသင့်စားသုံးနိုင်သော အစားအစာများကို ရှောင်ကြဉ်ခြင်း၊
- ဟင်းသီးဟင်းရွက်၊ အသီးအနှံများ စားသုံးခြင်း၊
- အရက်နှင့်ဆေးလိပ်လွန်ကဲစွာ သောက်သုံးခြင်းမှ ရှောင်ကြဉ်ခြင်း၊
- အဆီကိုလွန်ကဲစွာ စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း စသည်တို့ကို လိုက်နာ ဆောင်ရွက်ရန် လိုအပ်တယ်။
သွေးတိုးရောဂါ ဖြစ်ပွားရင်
- နှလုံးကြီးခြင်း၊
- နှလုံးသွေးကြောပိတ်ခြင်း၊
- နှလုံးညှစ်အားလျော့ကျခြင်း၊
- နှလုံးသွေးကြောကျဉ်းခြင်း၊
- မျက်စိမှုန်ခြင်း၊
- မျက်စိဝေခြင်း၊
- မျက်စိကွယ်ခြင်း၊
- ကျောက်ကပ်ပျက်စီးခြင်း၊
- ဦးနှောက်ရောင်ခြင်း၊
- လေဖြတ်ခြင်းနှင့်
- ရုတ်တရက်သွေးကြောပိတ်ခြင်း စသော နောက်ဆက်တွဲ ရောဂါများ ဖြစ်ပွားနိုင်တယ်။
ဒါကြောင့် သွေးတိုးရောဂါ ဖြစ်ပွားပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနများ၌ သွေးပေါင် မှန်မှန်ချိန်၍ စနစ်တကျ ဆေးကုသမှု ခံယူသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတိပေးချက် ထုတ်ပြန်ထားတယ်။
Tuesday, 26 December 2017
သွေးတိုးရောဂါ - Hypertension
Location:
Singapore, Singapore
Subscribe to:
Post Comments (Atom)
No comments:
Post a Comment