Monday, 28 May 2018

နာမည်ကျော် အောင်မြင်ရေးဟောပြောတဲ့ ပုဂ္ဂိုလ်ကြီး Jim Rohn က ပြောခဲ့ပါတယ်

"သင့်ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။ ဒီကမ္ဘာပေါ်မှာ အဲ့ဒီခန္ဓာကိုယ်က သင်နေထိုင်နေတဲ့ တစ်ခုတည်းသော အရာပါပဲ။"

သူပြောခဲ့သလိုပါပဲ။ ကျန်းမာရေးဟာ လူတိုင်းအတွက်၊ အထူးသဖြင့် စီးပွားရေးလုပ်ကိုင်နေကြတဲ့ စွန့်ဦးတီထွင်သူတွေအတွက် အလွန်အရေးကြီးပါတယ်။ ကျန်းမာရေးသာ မကောင်းဘူးဆိုရင် ကိုယ့်ဆီမှာ ဘယ်လောက်တန်ဖိုးကြီးတဲ့ အိုင်ဒီယာ၊ ဘယ်လောက်ကောင်းတဲ့ စိတ်ကူးရှိနေပါစေ။ အောင်မြင်အောင် လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။

ဒါကြောင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် အရေးအကြီးဆုံးဖြစ်တဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတရဖွယ်ရာ (ချက်ချင်းလိုက်နာလုပ်ဆောင်နိုင်တဲ့) Tips & Tricks များကို Myanmar Online Entrepreneur - MOE မှ တနင်္ဂနွေနေ့တိုင်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


No comments:

Post a Comment