Saturday, 2 June 2018

ပိုက်ဆံကပြောတယ်

ဒီရက်ပိုင်း ဒီလိုမေးနေတာတွေ့တယ်။
=> ပိုက်​ဆံ​တွေကို ​မေးလိုက်​ပါ
ငါ့ဆီက ထွက်​သွားရတာ ​ပျော်​လားလို့ <=
ဒါနဲ့ ကိုယောက ပိုက်ဆံကို မေးမိတယ်ဗျ။ ပိုက်ဆံပြန်ဖြေတာက လူတွေဆီကို ငါ ခဏခဏ အလယ်သွားတယ်။ သူတို့က ငါ့ကို မိတ်ဆွေလိုသဘောမထားဘူး။ ပြီးတော့ ဧည့်သည်လိုပဲ သဘောထားတယ်။ ပြီးတော့ ပြောလိုက်သေးတယ်။ ငါက ပိုက်ဆံကို စိတ်မဝင်စားဘူးတဲ့။ ပိုက်ဆံဆိုတာ ကြားခံနယ် ပေါင်းကူးတံတာပဲတဲ့။ နောက်ပြီး ငါက မချမ်းသာချင်ပါဘူး။ ငါနေနိုင် စားနိုင် လုပ်ကိုင်နိုင်ရင် ကျေနပ်ပြီးတဲ့။ ဒါနဲ့ လူတွေငါ့တန်ဖိုးကို မသိကြတော့ဘူး။ လူနည်းစုကလွဲလို့ လူများစုက ငါ့ကိုဖော်ဖော်ရွေရွေ မဆက်ဆံကြဘူး။ ငါလဲ သူတို့ကို မရင်းနှီးမခင်မင်ရတော့ဘူးပေါ့။ ငါကို ခဏသာလက်ခံတဲ့ သူတွေဆီမှာ ငါ့ရဲ့ သားသမီး မျိုးဆက်တွေကို ငါယုံကြည်စွာ ဘယ်လိုမျိုးပွားထားခဲ့ရဲမလဲ။ သူတို့က လူမိုက်တွေပဲ။ ဒါကြောင့် လူမိုက်နဲ့ ပိုက်ဆံ အတူမနေဆိုတာ ဖြစ်လာတာပေါ့။ ငါ့ကို ခင်တွယ် မိတ်ဆွေလိုဆက်ဆံသူရဲ့ အကျိုးကိုပဲ ကျွန်လို ငါထမ်းဆောင်တယ်။ ငါ့ကို ပစ္စလက္ခထားသူတွေကို
ငါက သူတို့အတွက် သခင်မွေးပေးတယ်။ ဒါကြောင့် ပြောလိုက်ပါ။ မေးခွန်းမေးသူတွေကို ငါလူတွေကို ချစ်ပါတယ်။ ငါ့ကိုတန်ဖိုးထားရင်ပေါ့။                    
#ကိုယော


No comments:

Post a Comment