Friday, 24 January 2020

🤔ပြိုင်ဘက်မဟုတ်တဲ့သူနဲ့ မပြိုင်ပါနဲ့🤔

တနည်းအားဖြင့် နှလုံးသားထဲအထိစွဲသွား​အောင်​ပြောရရင်
မတန်ဘူးထင်ရင်မပြိုင်နဲ့..

ကျားကြီးတစ်ကောင်ဟာ ခွေးရူးကိုတွေ့ တာနဲ့ ချက်ချင်းရှောင်ပုန်းလိုက်ပါတယ်။
ကျားငယ်က မေးပါတယ်။
" အဖေက ခြင်္သေ့ကိုလည်းတိုက်ရဲတယ်။
ကျားသစ်ကိုလည်း နိုင်ရဲတယ်။ ဘာမှမဟုတ်တဲ့ ခွေးရူးကျတော့ ရှောင်ပုန်းတယ်။
သိက္ခာမကျဘူးလား အဖေ " တဲ့ ။

ကျားကြီးက သူ့သားကိုပြန်မေးလိုက်ပါတယ်။
" ခွေးရူးကိုနိုင်တော့ ဂုဏ်ယူစရာ ကောင်းသလား သား? " ၊
ကျားငယ်ခေါင်းခါပါတယ်!
" ခွေးရူးတစ်ချက် အကိုက်ခံရရင် ကော တန်သလား? "
ကျားငယ်က ခေါင်းခါပြန်တယ်!
" ဒါဆိုရင် ငါတို့ဘာလို့ ခွေးရူးကို ပြိုင်ကိုက်ရမှာလဲ၊ ခွေးရူးဆိုတာ စိတ်ဖောက်နေတဲ့အကောင်၊ တွေ့ကရာလျှောက်ကိုက် နေတဲ့အကောင်၊ အကောင်တိုင်းဟာ
ငါတို့ကို ယှဉ်ပြိုင်ဖို့ တန်တာမဟုတ်ပါဘူး၊ အဲဒါ သား မြဲမြဲမှတ်ထား။

#သင်ခန်းစာ
တစ်စုံတစ်ယောက်၏ စော်ကားမော်ကား
အပြုမူ အပြောအဆိုတွေကြောင့် ဒေါသထွက်တုန့်ပြန်ချင်စိတ်ပြင်းပြနေသော သင့်အား ဒီ ပုံပြင်လေးက နှစ်သိမ့်နိုင်ပါစေ။


Wednesday, 22 January 2020

စိတ်လိုအင်သည်မဆုံး

စိတ်ကိုပဲ ဖျော်ဖြေနေသမျှတော့
မင်းရဲ့ ဦးနှောက်က အာဟာရ
မဲ့နေမှာ အသေခြာပဲ

#ကိုယော


Tuesday, 21 January 2020

ပြန်တည်ဆောက်

ပြိုပျက်နေပြီး ဆိုပြီး ဘာလို့ ထိုင်ငိုင်နေလဲ
ထပြီး ပြန်တည်ဆောက်လေ

#ကိုယော


Saturday, 18 January 2020

ဘဝရဲ့လိုအပ်ချက်

သံယောဇဥ်နောက်
ပါလာတတ်တာက
ချစ်ခြင်းဖြစ်နိုင်
သလို၊ ချစ်ခြင်းမဲ့လဲဖြစ်နိုင်တယ်။
သို့သော် ချစ်ခြင်းနောက်မှာ
သံယောဇဥ် ရှိနေဖို့က
အလိုအပ်ဆုံးပဲ။
ထို့အတူ နားလည်မှုနှင့် စာနာထောက်
သည်းခံတတ်ခြင်းတွေသာ ချစ်ခြင်းကို
ပိုမို့ ခိုင်မြဲစေတယ်။


#ကိုယော


Friday, 17 January 2020

ကိုယ်ဘာလုပ်နိုင်လဲ

ကိုယ်ဘာလုပ်နိုင်မလဲ ဆိုတာကနေ စတွေး၊ စလုပ်မယ်ဆိုရင် ကိုယ်လုပ်နိုင်တာတွေက ဆက်တိုက်
တွေ့လာမယ်။
ဘာမှ မလုပ်နိုင်ဘူးဆိုတဲ့အတွေးကနေ ဘာမှမလုပ်ဖြစ်တဲ့ခါ ဘာမှလဲ ဖြစ်မလာတော့ပါ။

#ကိုယော