Friday, 24 January 2020

🤔ပြိုင်ဘက်မဟုတ်တဲ့သူနဲ့ မပြိုင်ပါနဲ့🤔

တနည်းအားဖြင့် နှလုံးသားထဲအထိစွဲသွား​အောင်​ပြောရရင်
မတန်ဘူးထင်ရင်မပြိုင်နဲ့..

ကျားကြီးတစ်ကောင်ဟာ ခွေးရူးကိုတွေ့ တာနဲ့ ချက်ချင်းရှောင်ပုန်းလိုက်ပါတယ်။
ကျားငယ်က မေးပါတယ်။
" အဖေက ခြင်္သေ့ကိုလည်းတိုက်ရဲတယ်။
ကျားသစ်ကိုလည်း နိုင်ရဲတယ်။ ဘာမှမဟုတ်တဲ့ ခွေးရူးကျတော့ ရှောင်ပုန်းတယ်။
သိက္ခာမကျဘူးလား အဖေ " တဲ့ ။

ကျားကြီးက သူ့သားကိုပြန်မေးလိုက်ပါတယ်။
" ခွေးရူးကိုနိုင်တော့ ဂုဏ်ယူစရာ ကောင်းသလား သား? " ၊
ကျားငယ်ခေါင်းခါပါတယ်!
" ခွေးရူးတစ်ချက် အကိုက်ခံရရင် ကော တန်သလား? "
ကျားငယ်က ခေါင်းခါပြန်တယ်!
" ဒါဆိုရင် ငါတို့ဘာလို့ ခွေးရူးကို ပြိုင်ကိုက်ရမှာလဲ၊ ခွေးရူးဆိုတာ စိတ်ဖောက်နေတဲ့အကောင်၊ တွေ့ကရာလျှောက်ကိုက် နေတဲ့အကောင်၊ အကောင်တိုင်းဟာ
ငါတို့ကို ယှဉ်ပြိုင်ဖို့ တန်တာမဟုတ်ပါဘူး၊ အဲဒါ သား မြဲမြဲမှတ်ထား။

#သင်ခန်းစာ
တစ်စုံတစ်ယောက်၏ စော်ကားမော်ကား
အပြုမူ အပြောအဆိုတွေကြောင့် ဒေါသထွက်တုန့်ပြန်ချင်စိတ်ပြင်းပြနေသော သင့်အား ဒီ ပုံပြင်လေးက နှစ်သိမ့်နိုင်ပါစေ။


No comments:

Post a Comment