Wednesday, 10 June 2020

ကျွန်တော့်ဆရာ 𝐃𝐫 𝐉𝐨𝐡𝐧 𝐂. 𝐌𝐚𝐱𝐰𝐞𝐥𝐥 ကပြောတယ်။

𝐌𝐨𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧 လုပ်ချင်ကိုင်ချင်စိတ်က သင့်ကို သွားစေပြီး 𝐃𝐢𝐬𝐜𝐢𝐩𝐥𝐢𝐧𝐞 စည်းကမ်းက သင့်ကို ဖွံ့ဖြိုးတိုးတက်စေတယ်။ သင့်ဘဝ 𝐓𝐫𝐚𝐧𝐬𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 ဖြစ်ဖို့အတွက် စည်းကမ်းရှိရှိနဲ့ မှန်မှန်သင်ကြိုးစားလုပ်ဆောင်နေဖို့က အရေးကြီးတယ်။

𝐌𝐨𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧 လုပ်ချင်ကိုင်ချင်စိတ် နှင့် 𝐃𝐢𝐬𝐜𝐢𝐩𝐥𝐢𝐧𝐞 စည်းကမ်းရှိရှိ ရိုးရှင်းပြီး သင်လုပ်ဆောင်လို့ရတဲ့ အချက် (၉) ချက်ကို မျှဝေပေးလိုက်ပါတယ်။ စာရွက်အလွတ်နှင့် ဘောဘန်တစ်ချောင်းယူပြီးမှ ဆက်ဖတ်ရင် သင့်အတွက် ပိုပြီး အကျိုးရှိစေပါတယ်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

၁။ ရည်မှန်းချက် သတ်မှတ်ပါ။

သင့်အနေနဲ့ နောက် (၁၀) နှစ်မှာ ဘယ်လိုအလုပ်မျိုးလုပ်နေရမှာလဲ။ တစ်လ ဝင်ငွေဘယ်လောက်ရှိနေရမှာလဲ။ ဘယ်နေရာမှာ အပန်းဖြေခရီးထွက်ပြီး အနားယူချင်တာလဲ။ သင့်ကျန်းမာရေးဘယ်လိုရှိနေရမှာလဲ။ သင့်မိသားစုနှင့် ဘယ်လိုအခြေအနေရှိနေရမှာလဲ။ ဘယ်လိုအပေါင်းအသင်းတွေနဲ့ သင်ပေါင်းနေလဲ။ ကား၊ ဆိုင်ကယ်၊ ဖုန်း ဘယ်အမျိုးအစားတွေကို သင်သုံးနေပြီး ဘယ်လိုအလှူမျိုးတွေမှာ သင်အလှူအဒါန်းတွေလုပ်နေလဲ။   ဒါတွေအကုန်လုံး သင့်ကိုယ်သင်မေးပြီး စာရွက်အလွတ်မှာ ချရေးထားပါ။

၂။ အရည်အချင်းသတ်မှတ်ပါ။

သင့်ရည်မှန်းချက်ကို သင့်အနေနဲ့ရဖို့ ဘယ်လိုအရည်အချင်း၊ ဘယ်လိုအထောက်အပံ့တွေ ရှိနေရမှာကို  သင်အရင်သတ်မှတ်ပြီး ချရေးပါ။ သင့်ပတ်ဝန်းကျင်မှာ သင့်လိုရည်မှန်းချက် ရပြီးသားသူတွေကို ရှာဖွေပြီး သူတို့မှာ ဘယ်လိုအရည်အချင်းအထောက်အပံ့တွေရှိပြီး သင့်မှာ မရှိသေးတာဘာရှိလဲဆိုတာ ကြည့်ပြီး ချရေးပါ။

၃။ သင့်ကို ဘယ်လိုလူမျိုး မြင်စေချင်တာလည်း သတ်မှတ်ပါ။

နောင် (၁၀) နှစ်မှာ သင့်အကြောင်းကို မှတ်တမ်းတစ်ခုတင်ရမယ်ဆိုပါစို့။ မီဒီယာသမားများက သင့်အကြောင်းကို သင့်ကိုမေးမှာ မဟုတ်ပဲ သင့်မိတ်ဆွေသူငယ်ချင်း သင့်အိမ်းနားချင်းတွေကို မေးတဲ့အခါ သူတို့က သင့်အကြောင်းကို ဘယ်လိုပြောစေချင်တာလဲ။ သင်ချရေးပါ။

၄။ သင် ဘာတွေရပ်တန့်မလဲ။ ဘာတွေ အာရုံစိုက်မလဲ။

သင့်ပတ်ဝန်းကျင်က သင်ပြောစေချင်တဲ့သင့်အကြောင်းကို သူတို့ပြောလာအောင် ဒီနေ့ကစပြီး သင်ဘာတွေကို ရပ်တန့်ကနေ ရပ်ရမလဲ။  သင်က ဘယ်လိုလူမျိုးမဟုတ်ဘူးလဲ။  သင်က ဘယ်လိုလူမျိုးဖြစ်စေရမှာလဲ။ ဘာတွေကို ပြည့်အောင် သင်ဖြည့်ဆည်းနေမလဲ။ ချရေးပါ။

၅။ သင်ထိန်းချုပ်နိုင်တာကိုပဲ အာရုံစိုက်ပါ။

အခြေအနေ၊ အဖြစ်အပျက်၊ ရာသီဥတုအကုန်လုံးက သင်ပြောင်းလဲလို့မရပေမယ့် သင့်ဘဝတိုးတက်အောင် သင်ကိုယ်တိုင် ပြောင်းလဲလို့ရတယ်ဆိုတာ သင်မမေ့ပါနဲ့။ သင်ထိန်းချုပ်လို့မရတဲ့အရာကို သင်အာရုံစိုက်နေမယ်ဆိုရင် သင့်မှာ ရှိနေတဲ့အရာကို သင်စွန့်လွှတ်ရမယ်။  သင်ပတ်ဝန်းကျင်မှာ သင်ထိန်းချုပ်လို့မရတဲ့အရာတွေကို ချရေးပြီး ဒီနေ့ကစပြီး သင်အာရုံမစိုက်ဖို့ ဆုံးဖြတ်ပါ။ 

၆။ သင့်ကိုသင် နေ့စဉ် ဖတ်ပါ။

အထက်က အမှတ်စဉ် (၁) ကနေ (၅) အထိ သင်ချရေးထားတဲ့ သင့်အကြောင်းကို အိပ်ယာထတိုင်း နေ့စဉ် (၂၅) ကြိမ် သင်ဖတ်ပေးပါ။  လူတွေ အနှောက်အယှက်မပေးတဲ့အခန်းလွတ်ကို သင်သွားပြီး မျက်လုံးမှိတ်ပြီး (၁ဝ)မိနစ်လောက် သင်ရည်မှန်းချက်ကို သင်ရနေသကဲ့သို့ မြင်ကြည့်၊ ကြားကြည့်၊ ဝင်ခံစားကြည့်ပါ။ ( အခုလင့်ပါ တီးလုံးကို ဖွင့်ပြီး ဝင်ခံစားကြည့်ရင် ပိုပြီးထိရောက်တယ်။ https://youtu.be/TqmDn2URAvc )  ဒါကို နေ့တိုင်းလုပ်ပါ။

၇။ အခြားသူကို ကတိပေးပါ။

တစ်ပတ်လောက် သင်ဖတ်ပြီး ဝင်ခံစားပြီးရင် သင်ချစ်ရတဲ့သူ၊ သင့်မိသားစု၊ သင်လေးစားရတဲ့ သင့်မိတ်ဆွေ၊ သင့်ဆရာသမားဆီကို သွားပြီး ပြောပြပါ။ သင်ဟာ ဘယ်လိုလူမျိုးဖြစ်အောင်လုပ်မယ်။ ဘယ်လိုလူမျိုးမဟုတ်ဘူးဆိုတာ သူတို့ကို ကတိပေးပါ။ အကြံဉာဏ်တောင်းပါ။ သင့် ရည်မှန်းချက်အတွက် သင်သတ္တိရှိရင် သူတို့ကို ကတိပေးတဲ့အရာတွေ Facebook ပေါ်တင်လိုက်ပါ။

၈။ သင့်ကိုယ်သင် နေ့စဉ် သုံးသပ်ပါ။

ညအိပ်ယာဝင်တိုင်း သင့်ရည်မှန်းချက်အတွက် သင်လုပ်ရမယ့်အလုပ်တွေကို ဒီနေ့ သင်လုပ်ဖြစ်လား။ သင်ရပ်တန့်သင့်တဲအရာတွေကိုရော ဒီနေ့ သင်ရပ်တန့်နိုင်ရဲ့လား။ သင်လုပ်နိုင်ခဲ့ရင် သင့်ကိုယ်သင် အောင်ပွဲခံလိုက်ပါ။ သင်မလုပ်နိုင်ရင် သင်ခန်းစာယူပြီး ဆက်ဝုန်းပါ။

၉။ တိုင်းတာပါ။

နောက် (၆) လ သင့်ရဲ့တိုးတက်မှုအခြေအနေ ဘယ်လောက်ရှိလဲ သင်တိုင်းတာပါ။ သင်ကတိပေးခဲ့တဲ့ သင်ချစ်ရတဲ့သူ၊ သင့်မိသားစု၊ သင်လေးစားရတဲ့ သင့်မိတ်ဆွေ၊ သင့်ဆရာသမားဆီကို သွားပြီး အကဲဖြတ်ခံယူပါ။  သူတို့က လိုအပ်ချက်ဘာတွေရှိလဲ။ ဘာတွေ ထပ်လုပ်သင့်လဲ အကြံတောင်းပြီး သင်ဆက်ဝုန်းပါ။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

အထက်ပါအချက် (၉) ကို သင်တစိုက်မတ်မတ် တစ်ကယ်လုပ်နိုင်ရင် သင်လုံးဝပြောင်းလဲတိုးတက်လာမယ်လို့ ယုံကြည်ပါတယ်။

အကယ်၍ ဒီစာက သင့်အတွက် အကျိုးရှိတယ်ဆိုရင် သင့်မိတ်ဆွေနှင့် သင်ချစ်ရသူတွေအတွက် Like & Share လုပ်ထားနိုင်ပြီး Copy ယူပြီး သင့် Post မှာလည်း လွတ်လပ်စွာ တင်ထားနိုင်ပါတယ်။

ချစ်ခြင်းဖြင့်..💖💝💖
#𝑴𝑻𝑻𝑶_𝑲𝒐_𝑺𝒂𝒌𝒊𝒕
#𝑴𝒐𝒕𝒊𝒗𝒂𝒕𝒊𝒐𝒏𝒂𝒍_𝑺𝒑𝒆𝒂𝒌𝒆𝒓_𝑳𝒊𝒇𝒆_𝑪𝒐𝒂𝒄𝒉 #𝑪𝒆𝒓𝒕𝒊𝒇𝒊𝒆𝒅_𝑵𝑳𝑷_𝑪𝒐𝒂𝒄𝒉_𝑷𝒓𝒂𝒄𝒕𝒊𝒕𝒊𝒐𝒏𝒆𝒓 #𝑪𝒆𝒓𝒕𝒊𝒇𝒊𝒆𝒅_𝑬𝒙𝒕𝒆𝒏𝒅𝒆𝒅_𝑫𝑰𝑺𝑪_𝑷𝒓𝒂𝒄𝒕𝒊𝒕𝒊𝒐𝒏𝒆𝒓
#🅜🅐🅚🅔_🅜🅞🅝_🅢🅣🅐🅣🅔_🅐_🅑🅔🅣🅣🅔🅡_🅟🅛🅐🅒🅔
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

သင့်ဘဝနှင့် သင့်လုပ်ငန်းနယ်ပယ်အသီးအသီးအတွက်

📌 သင့်လုပ်ငန်းကနေ အမြတ်ငွေတိုးတက်ချင်ပါသလား..?

📌 သင့်ကိုယ်သင် ယုံကြည်မှု ပိုတိုးစေလိုပါသလား..?

📌 သင် ဒီထက်ပိုတိုးတက်သင့်တယ်လို့ ယုံကြည်ပါသလား..?

📌 စီးပွားရေးအကြောင်း သင်ဒီထက် ပိုလေ့လာချင်ပါသလား..?

📌သင့်ဘဝဒီထက် တိုးတက်ပျော်ရွှင်အောင်မြင်ချင်ပါသလား..?

သင့်အတွက် အဖြေက “Yes” ဆိုရင် ဒီလအတွင်း ရန်ကုန်က ဆရာနှစ်ယောက်နဲ့အတူ မော်လမြိုင်မှာဖွင့်မယ့် သင်တန်းမှာ သင် တက်ရောက်အဖြေရှာနိုင်ပါတယ်...

https://m.facebook.com/story.php?story_fbid=2547975708811235&id=1635940423348106


No comments:

Post a Comment