Thursday, 15 September 2016

သူရဲကောင်းသုံးယောက်နှင့်ခရီးသည် (ငွေတာရီ)

စုံရိပ်မြိုင်စွယ် ကန္တာလယ်
အိုဘယ်ယောက်ျား ခရီးသွား
ဖော်လည်းမစွယ် တကိုယ်ငယ်
အိုဘယ်လူသား ကြောက်ဘူးလား။
ထိုသို့မေးသော်
ရွှင်အေးကြည်သာ ပြုံးမျက်နှာဖြင့်
အိုဘာကိုထောက် ကြောက်ရမလဲ
သဟဲဖော်ညှိ ‘သတ္တိ’ရှိပြီ
ချစ်သည်သဟာ ‘ဇွဲ’လည်းပါ၍
မကွာထပ်လောင်း ငယ်ကပေါင်းသည့်
ဆွေကောင်း’လုံ့လ’ ဘေးကတူယှဉ်
ပါခဲ့လျှင်သော်
ငါ့တွင်သေချာ အောင်ဖို့ရာတည့်။
ယောက်ျားငါကိုယ် မွက်ဟဆို
ဖော်မလိုပဲ တကိုယ်ထဲ
တော်ပေ့လူမော် ပွဲတိုင်းကျော်
သုံးဖော်ဆွေလည်း တူယှဉ်တွဲသည်
အောင်မြဲမုချ အောင်မည်ပ။ ။

No comments:

Post a Comment