Monday, 30 March 2020
Sunday, 29 March 2020
သွေးအားနည်းရောဂါ
လူတိုင်း အသက်ရှူနေကြရသည်။ ရှူသွင်းလိုက်သည့်လေထဲက အောက်စီဂျင် ကိုသုံးပြီး သွေးကို သန့်အောင်လုပ်ပေးသည်။ သွေးထဲမှာ သွေးနီဥ ရှိတယ်။ သွေးနီဥမှာ အောက်စီဂျင်ကို အသုံးချနိုင်တဲ့ (ဟီမိုဂလိုဘင်) ဆိုသည့် သံဓာတ်ပါသည်။
ထို့ကြောင့် သံဓာတ် နည်းတာကို သွေးအားနည်းတယ် လို့ ယေဘုယျခေါ်နိုင်သည်။ သွေးစစ်ရင် (Hb) (ဟီမိုဂလိုဘင်) နည်းနေသည် လို့ အဖြေထွက်မယ်။ (ဟီမိုဂလိုဘင်) ဟာ ပုံမှန် အားဖြင့် ကလေးများ မှာ ၁၁ မှ ၁၂၊ အမျိုး သမီးများမှာ ၁၁ မှ ၁၂၊ နဲ့ ယောကျာ်းများမှာ ၁၃ မှ ၁၄ g/dl ရှိရပါသည်။
သွေးအားနည်းရောဂါ က တစ်မျိုး မကရှိတယ်။ ခဏတာသွေးအားနည်းခြင်း နဲ့ နာတာရှည်သွေးအား နည်းခြင်း၊ နဲနဲ ဆိုးခြင်းနဲ့ များများ ဆိုးခြင်း ဆိုပြီးရှိသည်။
အသား အရေ ဖြူဖတ်ဖြူရော်ဖြစ်နေတာ၊ မောပန်း လွယ်တာ၊ နှလုံးခုန် မမှန်ဖြစ်တာ၊ အသက်ရှူ မဝဖြစ် တာ၊ ရင်ပတ် နာတာ၊ ခေါင်းမူး တာ၊ ခြေလက် အေးစက် တာ၊ ခေါင်းကိုက် တာ၊ ဒီ လက္ခဏာတွေ ရှိနေ ရင် သွေးအား နည်းနေပြီလို့ သိနိုင်သည်။
အစားအစာထဲ မှာ ပါတဲ့ သံဓာတ် အပြင် အခြားဓာတ်တွေ နဲ့ ပရိုတင်းတွေကို သုံးပြီး (ရိုးတွင်းခြင်ဆီ) က သွေးနီဥ ကို ထုတ်ပေးတယ်။ ဒါ့ကြောင့် အစားအစာ ထဲမှာ ဒီ ဓာတ်တွေ နဲသူများ၊ ဒဏ်ရာ၊ ရောဂါတွေကြောင့် သွေးထွက်၊ သွေးယို၊ သွေးဆင်းသူများဟာ သွေးအားနည်းရောဂါဖြစ်နိုင် ပါတယ်။
လစဉ် ရာသီသွေး ဆင်းနေရတာကို က သွေးအားနည်းစေတယ်။ နောက်ပြီး ကိုယ်ဝန် ရှိရင်၊ မစားနိုင်လို့-မစားတတ် လို့ အာဟာရ နဲသူတွေ၊ အစားအစာ ရွေးလွန်း သူ၊ အရက် ကြာကြာသောက်သူတွေ၊ Celiac Disease နဲ့ Crohn’s Syndrome ဆိုတဲ့ အူရောဂါတွေ ရှိရင်၊ အူကို အရှည်ကြီး ဖြတ်ပြစ်ရသူ၊ နာတာ ရှည် ကျောက်ကပ်၊ အသဲ၊ ကင်ဆာရောဂါတွေရှိရင်၊ ဓါတု အဆိပ်မိ သူတွေဟာ သွေးအားနည်းရော ဂါ ဖြစ်စေနိုင်တယ်။
အေအိုင်ဒီအက်စ်၊ (ရူမတွိုက်) အဆစ်နာရောဂါတွေ ကြောင့်လည်း သွေးအား နည်းနိုင်ပါသေးတယ်။ အများဆုံး ကတော့ သံဓာတ်နဲ သွေးအားနည်းရောဂါဖြစ်တယ်။ Iron deficiency anemia ဖြစ်ရင် သံဓာတ် ပါတဲ့ အစား အစာတွေ ရွေးစား ရပါမယ်။
အစား အမျိုးအစားတွေ ကို ချင့်ချိန်နိုင်အောင် သံဓာတ် ပါတဲ့ ကိန်းဂဏန်းတွေနဲ့ တွဲမှတ်နိုင်ပါတယ်။ အသဲ (၇ဝ)၊ ပဲပုတ် (၅ဝ)၊ တခြားပဲ (၂ဝ-၂၅)၊ တိုဖူး (၂ဝ)၊ ဟင်းနုနွယ် (၂ဝ)၊ အမဲသား (၁ဝ-၂ဝ)၊ ကြက်အသား (၆)၊ ပေါင်မုံ့ (၆)၊ ဝက်သား (၄)။
သွေးအားကောင်း ဘို့ စားဆေး၊ သောက်ဆေး၊ ထိုးဆေးတွေ အလွယ် တကူ ဝယ်ရပါတယ်။ ပုံမှန်သွေး အားနည်းနေ တဲ့ အမျိုးသမီး တယောက် ကို သံဓာတ်ပါ စားဆေး (၃) လကြာ ပေးသင့်တယ်။ အချိန်ကာလ ကြာကြာပေးရ-သောက်ရမှာ မို့ ဈေးချိုတာရှာဝယ်ပါ။
သွေးအား ကောင်းစေတဲ့ဆေးတွေ ကို ဆေး ကုမ္ပဏီတွေက အမျိုးမျိုး ထုတ်တယ်။ Iron တမျိုးထဲ၊ Iron နဲ့ Folic acid တွဲ၊ Vitamin B, C ပါ ရောထားတာလဲ ရှိတယ်။ (အရင်က ဗမာပြည် မှာ ဖြူရာမင် ဘီစီ)။ Ferrous fumarate ဟာ Ferrous sulphate, Ferrous gluconate တို့ထက် သာတယ်။
သံဓာတ်ဆိုတော့ သံချေးနံ့ ရလို တချို့က မကြိုက်ဘူး။ အပေါ်က သကြား အုပ်ဆေးထုတ်တယ်။ ဆေး မမြို တတ် သူတွေ အတွက် ဆေး အရည်ထုတ်တယ်။ တချို့ကြ သံဓာတ် က ဝမ်းချုပ်တတ် လို့ ဝမ်းလွယ်အောင် အစား အစာကို သေခြာ ရွေးစားသင့်တယ်။
သင်္ဘောသီး၊ မန်ကျီးမှည့် ဖျော်ရည်၊ ကန်ဇွန်းရွက်၊ မြန်မာ ဘယဆေးများ ကလည်း အသုံးဝင်လှပါတယ်။ သံဓာတ် ထိုးဆေးဆိုတာ Imferon Iron Dextran Injection ညိုမဲမဲ ခပ်ပြစ်ပြစ်ဖြစ်တယ်။ ဆေးထိုးရင် ဂရုစိုက် ထိုးပေးရတယ်။ လူနာကို အိပ်လျက်နေစေပြီး၊ တင်ပါး အသား ထူထူနေရာ မှာ ခပ်နက်နက် ၄၅ ဒီဂရီစောင်းထိုးပြီး ဆေးထိုး အပ်ကို လမ်းကြောင်းပြောင်း နုတ်ယူရတယ်။
ဆေးထိုးအပ်က သိပ် မကျဉ်းရ-မတို ရဘူး။ ဆေးထိုးပြီး မချေ ရဘူး။ အမဲ ကွက်ဖြစ်နေမှာ စိုးလို့။ Drip ပုလင်းထဲ ဆေးထည့် သွင်း တာလဲ လုပ်နိုင်တယ်။ ဆေးမထိုးခင် ဆေးတည့်-မတည့် လဲ စမ်းရပါမယ်။ တချို့က မတည့်ဘူး။
သံဓာတ် အပြင် (ဖေါလစ်အက်စစ်) Folic acid ခေါ် Folate ခေါ် Vitamin B 9 နဲတဲ့ သွေးအားနည်းရောဂါ ဆိုတာ ရှိတယ်။ သာမန် အချိန်မှာ 400 mcg နို့ တိုက်နေရင် 500 mcg ကိုယ်ဝန် ရှိရင် 600 mcg နေ့စဉ် လိုအပ်ပါတယ်။
Folic acid ပါတဲ့ အစား အစာတွေ ကတော့ ပဲ အမျိုးမျိုး၊ လိမ်မော်သီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ နာနတ်သီး၊ သင်္ဘောသီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ နာနတ်သီး၊ ပဲနို့၊ ဟင်းနုနွယ်၊ မုံညင်း၊ မုံလာအမျိုးမျိုး၊ အာလူး၊ ကြက်သွန် နီပင်စတဲ့ အသီး အရွက်စိမ်းများ၊ အစေ့ အဆံများ၊ နေကြာစေ့၊ မြေပဲ၊ အသဲ-အမြစ်၊ နံနက်စာ အဖြစ် စားလေ့ရှိတဲ့ ကောက်နှံ-ပြောင်း-ပြောင်းဖူးထွက် အစာများ၊ ပေါင်မုံ့၊ ဂျုံမှုံ့၊ ခေါက်ဆွဲ၊ ဆန်တွေဖြစ် တယ်။
Folic acid ဟာ Spina bifida နဲ့ Anencephaly ခေါ် မွေးရာ ပါ ဦးနှောက်-အာရုံကြောရောဂါတွေ ကို ကာကွယ်နိုင် ပါသေးတယ်။
နောက် တမျိုးက ဗီတာမင် ဘီ-၁၂ နဲတဲ့သွေးအားနဲရောဂါ ပါ။ တနေ့ ကို 7 mcg လိုအပ် ပါတယ်။ နဲနေရင် Injection Vitamin 12 ထိုးပေးရမယ်။ များသော အားဖြင့် ထိုးဆေးက ပန်းရောင် ဖြစ်တယ်။ ရာသက်ပန် ထိုးပေးရမှာ လဲရှိတယ်။ B-12 ဟာ သွေး အတွက် သာမက အာရုံကြော အတွက်လည်း အသုံးဝင်တယ်။
ဗီတာမင် ဘီ ၁၂ များ တဲ့ အစားအစာတွေ ကတော့ ခရု၊ အသဲ၊ ကောက်နှံများ (မနက်စာ အဖြစ်စားတဲ့ အစာတွေ)၊ ငါး၊ အမဲသား၊ (ရောဂတ်) ဒိန်ချဉ်၊ နွားနို့၊ ဥ၊ ကြက်သားတို့ ဖြစ်တယ်။ ဆရာဝန်ပေါက်စတွေ ကို ဝါရင့်တွေ က သင်ပေး သလို လူနာတွေ က ဆရာဝန်ကို သင်ပေးတာလဲ ရှိတယ် ။ ဆေးထိုးတဲ့ အခါ ဗီတာမင် ဘီ အုပ်စုကို ထိုးရင် နာတယ်။ ဘီ ၁၂ ကို ထိုးရင် မနာဘူး။
တချို့လူနာ က ဆေး ထိုးတာ မနာ မှ ဒီ ဆရာဝန် လက်ကောင်းတယ် လို့ သတ်မှတ်သလို၊ တချို့ကြ ဆေး က နာလဲ မနာဘူး၊ စွမ်းပုံမရဘူးလို့ ပြောသူလဲရှိတယ်။ ဒါ့ကြောင့် (ဂျီပီ)ကောင်းချင် ရင် လူနာ့ အထာ သိဘို့လိုတယ်။
လူတယောက် မှာ အစဉ် အမြဲ သွေးနီဥ စုစုပေါင်း ၂့၅ ထွီလီယန် ရှိနေတယ်။ စက္ကန့်တိုင်း သွေးနီဥ အသစ်ပေါင်း ၁့၅ မီလီယန် ကို ရိုးတွင်းခြင်ဆီ က ထုတ်ပေးနေပါတယ်။
Bone marrow (ရိုးတွင်းခြင်ဆီ) မကောင်းသူတွေမှာ Aplastic anemia နဲ့ ကင်ဆာနှင့် တူတဲ့ Leukemia (လူကီးမီးယား) သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။ Aplastic anemia ဆိုရင် သွေးသွင်းပေးရတယ်။ bone marrow transplant ခေါ် ရိုးတွင်းခြင်ဆီ အစားထိုးပေးရတယ်။
ဆိုးဝါးတဲ့ သွေးအားနည်းရောဂါတွေဖြစ် လို့ ဝတ္ထုတွေ၊ ရုပ်ရှင်တွေ မှာ ဇာတ်လိုက်ကို ဒီရောဂါရှိတယ် လုပ်ပြီး သေ ခိုင်းတတ်တယ် မဟုတ်လား။
အချို့ဆေးဝါးတွေကြောင့်ဖြစ် ရတဲ့ Hemolytic anemia ဆိုရင် ပေးနေ တဲ့ဆေးဝါးတွေ ကို ဆန်းစစ်ပြီး ရပ်သင့် ရင် ရပ်ပစ်ရမယ်။ (စတီရွိုက်) ဆေး လိုချင်လိုပါမယ်။ Spleen (ဘေလုံး) ထုတ်ချင် ထုတ်ပေး ရမယ်။
Autoimmune disorders ခေါ် ကိုယ့်ကိုယ် ကို ပျက်စီးစေတဲ့ ခံနိုင်ရည် စနစ်ကြောင့် ဖြစ်ရတာ ဆိုရင် Immune-suppressing medications ဆေးတွေ ပေးရတယ်။
Sickle cell anemia, Thalassemia, Diamond Blackfan anemia, Fanconi anemia တို့ကတော့ မျိုးလိုက် ရိုးလိုက် ဖြစ်တယ်။ Sickle cell anemia လူနာ အတွက် အောက်စီဂျင်ပေးဘို့ လိုနိုင်တယ်။ အိပ်ပေါက် နဲ့ ဖါးကောက်သလို မဖြစ်အောင် သွေးအားနည်း တာဟာ သွေးဆင်း-သွေးထွက် များနေ လို့ဖြစ်ရင် အကြောင်းရင်း ကိုလည်း ကုသပေးရပါမယ်။
လိပ်ခေါင်း ကသွေးယို တာ၊ ရာသီဆင်း များတာ၊ သွားဖုံး-နှာခေါင်းက သွေးယို တာတွေပြောတာပါ။ အစာလမ်း ကနေ မသိမသာ သွေးယိုဖန် များပြီး၊ ရက်တွေ၊ လတွေကြာ မှ သွေးအား အလွန် နည်းနေ တာမျိုး ဖြစ်တတ်တယ်။ ဝမ်းသွားတဲ့ အထဲပါတဲ့ သွေးကို မျက်စိနဲ့ မမြင်နိုင် လို့ ဝမ်းစစ်မှ တွေ့နိုင်တယ်။ ငှက်ဖျားကြောင့် သွေးအားနည်း သူတွေ မနဲမနောရှိတယ်။
သွေးအားနည်းရောဂါကြောင့် နောက်ဆက် တွဲရောဂါတွေ ဖြစ်လာနိုင်တယ်။ အားအင် ကုန်ခမ်း မောပမ်း လွယ်မယ်၊ နှလုံးက ပိုပြီး ခုန်ရ လို့ Arrhythmia နှလုံးခုန် မမှန်ရောဂါ ဖြစ်လာနိုင်တယ်။ congestive heart failure နှလုံး အရွယ်ကြီး လာနိုင်တယ်။ သွေးဖိအား ကျပြီး အသက်ဆုံးသွားနိုင်တယ်။
Anemia သွေးအားနဲ တာနဲ့ Blood Pressure (ပရက်ရှာ) နဲတာ မတူတာ ကို ခွဲသိထားစေချင်တယ်။ ခု ချက်ချင်းကြီး သွေးယို-သွေးဆင်း သူကို သွေးဖိ အားခေါ်တဲ့ (ပရက်ရှာ) တိုင်းရင်တော့ နဲနေတာ ကို တွေ့ ရမယ်။ ရက်ကြာကြာ သွေးအား နဲနေသူကို (ပရက်ရှာ) တိုင်းရင် ပုံမှန်ဖြစ်နေမယ်။
ဒါ့ကြောင့် BP ကောင်းပေမဲ့ သွေးအားနဲနေနိုင်တယ်။ ဘာ့လို့လဲ ဆိုတော့ သွေးဖိအား ဆိုတာ သွေးထု ထည် နဲ့ ဆိုင်တာ။ လူတိုင်း သွေး ထုတည် ၅ လီတာ အမြဲရှိနေတာ။ ရက်ရှည် သွေးအားနဲ သူတွေလဲ ၅ လီတာပေမဲ့ သွေးက ကျဲနေလို့ ရေရောထား တဲ့ဆေးတို့၊ အရက်တို့ လို အာနိသင်နဲနေရတယ်။
ဒါ့ကြောင့် ကာလရှည်ကြာ သွေးအားနဲနေသူ ကို သွေး မသွင်းဘဲ၊ တခြား D5, NS, DNS, RL သွင်းဆေးတွေ သွင်းပေး တာ အကြောင်း မထူးဘူး။ ဆီးပိုသွားတာဘဲ ရှိမယ်။
Blood Transfusion သွေးသွင်း ကုသခြင်းဟာ အရေးပေါ်နဲ့ ဆိုးဝါး တဲ့ သွေးအားနည်းရောဂါတွေ အတွက် အသက်ကို ကယ်နိုင်တယ်။ သွေးနီဥ ဆိုတာ ရက် ၉ဝ-၁၂ဝ သာ အသက်ရှည်ပြီး အသစ် ထပ်ထပ် ဖြစ်နေ ကြ တာ။ ဒါ့ကြောင့် သွေးလှူရှင် တဦးဟာ ရက် ၁၂ဝ ဒါမှ မဟုတ် ၄ လတခါ (သွေးလှူဘဏ်က လက်ခံ ရင်) စိတ်ချ လက်ချ လှူနိုင်ပါတယ်။
သွေးအားနည်းရောဂါ ကို ပညာတော့ ပေးနိုင် ပါရဲ့၊ (ရဖြူဂျီ) လူနာတွေက အာဟာရလဲ စုံအောင် မစားနိုင် ၊ ဆေးလဲ အပြင်က မဝယ်နိုင်ကြပါ။ ဆေးခန်း ကနေလဲ တခါ လာမှ ၂ ရက်စာ ကနေ ၅ ရက် စာထက် ပို မပေးနိုင်ပါ။ စားနိုင်-သောက်နိုင်-ဝယ်နိုင်တဲ့ ဘဝကို မြန်မြန်ကြီး ရောက်ကြပါစေ။
Credit : Dr Tint Swe
အရင်းအမြစ်
သွေး Blood
သွေး ကို လူတိုင်း ကြီးကြီးငယ်ငယ် မြင်ဖူးကြ၏။ ကျွန်ုပ်တို့၏ခန္ဓာကိုယ် အရေပြားကိုခြစ်မိသည့်အခါဖြစ်စေ၊ ဓားရှမိသည့်အခါဖြစ်စေ ယိုထွက်လာသော နီမြန်းသည့်ခပ်စေးစေး အရည်သည် သွေးပင်ဖြစ်သည်။ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းသည် အစာအတွက်သွေးကိုအမှီပြုနေ ရ၏။ ပေါင်တစ်ရာ အလေးချိန်ရှိသော ကျန်းမာသောလူတစ်ယောက်တွင် သွေးခုနစ်ပေါင်ကျော်ခန့်ရှိ၏ သွေးထဲတွင်ရှိသော ကုဋေတစ်သိန်းကျော် အရည်အတွက်ရှိသော ဆဲလ်တို့သည် နေ့စဉ်ပျက်၍နေ့စဉ် ဖြစ်ပေါ်လျှက်ရှိကြသည်။
လူ့ခန္ဓာကိုယ်တွင်ရှိသော အရည်များအားလုံးသည် သွေးကိုဖြတ်သန်းသွား၍လူတစ်ကိုယ်လုံးတွင်ရေသည် ဆယ်ပုံပုံ ကိုးပုံကျော်ကျော်ခန့်ရှိသည်။ သို့ပင်များသော်လည်း သွေးကား တစ်ကွတ်ဝင်ပုလင်းနှင့်ငါးပုလင်းမှ ခြောက်ပုလင်းအထိ မှန်မှန်ရှိအောင်ပြုပြင်ထိန်းသိမ်းသွားနိုင်သည်။ သွေးသည်ပလာစမာခေါ် အရည်ထဲတွင်ပေါလောမျှောနေသော အလွန်များပြားသည့် ဆဲများအဖြစ်ဖြင့်ရှိကြသည်။ သွေးတစ်ဝက်လောက်သည် ဆဲများဖြစ်ကြသည်။ သွေးတွင်ရှိသောဆဲများကိုစုစည်းလိုက်လျှင်အသည်းလောက်ကြီး သည်အစိုင်အခဲတစ်ခုဖြစ်လာနိုင်သည်။
ဤဆဲများသည် အလွန်သေးငယ်ရကား ဆဲပေါင်း ၆ဝဝဝဝလောက်ကို တွယ်အပ်ထိပ်တွင်တင် ထားနိုင်ဖွယ်ရာရှိသည်။ သွေးတစ်ကုဗမီလီမီတာတွင် သွေးနီဆဲများလေးသန်းမှ ခြောက်သန်းအထိ တွေ့နိုင်သည်။ ယောက်ျားများတွင်မိန်းမများမှာထက် သွေးနီဆဲများပိုရှိကြသည်။
ဤဆဲများတွင်သံဓာတ်နှင့် ပရိုတင်းဓာတ်ပါသော ဟီမိုဂလိုဗင်ခေါ်သည့်အရာများပါရှိလျက်ရှိသည်။ ဟီမိုဂလို လိုဗင်ပါရှိသောကြောင့် သွေး၏အရောင်သည်နီ၏။ ဆဲအနီများသည်အဆုတ်မှ အောက်ဆီဂျင်ဓာတ်ကိုယူ၍ တစ်ကိုယ်လုံးသို့ပျံ့နှံ့စေ၏။ ထိုနောက်တစ်ကိုယ်လုံးမှ မကောင်းသောကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကိုယူပြီးလျှင် အဆုတ်သို့ပြန်ပို့ပြန်သည်။ အောက်ဆီဂျင်ဓာတ် သယ်ယူသွားသောသွေးများ၏ အရောင်သည်တောက်ပသော အနီရောင်ရှိ၍ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် သယ်ယူသွားသောသွေး၏ အရောင်မှာခရမ်းရောင် သန်းလျက်ရှိသည်။
သွေးတစ်ကုဗမီလီမီတာတွင် သွေးဖြူဆဲများလည်း ငါးထောင်မှတစ်သောင်းထိရှိနေကြသည်။ ဤသွေးဖြူဆဲများသည်ခန္ဓာကိုယ်ကို ရောဂါပိုးကျရောက်ခြင်းမှ ကာကွယ်၏။ ယင်းတို့သည်ဗက်တီးရီးယားများကိုဝါးမျိုပြီးနောက် ပြည်တည်နာနှင့်အနာစိမ်းတို့တွင် တွေ့ရသောပြည်အဖြစ်သို့ ပြောင်းလည်းသွားလေသည်။ ခန္ဓာကိုယ်ထဲသို့ဗက်တီးရီးယားများဝင်ရောက်လာသည့်အခါတိုင်း သွေးဖြူ ဆဲလ်များ အမြောက်အမြားတိုးတက်လာကြသည်။
အဆုတ်ရောင်ရောဂါဖြစ်သည့်အခါသွေးဖြူဆဲများသည် တစ်ကုဗမီလီမီတာတွင် နှစ်သောင်းအထိ တိုးတက်လာနိုင်ကြသည်။ သွေးထဲတွင် ဤသွေးဖြူဆဲ များအပြင် သွေးဥမွှားများလည်းရှိသေးသည်။ သွေးတစ်ကုဗမီလီမီတာတိုင်းတွင်သွေးဥမွှားများနှစ်သိန်းငါးသောင်းမှ သုံးသိန်းအထိရှိသည်။ သွေးခဲသွားခြင်းများသည် ဤသွေးဥမွှားများကြောင့်ဖြစ်သည်။ သွေးတစ်ကုဗမီလီမီတာတွင် သွေးဥမွှားများနှစ်သိန်းငါးသောင်းထက်နည်းနေလျှင် သွေးသည် အလွယ်တကူနှင့်မခဲနိုင်ချေ။ သွေးတွင်ပါသောပလာစမာအရည်သည် ဤသွေးဆဲများနှင့်အခြားအရာများကိုပါသယ်ဆောင် ယူသွားသည်။ ပရိုတင်းများလည်း ပလာစမာတွင်ရှိကြသည်။ အယ်လဗျူမင်၊ ဂလိုဗျူလင်၊ နှင့်ဖိုင်ဗရင်နိုဂျင်များသည် အလွန်အရေးကြီးသော ရိုတင်းများဖြစ်ကြသည်။
ယင်းတို့အနက်ဖိုင် ဗရင်နိုဂျင်သည်သွေးကိုခဲစေနိုင်၏။ ရောဂါပိုးများကို ဖျက်ဆီးပစ်နိုင်သော ပတိပစ္စည်းများကို လည်းသွေးပလာစမာတွင်တွေ့ရသည်။ အူများမှစုဆောင်းထားသောအစာနှင့်ရေများ၊ ဂလင်းအိတ်များ မှထုတ်သော ဟော်မုန်းများကိုလည်း သွေးပလာစမာများက သယ်ဆောင်ယူသွားသည်။ ပလာစမာသည် ကိုယ်တွင်းမှစွန့်ပစ်သော အညစ်အကြေးကိုလည်း ကျောက်ကပ်များသို့ သယ်ဆောင်သွားပြီးလျှင် ထိုမှပြင်ပသို့ထုတ်လိုက်သည်။ ပလာစမာသည်အနည်းငယ်ငန်သည်။
သွေးသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ လှည့်ပတ်သွားနေရမည်ဖြစ်သည်။ နှလုံးသည်ရေစုပ်စက်ကဲ့သို့ သွေးကိုလှည့်လည်စေသည်။ သွေးသည် သွေးလွှတ်ကြော၊ သွေးပြန်ကြောနှင့်သွေးကြောမျှင်များဖြင့်ခန္ဓာကိုယ်အတွင်း လှည့်လည်လျက်ရှိရာ နှလုံးသည် ထိုသွေးများကို အလွန်လျှင်မြန်စွာသွားနေစေရကား ခန္ဓာကိုယ်အတွင်းရှိ သွေးအားလုံးသည် နှလုံးကိုနှစ်မိနစ်၊ သုံးမိနစ်တိုင်းဖြတ်သန်းသွားရ၏။ သွေးဆဲလ်တစ်ခုသည် နှလုံးကိုစက္ကန့်နှစ်ဆယ်တွင် လှည့်ပတ်သွားနိုင်သည်။ သို့ဖြင့်တစ်နာရီတစ်နာရီလျှင် စည်ခြောက်စည်စာလောက်နှင့် ညီမျှသော သွေးများသည် နှလုံးကိုဖြတ်သန်းလျက် ရှိနေလေသည်။
သွေးလှည့်ပတ်သွားရာ၌ သွေးကြောတစ်စုသည် သွေးကိုနှလုံးမှ အဆုတ်သို့ ယူသွားပြီးလျှင်တစ်ဖန် နှလုံးသို့ပြန်ယူလာ၏။ယင်းသို့ယူသွားရာ၌သွေးတွင် အောက်ဆီဂျင်ပြည့်လာ၍ ကာဗွန်ဒိုင်အောက်ဆိုက်ဖြစ်သော အညစ်အကြေးများကို ထုတ်ပစ်လိုက်သည်။ အခြားသွေးကြော တစ်စုက နှလုံးမှ အောက်ဆီဂျင်အပြည့်ရလာသောသွေးကို ခန္ဓာကိုယ်အခြား အစိတ်အပိုင်းများသို့ယူသွားသည်။ အခြား သွေးကြောတစ်စုက သွေးကို အသည်းသို့ဖြတ်ယူသွားရာ အသည်းတွင်ဓာတ်ပြောင်းမှုများ ဖြစ်ပေါ်လေသည်။ သွေးမှ သကြားကိုထုတ်ယူပြီးလျှင် နောင်အသုံးပြုရန်အတွက် အသည်းတွင် သိုလှောင်ထား၏။ အညစ်အကြေးများသည် ဆီးအဖြစ်သို့ပြောင်းလည်းသွားပြီးလျှင်ကျောက်ကပ်မှ တစ်ဆင့်အပြင်သို့ ရောက်သွားလေသည်။
သွေးသည်လူ၏ခန္ဓာကိုယ်အပူချိန်ကို ၉၈.၆ ဒီဂရီ ဖာရင်ဟိုက်အနေ၌ အမြဲရှိနေရန်ပြုလုပ်လျက်ရှိသည်။ ဤ ၉၈.၆ ဒီဂရီဖာရင်ဟိုက်ကား ကျန်းမာသော လူတစ်ယောက်၏ ကိုယ်အပူချိန်ပင်ဖြစ်သည်။ သွေးသည်ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းအတွက် အလွန်အရေးကြီးရကား တစ်နေရာရာမှသွေးကို တစ်နာရီလောက်ပိတ်ထားလိုက်လျှင် ထိုအစိတ်အပိုင်းသည်သေသွားနိုင်၏။ ဦးနှောက်မှသွေးအသွားကို ပိတ်ထားလိုက်လျှင်လူသည် ချက်ချင်းဆိုသလိုသတိမရဖြစ်သွားပြီးလျှင်မကြာမီ အတွင်းလူလည်း သေသွားလေသည်။ ခန္ဓာကိုယ်မှ သွေးများသုံးပုံတစ်ပုံ ကျော်ကျော်လောက်ရုတ်တရက် ထွက်သွားခဲ့လျှင်လည်း လူသေနိုင်လေသည်။
လူ၏သွေးများသည် တစ်ဦးနှင့်တစ်ဦးမတူကြချေ။ သွေးအစုကြီးလေးစုရှိကြောင်းကားလန်းစတိုင်းနားဆိုသူရှာဖွေ တွေ့ရှိခဲ့သည်။ သွေးတစ်ဦးနှင့်တစ်ဦးမတူကြခြင်းမှာ အချို့၏သွေးပလာစမာများ တွင်အခြားလူတစ်ဦး၏ သွေးနီဆဲများကို စုပေါင်းခဲသွားစေသော အရာများ ပါရှိခြင်းကြောင့်ဖြစ်သည်။ ဤသွေးမတူခြင်းမှာ သွေးကူးသည့်ကိစ္စများတွင် အလွန်ပင်အရေးကြီးပေသည်။ အဘယ်ကြောင့်ဆိုသော် အပြင်မှလူတစ်ယောက်၏သွေးသည် အသက်ရှင်လျက်ရှိသောလူ၏ သွေးနှင့်ရော၍ သွေးချင်းမတူသည့်အခါစုပေါင်းခဲသွားပြီးလျှင်သေစေနိုင်သည်။
အစုကြီးလေးစုကို O,A,B,Eနှင့်AB စုဟူ ၍ခေါ်သည်။ O အစုဝင် သွေးမျိုးကိုမည်သည့်အစုဝင်သွေးမျိုးရှိသောသူအားမဆို မခဲဘဲ သွေးကူးပေးနိုင်သည်။ သို့သော် O အစုဝင် သွေးမျိုးရှိသောလူတစ်ယောက်ကို O အစုဝင်သွေးမျိုးမှတစ်ပါး အခြား မည်သည့်အစုဝင်သွေးမျိုးကိုမှ သွေးကူးမပေးနိုင်ချေ။ AB အစုဝင်သွေးမျိုးကို အခြားသွေးလေးစု မျိုးရှိသောလူအား သွေးကူးပေးလိုက်လျှင် သွေးခဲမှု ဖြစ်နိုင်သည်။[၁]
သွေးကို အစားထိုးလို့ရတဲ့အရာ မပေါ်သေးပါဘူး။
သွေးဟာ လူ့ကိုယ်ခန္ဓာအလေးချိန်ရဲ့ ခုနစ်ရာခိုင်နှုန်းနီးပါး ရှိပါတယ်။
သွေးဟာ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကို သယ်ဆောင်ပေးပါတယ်။
သွေးဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အညစ်အကြေးဓာတ်များကို စွန့်ထုတ်ဖျက်ဆီးစေဖို့အတွက် အဆုတ်၊ ကျောက်ကပ်နဲ့ အသည်းတွေဆီကို သယ်ဆောင်ပေးသွားပြန်တယ်။
သွေးဟာ ရောဂါတွေကို တိုက်ထုတ်ပေးပြီး ဒဏ်ရာတွေ အနာတွေ ကျက်စေဖို့ ကူညီပေးသေးတယ်။
အေ၊ဘီ၊ အေဘီ၊ အို ဆိုပြီးတော့ အဓိက သွေးအမျိုးအစားအုပ်စုကြီး လေးခုရှိပါတယ်။
သွေးအမျိုးအစားတိုင်းမှာ မျောက်သွေးလို့ခေါ်တဲ့ RH အပေါင်း အနုတ် ဆိုတာလည်း ရှိပြန်သေးတယ်။
သွေးထဲမှာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားနဲ့ သွေးရည်ကြည်ဆိုပြီး အဓိက ၄ မျိုး ပေါင်းစပ်ပါဝင်နေတယ်။
သွေးဖြူဥဟာ သွေးဆဲလ်ထဲမှာ အကြီးဆုံးပါပဲ။ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ဖို့ တာဝန်ယူပေးထားပါတယ်။ သွေးဖြူဥတွေရဲ့ သက်တမ်းဟာ တိုလွန်းလှပါတယ်။ ရက်အနည်းငယ် ဒါမှမဟုတ် တစ်ပတ်လောက်ပဲ သက်တမ်းရှိပါတယ်။ သွေးစက်လေးတစ်စက်မှာ သွေးဖြူဥဆဲလ်ပေါင်း ခုနစ်ထောင်ကနေ နှစ်သောင်းခွဲအထိ ရှိတတ်ပါတယ်။ ကိုယ်ထဲကို ဝင်လာတဲ့ ရောဂါပိုးက ပြန်လည်ခုခံတယ်ဆိုရင် သွေးဖြူဥဆဲလ် အရေအတွက် ဒီထက်မက များပြားလာတတ်ပါတယ်။
သွေးနီဥဟာ သွေးပမာဏရဲ့ ၄၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကို အဓိက သယ်ဆောင်ပေးပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်တွေကို အဆုတ်ကို ပြန်လည် သယ်ယူပေးပြန်တယ်။
သွေးဥမွှားက အသေးငယ်ဆုံး သွေးဆဲလ်လေးတွေပါ။ သွေးပမာဏရဲ့ ၅ ရာခိုင်နှုန်းက ၇ ရာခိုင်နှုန်းအထိဟာ သွေးဥမွှားလေးတွေပါ။ သွေးဥမွှားတွေက ဒဏ်ရာ အနာတရဖြစ်တဲ့အခါမှာ သွေးခဲစေပြီး သွေးယိုထွက်ခြင်းကို လျှော့ချပေးပါတယ်။
သွေးရည်ကြည်က စေးကပ်ကပ်ရှိလှတဲ့ အဝါရောင်ဖျော့ဖျော့ အရည်လေးပါ။ သွေးပမာဏ စုစုပေါင်းရဲ့ ၅၅ ရာခိုင်နှုန်းဟာ သွေးရည်ကြည်တွေပါ။ သွေးရည်ကြည်ထဲမှာ ရေဓာတ်၊ ဆားဓာတ်နဲ့ ပရိုတင်းဓာတ်တွေ ပေါင်းစပ် ပါဝင်နေပါတယ်။ သွေးရည်ကြည်ရဲ့ ၉၅ ရာခိုင်နှုန်းက ရေတွေပါ။ ကျန်တဲ့ ၅ ရာခိုင်နှုန်းက ဟိုမုန်းဓာတ်တွေ၊ ဆားဓာတ်နဲ့ ပရိုတင်းဓာတ်တွေပေါ့။
သွေးနီဥဟာ လူ့ခန္ဓာကိုယ်ထဲမှာ ရက်ပေါင်း ၁၂၀ အထိ သက်တမ်းရှိပါတယ်။
သွေးနီဥကို သာမာန်အခြေအနေမှာ ၄၂ ရက်တိတိ သိုလှောင်ထားလို့ရပါတယ်။
အေးခဲထားတဲ့ သွေးနီဥတွေဆိုရင် ၁၀ နှစ်နဲ့ အထက် သိမ်းထားလို့ရပါတယ်။
သွေးဥမွှားကတော့ ၅ ရက်အတွင်း အသုံးပြုရပါတယ်။
သွေးဥမွှားကို သွေးကင်ဆာနဲ့ တခြားကင်ဆာရောဂါတွေရဲ့ သွေးသွင်းကုသမှုမှာ အသုံးပြုပါတယ်။
သွေးရည်ကြည်ဟာ သွေးပေါင်ချိန်ကို ထိန်းတဲ့နေရာမှာ ကူညီပေးပါတယ်။ သွေးဆဲလ်တွေ၊ ဟိုမုန်းဓာတ်တွေ၊ အင်ဇိုင်းတွေကိုလည်း သယ်ဆောင်ပေးပါတယ်။ သွေးခဲစေဖို့အတွက်နဲ့ ကိုယ်ခံအားစနစ်အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်ကိုလည်း သယ်ဆောင်ပေးပါတယ်။
အေးခဲထားတဲ့ သွေးရည်ကြည်ဟာ ၁ နှစ်တိတိ ထားလို့ရပါတယ်။
လူရဲ့သွေးထဲမှာ ပါဝင်တဲ့ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားနဲ့ သွေးရည်ကြည်တွေကို ရိုးတွင်းခြင်ဆီကနေ သဘာ၀အလျှောက် ထုတ်လုပ်ပေးတာပါ။
အရင်းအမြစ်
Subscribe to:
Posts (Atom)