၁. သကြားက နှလုံးကို ဒုက္ခပေးတတ်တယ်။
American Heart Association ရဲ ့ အဆိုအရ သကြားလွန်ကဲစွာ စားသုံးခြင်းကြာင့် နှလုံးညှစ်ခြင်းကို ထိခိုက်နိုင်ပြီး နှလုံးညှစ်အားနည်းရောဂါ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
၂. သကြားက အဓိကအားဖြင့် ဗိုက္ကို ရွှဲစေပါတယ်။
သကြားစားသုံးမှု များတဲ့အတွက်ကြောင့် ကိုယ်ခန္ဓာထဲက ကလီစာတွေ အဆီများလာပြီး ဗိုက်ရွှဲစေပြီး နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေလည်း ဖြစ်စေပါတယ်။
၃. သကြားက တကယ့်ကို အသံတိတ္လူသတ်သမားပါ။
ဆားနဲ့ သွေးတိုးရောဂါတွေနဲ့အပြိုင် သကြားက လူတွေကို သတ်ပါတယ်။ လူ့ကိုယ်ခန္ဓာမှာ အစားစားတဲ့အခါ Leptin ဓာတ္က အာသာပြေတဲ့စိတ်ကို ဖြစ်စေပါတယ်။
leptin resistance ရတဲ့အခါ စားပြီးရင်း စားချင်ရင်းမို့ အ၀လွန်စေပါတယ်။ ၀လှနျးတဲ့အခါ ဘာမြမသိပဲ ရောဂါတွေကိုရလာပြီး လူကို သေစေပါတယ်။
၄. သကြားကြောင့် ကင်ဆာပိုဖြစ်စေပြီး၊ ကင်ဆာကြောင့် သေနှုန်းကိုလည်း များစေပါတယ်။
အူထဲမြာ သကြားဓာတ်တွေများရင် -catenin ဆိုတဲ့ဓာတ်တစ်မျိုးထွက်လာပြီး ကင်ဆာဖြစ်ပွားမှုကို အားပေးပါတယ်။ ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာလိုရောဂါတွေမှာ သကြားစားတာ များတဲ့လူတာတွေရဲ ့ သေနှုန်းက ပိုပြီးများပါတယ်။
၅. သကြားကြိုက်တာ မျိုးရိုးလိုက်တတ်ပါတယ်။
Ghrelin ဓာတ်များတဲ့ သူတွေဟာ သကြားနဲ့ အရက္ကို ပိုစွဲတတ်ပါတယ်။ Ghrelin ဓာတ္က ကိုယ်ခန္တာကို ဆာလောင်စေပါတယ်။
၆. သကြားနဲ့ အရက်ဟာ အသည်းကို ဒုက္ခပေးတာ အတူတူပါပဲ။
အရမ်းမ၀တဲ့ လူတွေမှာတောင် သကြားက အရက်နဲ့အလားတူ အသည်းကို ပျက်စီးစေပါတယ်။ သကြားနဲ့ အရက္ကို ကိုယ်ခန္ဓာက ချေဖျက်ရတဲ့ နည်းလမ်းတွေက အတူတူပါပဲ။
၇. သကြားက ဦးနှောက်ကို ဒုက္ခပေးပါတယ်။
လွန်ကဲတဲ့သကြားဓာတ်က ကိုယ်ခန္ဓာက ဆဲလ်တွေကို အိုမင်းစေပါတယ်။ သကြားအရမ်းစားတဲ့ လူတွေမှာ သတိမေ့ခြင်း၊ ဦးနှောက်အားလျော့ခြင်းတွေ ပိုပြီး ဖြစ်တတ်ပါတယ်။
၈. သကြားဓာတ်က နေ့စဉ် စားသုံးစရာတွေထဲမှာ ပြည့်နေခြင်း
သွားရည်စာတွေ အချိုရည်တွေထဲမှာ သကြားတွေ အများကြီးပါပါတယ်။ ဥပမာ-Coke တစ်ဘူးမွာ သကြား ၁၀ ဇွန်းလောက်ပါ၀င်ပါတယ်။
၉. သကြားလွန်ကဲစွာ စားသုံးမှုကြောင့် အသက်တိုနိုင်ပါတယ်။
၂၀၁၃ စစ်တမ်းတစ်ခုအရ ကမ်ဘာ့တ၀န်းမှာ တစ်နှစ်ကို ၁၈၀၀၀၀ လောက် သကြားစားသုံးမှု လွန်ကဲလို့ သေကြေကြရပါတယ်။ ဆီးချို၊ နှလုံးနဲ့ ကင်ဆာရောဂါတွေကြောင့် သေကြရတာ ဖြစ်ပါတယ်။
၁၀. သကြားကြောင့် အ၀လွန်စေပါတယ်။
ဒီအခ်က္က လူတိုင်း သိကြပါတယ်။သကြားစားပြီးရင် ဗိုက်ပြည့်တယ်မရှိပါဘူး။ အဲဒါကြောင့် အချိုတွေ စားပြီးရင် အစားကို ထပ်ပြီး စားစေချင်စိတ် ဖြစ်စေပါတယ်။
Source: thutazone
အရင်းအမြစ်
Saturday, 28 March 2020
သကြားရဲ့ဆိုးကျိုး (၁၀) မျိုး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment