Sunday, 29 March 2020

တန်ဆေးလွန်ဘေး ဆိုတဲ့ ဘာမီတွန်


ဘာမီတွန်ကို ဓာတ်မတည့်မှုတွေ၊ အရေပြားမှာ အဖုအပိမ့်တွေထွက်တာတွေအတွက်အသုံးပြုကြတာပါ။

ဘာမီတွန်ကို အရေပြားမှာ အင်ပျဉ်တွေထွက်တဲ့အခါ၊ ဓာတ်မတည့်မှုကြောင့် ဖြစ်တဲ့ အသက်ရှုရခက်တာ၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ နဲ့ လည်ပင်းတွေမှာ ဓာတ်တည့်မှုကြောင့်ဖြစ်လာတဲ့ ရောင်ရမ်းမှုတွေကို သက်သာစေဖို့အတွက် အသုံးပြုလို့ရတဲ့ ဆေးတစ်မျိုးပေါ့။

 

သောက်သုံးနိုင်တဲ့ပမာဏ

ဆေးဝါးတစ်ခုခုကိုသောက်သုံးတဲ့အခါ ဆေးညွှန်းအတိုင်း အတိအကျသောက်ဖို့က အရေးကြီးပါတယ်။ ဒီလိုမှပဲ မလိုအပ်တဲ့အန္တရာယ်တွေကနေ ကာကွယ်နိုင်မှာပါ။ ဘာမီတွန်သောက်မယ်ဆိုရင်တော့ – အသက် ၁၂ နှစ်အထက်ဆိုရင် 4 mg ဆေးပြားကို ၄ နာရီခြား ကနေ ၆နာရီခြား တစ်လုံးစီသောက်နိုင်ပါတယ်။ တစ်နေ့ကို ၆ လုံးထက်တော့ ပိုမသောက်သင့်ပါဘူး။ အသက် ၆၅ နှစ်အထက်ဆိုရင်တော့ 12 mg ဆေးပြားကို တစ်နေ့ကို ၃ လုံးပဲသောက်သင့်ပါတယ်။

 

အသက် ၂ နှစ် ကနေ ၅ နှစ်အတွင်းဆိုရင် 1 mg ဆေးပြားကို ၄ နာရီခြား ကနေ ၆နာရီခြား တစ်လုံးစီသောက်နိုင်ပါတယ်။ တစ်နေ့ကို ၆ လုံးထက်တော့ ပိုမသောက်သင့်ပါဘူး။ အသက် ၁ နှစ်ကနေ ၂ နှစ်အရွယ်ကလေးငယ်တွေဆိုရင်တော့ 1 mg ဆေးပြားကို တစ်နေ့ကို မနက်တစ်ကြိမ် ညတစ်ကြိမ် ၂ ကြိမ်သာတိုက်သင့်ပါတယ်။

သတိထားရမယ့်နောက်တစ်ချက်က အရေပြားဓာတ်မတည့်တာဖြစ်ဖြစ် ဓာတ်မတည့်တာတစ်ခုခုကြောင့်ဖြစ်ဖြစ် ဘာမီတွန်ကိုသောက်နေရတယ်ဆိုရင်လည်း အမာျးဆုံးအချိန်အတိုင်းအတာအနေနဲ့ ၇ ရက်အထိပဲ ဆက်တိုက်သောက်သင့်ပါတယ်။ ၇ ရက်ကျော်တဲ့အထိမှ ရောဂါအခြေအနေသက်သာလာတာမရှိဘူးဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ပါ။ ဘာမီတွန်က အချိန်အကြာကြီးစွဲသောက်ဖို့ မသင့်တော်ပါဘူး။

 

တန်ဆေးလွန်ဘေး

ဆေးဝါးတိုင်းက တန်ဆေးလွန်ဘေးဆိုသလိုပါပဲ။ အလွန်အကျွံသောက်ရင် အန္တရာယ်များပါတယ်။ ဘာမီတွန်ကို အတိုင်းအဆမှန်မှန်သောက်သုံးမယ်ဆိုရင် ရောဂါတွေကို သက်သာစေမှာမှန်ပေမယ့် အများကြီးသောက်မယ်၊ အချိန်ကြာမြင့်စွာသောက်မယ်ဆိုရင်တော့ အခုလိုမျိုး ပြဿနာတွေခံစားရနိုင်ပါတယ်။ နှလုံးခုန်မြန်လာမယ် ၊ စိတ်အခြေအနေတွေပြောင်းလာမယ် ၊ တက်မယ် ၊ အသက်ရှုတာ ပြတ်တောင်းပြတ်တောင်းဖြစ်လာမယ် ၊ ဆီးသွားနည်းတာ၊ ဆီးလုံးဝမသွားတာမျိုးဖြစ်လာမယ် ၊ ခေါင်းထဲက ညီးစီစီဖြစ်လာမယ် ၊ မူးလာမယ် ၊ ခံတွင်းခြောက်လာမယ် ၊ နှာခေါင်းနဲ့လည်ချောင်းတွေခြောက်လာမယ် ၊ ဝမ်းချုပ်မယ် ၊ အမြင်အာရုံတွေဝေဝါးလာမယ် ၊ အာရုံကြောထိခိုက်မယ် ၊ စိတ်ဂနာမငြိမ်ဖြစ်လာမယ် ၊ ဒါတွေတင်မကပါဘူး။

 

ဘာမီတွန်ကို အများကြီးသောက်လိုက်မယ်ဆိုရင် သူငယ်အိမ်ကျယ်လာမယ်၊ မျက်နှာတွေနီရဲလာမယ်၊ အဖျားတက်မယ်၊ အားနည်းလာမယ်၊အကြောဆွဲမယ်၊ အသက်ရှုရခက်မယ်၊ တက်မယ်၊ သတိလစ်မေ့မြောတာတွေအထိဖြစ်မယ် ခေါင်းထဲမှာ ပေါ့ပေါ့ကြီးဖြစ်နေမယ် (Light-headedness) ၊ ခေါင်းထဲမှာ ကြည်ကြည်လင်လင်မရှိဖြစ်မယ်၊ သိမြင်မှုစွမ်းရည်တွေကျဆင်းလာမယ် ကောျက်ကပ်နဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းကိုထိခိုက်မယ် ၊ ပျို့-အန်ချင်မယ် ၊ အစာခြေစနစ်အလုပ်လုပ်တာနှေးလာမယ်၊

 

အစားစားချင်စိတ်နည်းမယ်၊ သွေးဖိအား ကျမယ်၊ သူများ မမြင်-မကြားတာတွေ မြင်-ကြားနေမယ်၊ စိတ်ဂနာမငြိမ်ဖြစ်မယ်၊ စိတ်မူမမှန်ဖြစ်မယ်၊ ကယောင်ကတမ်းဖြစ်မယ်၊ ဒီအခြေအနေတွေက အရေးပေါ်အခြေအနေတွေဖြစ်တာကြောင့် လူနာကို နီးစပ်ရာဆေးရုံကို အမြန်ဆုံးခေါ်သွားပြီး ကုသမှုခံယူနိုင်အောင်လုပ်ဆောင်ပေးဖို့လိုပါမယ်။ တကယ်လို့ အချိန်မီမပို့ဆောင်နိုင်တာမျိုးဖြစ်မယ်ဆိုရင် အသက်အန္တရာယ်ကို စိုးရိမ်ရနိုင်ပါတယ်။ ဘာမီတွန်ကို အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေနဲ့ တွဲဖက်သောက်သုံးတာမျိုးလုံးဝမလုပ်သင့်ပါဘူး။

 

ဘယ်သူတွေက ဘာမီတွန်မသောက်သင့်ဘူးလဲ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေ ၊ အသည်းရောဂါအခံရှိသူတွေ ၊ မျက်စိရေတိမ်ရှိသူတွေ၊ ဆီးကျိတ်ဝေဒနာရှိသူတွေ ၊ အတက်ဝေဒနာ (epilepsy) ၊ ဓာတ်မတည့်မှုအတွက် ဆေးဝါးတစ်ခုခုသောက်သုံးနေရသူဆိုရင်တော့ ဘာမီတွန်ကို မသောက်သင့်ပါဘူး။ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှာ သောက်သင့်ပါတယ်။

Source:hellosayarwon


No comments:

Post a Comment