Friday, 30 September 2016

ပုဆိန်သွေးဖို့ မမေ့ပါနဲ့

တစ်ခါက အလွန်ဆင်းရဲပြီး ထင်းခုတ်ရောင်းပြီး အသက်မွေဝမ်းကျောင်းပြုရတဲ့ လူငယ်တစ်ယောက်နဲ့ လူကြီးတစ်ယောက်ရှိတယ်။
လူငယ်က ဝရိယကောင်းစွာ စောစောထပြီး ထင်းသွားခုန်တယ်။
လူကြီးကတော့ မနက်ရေနွေးလေးပါလေး တည်သောက်ပြီးမှ အေးဆေးသွားတယ်။
ညနေပြန်လာတဲ့အချိန်ကျတော့ လူငယ်နဲ့ လူကြီးက တူနေတယ်။
ဒါပေမဲ့ လူကြီးက လူငယ်ထက် ထင်းပိုရတယ်။
ဒီလို ထင်းသွားခုတ်တာ လေးငါးရက်ကြာတော့ လူငယ်က သူဘာကြောင့် လူကြီးထက် ထင်းနည်းနေရတာလဲဆိုတာ သိချင်လို့ သွားမေးတယ်။
လူငယ်က သူ့ကိုယ်ကို ငါလဲ လူကြီးထက် အားရှိတယ်။
မနက်အစောကြီးလဲ ထသွားတယ်။
ဒါတောင် သူက လူကြီးထင်းထက် နည်းနေတာကိုး။

ဒါနဲ့ လူကြီးက လူငယ်ကို ဘာပြန်ပြောလဲဆိုရင် မင်းပုဆိန်ကို သွေးပါတဲ့။
လူငယ်ကပြန်ပြောတယ်။ ကျန်တော် ဒီလောက်အလုပ်များတာ ဘယ်လိုလုပ်ပြီး ပုဆိန်သွေးနိုင်မှာလဲတဲ့။
လူကြီးကပြန်ပြောတယ်။
အဲ့ဒါအဓိက ပြဿနာပဲ။
ငါဘာကြောင့် မင်းထက် ထင်းပိုရလဲဆိုရင် မင်းထက် ပုဆိန်ကိုသွေးဖို့ အချိန်ပေးလို့ပဲတဲ့။

သင်ခန်းစာ
ဘဝမှာ ကျန်တော်တို့ ဖြတ်သန်းရှင်သန်နေစဉ် အရမ်းကို အလုပ်များတတ်ကြပါတယ်။
ဒါပေမဲ့ လူတွေက ကြီးပွားအောင်မြင်အောင် ကိုယ်ရည်သွေးဖို့ မေ့နေတတ်ကြတယ်။

#ကိုယော

No comments:

Post a Comment