National Institute of Health ကနေပြီး Stem Cell ကို ခန္ဓာကိုယ်တွင်းက ဆဲလ်မျိုးစုံကို ဖွံ့ဖြိုးတိုးတက်စေဖို့ အလားအလာရှိတဲ့ အရာတစ်ခုအနေနဲ့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ ခန္ဓာကိုယ်တွင်းကို ပြုပြင်ပေးနိုင်တဲ့စနစ်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ Stem Cell ကလူတစ်ယောက်အသက်ရှင်နေသမျှကာလပတ်လုံး ခန္ဓာကိုယ်အတွင်းမှာ တခြားဆဲလ်လေးတွေကို ပြန်လည်မွေးဖွားရှင်သန်စေပါတယ်။
Stem Cell တစ်ခုပွားသွားချိန်မှာ ပွားသွားတဲ့ဆဲလ်တစ်ခု ခြင်းစီက ကြွက်သားဆဲလ် သွေးနီဥထဲ ဒါမှမဟုတ် ဦးနှောက်ဆဲတွေအနေနဲ့ ပိုပြီးတော့ လုပ်ဆောင်လာပါတယ်။
Adult stem cells တွေကတော့ ရိုးတွင်းချဉ်ဆီထဲမှာဖြစ်ပေါ်ပါတယ်။ ဘ၀အစမှာလိုပဲ Stem Cells တွေကတော့ အသက်ရှင်နေသမျှ ခန္ဓာကိုယ်အနှံ့ လိုအပ်တဲ့ ဆဲလ်လေးတွေအနေနဲ့ ပုံစံပြောင်းသွားပြီး ခန္ဓာကိုယ်ရဲ့ပြဿနာရှိတဲ့ နေရာလေးတွေမှာ ပြန်လည်ပြင်ဆင်ပေးခြင်း၊အသစ်ပြန်ဖွဲ့စည်းပေး
ခြင်း လုပ်ငန်းတွေကိုလုပ်ဆောင်ပေးပါတယ်။
ကျန်းမာရေးအတွက်ဘယ်လိုသက်ရောက်မှုရှိသလဲ
National Institute of Health ကနေပြီး Stem Cells သုံးပြီး ကုသနိုင်တဲ့ရောဂါ (၇၄)မျိုးရှိတယ်ဆိုပါတယ်။ ကုသမှုမှာဆိုရင် လူနာ ဒါမှမဟုတ် အလှူရှင်ဆီကနေ Stem Cell ကိုထုတ်ယူပြီး ဓါတ်ခွဲခန်းမှာ အဆင့်ဆင့် ပြန်လည်စီစဉ်ပြီးနောက် ခန္ဓာကိုယ်တွင်းကို ထိုးသွင်းပါတယ်။
သိပ္ပံဆေးပညာတွေအရ Stem Cell က ကင်ဆာ၊ သွေးကင်ဆာ၊ ဆီးချိုသွေးချို အဆစ်မြစ်ရောင်ရောဂါ၊ အကြောအားနည်းပြီး ခြေလက်တုန်ရောဂါ၊ သွေးအားနည်းရောဂါ၊ အသည်း၊ သွေးရောဂါတွေကိုကုသပေးနိုင်ပါတယ်။
ဘာတွေထူးခြားမှုရှိလဲ
ငယ်ရွယ်သူ၊ အသက်ကြီးသူ၊ အားကစားသမား၊ ကုသမှုကနေပြန်လည်ကောင်းမွန်လာသူ ဘယ်သူမဆို ကြံ့ခိုင်သန်မာမှု၊ ပျော့ပြောင်းမှု သက်လုံကောင်းမှုတို့ကို ခံစားစေရပါတယ်။
ကျန်းမာလန်းဖြာစေဖို့ ကျန်းသုခ Health Guide ကို ဖတ်ကြပါစို့ ...
No comments:
Post a Comment