တစ်ခါက လူငယ်တစ်ယောက်ရှိတယ်ဗျ။
ဒီလူငယ်က ကံမကောင်းစွာပဲ လက်တစ်ဖက် ပြတ်သွားခဲ့တယ်။
ဒီလိုနဲ့ ကျန်ရှိနေတဲ့ သူ့ဘဝရဲ့လူသက်တမ်းကို သူဖုန်းစားအနေနဲ့ပဲ ရပ်တည်သွားမယ်ဆို ပြီး ဆုံးဖြတ်ချက်ချပြီး စတင်ခဲ့တယ်။
ဒီလိုနဲ့ သူဖုန်းစား ဆိုတဲ့အတိုင်း အိမ်တွေ မှာလဲလိုက်တောင်းတာပေါ့။ အိမ်တစ်အိမ် အရောက်မှာ သူက အိမ်ရှင် အဒေါ်ကြီးကို သနားပါဆိုပြီး တောင်းလိုက်တယ်။ အဒေါ်ကြီးက သူ့ကိုပြောလိုက်တယ်။ ဟိုမှာ ငါ့အိမ်ရှေ့က အုပ်ပုံကြီးကို အိမ်နောက်ဖေးကို သယ်ပို့ပေး။ ဒါဆိုပိုက်ဆံပေးမယ်။
ဒီအခါမှာ သူဖုန်းစားက စိတ်ဆိုးမာန်ဆိုနဲ့ ကြည့် ကျန်တော့်မှာ လက်တစ်ဖက်ပဲရှိနေတယ်။ ကျန်တော်ဘယ်လိုသယ်နိုင်မှာလဲ ပြောတယ်။
အိမ်ရှင်အဒေါ်ကြီးက အုပ်ပုံထဲက အုပ်တစ်လုံးယူပြီး အိမ်နောက်ဖေးကို သယ်သွားပြီး ပြန်လာတယ်။ သူက သူဖုန်းစားကိုပြောတယ်။ ဒီမှာကြည့် ငါလည်းနှင့်လိုပဲ လက်တစ်ဖက်ပဲရှိတယ်။ ငါတောင်သယ်နိုင်ရင် နင်ဘာလို့မသယ် နိုင်ရမှာလဲ။
ီဒီအခါမှာ သူဖုန်းစားက ဘာမှမပြောတော့ပဲ အုပ်ပုံတစ်ပုံလုံးကုန် တဲ့အထိ သယ်ပေးပါတယ်။
အုပ်သယ်ပြီးတဲ့အခါ အိမ်ရှင်အဒေါ်ကြီးက သူဖုန်းစားကို ဒေါ်လာ ၂၀၀၀ ပေးလိုက်တယ်။
သူဖုန်းစားက သူမမြော်မှန်းတဲ့ ငွေအများကြီးကို ရလိုက်တော့ အရမ်းပျော်ပြီး အိမ်ရှင်အဒေါ်ကြီးကို ထပ်ခါထပ်ခါ ကျေးဇူးတင်နေမိတယ်။
ဒါပေမဲ့ အိမ်ရှင်အဒေါ်ကြီးက ငါ့ကို ကျေးဇူးမတင်ပါနဲ့။ ဒါက ငါနင့်ကိုအလကားပေးတာမဟုတ်ပါဘူး။
နင့်ရဲ့ခြွေးနဲစာ လုပ်အားကြောင့်ရတာ။ နင်ကိုနင်ပဲကျေးဇူးတင်သင့်တယ်။
ဒီလူငယ်လေးရဲ့စိတ်ထဲမှာ အလင်းတန်းတစ်ခုဖြတ်ဝင်သွားတယ်။ အိမ်ရှင်အဒေါ်ကြီးကို နုတ်ဆက်ပြီးထွက်ခွာသွားတယ်။
နောင်တစ်ချိန်မှာ ဒီလူငယ်က ကုမ္ပဏီတစ်ခုရဲ့ CEO ဖြစ်လာခဲ့တယ်။
သင်ခန်းစာ
၁။ ရရှိလာတဲ့ လူဘဝဟာ တန်ဖိုးကြီးတယ်။
၂။ သင့်ကိုယ်သင် ဘယ်တော့မှ အထင်မသေးပါနဲ့။
၃။ တန်ဖိုးရှိတဲ့ လုပ်ရပ်နဲ့ စကားတစ်ခွန်းကြောင့် လူတစ်ယောက်ရဲ့ ဘဝကို မြင့်တင်ပေးနိုင်တယ်။
No comments:
Post a Comment