သရက်သီးဝယ်လာတယ်။ နောက်တစ်ရက်တော့ ပုတ်သွားတယ်။ ဒီလိုတွေးကြည့်တယ်။
အတွေး ၁။
ငါ့ကို သရက်သီးပုတ်ရောင်းလိုက်တယ်။ ဒီလူအတော်အကျင့်မကောင်းဘူး။ လူတွေကို လိမ်စားတယ်။ စီးပွားပျက်ပါစေဗျား။ မနက်ဖြန်ကျရင် ဒီကောင်နဲ့ရှင်းရမယ်။
သူ့ကိုစိတ်မထိန်းနိုင်ရင် ဇက်ဘိုဖြတ်ရိုက်လိုက်မယ်။
ငါကလဲ အသုံးမကျဘူး။
ဒီ သရက်သီးပုတ်မယ်ဆိုတာ မသိဘူးလား။
ငါဘာလို့ သေခြာမကြည့်ခဲ့တာလဲ။ ငါ့ကိုယ်က လိုပါတယ်။
အတွေး ၁ ဒီမှာရပ်ထားလိုက်မယ်။
အတွေး ၂။
ဟာ ငါစားမယ်ဆိုပြီး မနေ့က ဝယ်လာတဲ့ သရက်သီးပုတ်နေပါလား။
ပုတ်တော့လဲ ဘာဖြစ်လဲဗျား။ ထပ်ပြီး အသစ်ဝယ်စားတာပေါ့။ သရက်သီးကောင်းကောင်းရောင်းတဲ့ ဆိုင်ဘယ်မှာရှိလဲ စုံစမ်းရမယ်။
ဒါဆို ငါသရက်သီးကောင်း စားရမယ်။
ခု သရက်သီးက ပုတ်ပေမဲ့ သရက်စေ့ကိုတော့ ငါ့ခြံထဲ ငါပျိုးပြီး စိုက်နိုင်တာပဲ။
တကယ်လို့ကြီးလာရင် ငါစားလို့ရတာပေါ့။
တွေးကြည့်ရင်းနဲ့ တောင် ကြည်နူမိတယ်။
ငါ့နောင်လာနောက်သားတွေလဲ စားရတာပေါ့။
အတွေး ၂ ဒီမှာပဲရပ်လိုက်မယ်။
ဒီတုံ့ပြန်မှု ၂ ခုဟာ ကိုယ့်စိတ်ဓာတ်ကို ဘယ်တစ်ခုက ပြုပြင်ပေးလဲ။ ကိုယ့်ကိုဘယ်တစ်ခုက ငြိမ်းချမ်းစေလဲ။
ကနေ့ Saw Yaw Shu တွေးမိရေးမိတာလေး ဝေမျှပါတယ်ဗျား။
#ကိုယော
No comments:
Post a Comment