Monday, 28 August 2017

အရိပ်ကျေးဇူး

ဦးထုပ်တစ်လုံးရဲ့ အရိပ်အောက်ဟာလဲ အရိပ်တစ်ခုပါပဲ။
ထီးတစ်လက်ရဲ့ အရိပ်အောက်ဟာလဲ အရိပ်တစ်ခုပါပဲ။
အိမ်တစ်လုံးရဲ့ အရိပ်အောက်ဟာလဲ အရိပ်တစ်ခုပါပဲ။
အရိပ်ခိုဖို့ အရိပ်ကြီးကြီး သေးသေး မဖြစ်မနေခိုလိုက်ရပေမဲ့ အရိပ်ရခဲ့ဖူးတဲ့အတွက် ဘယ်အရိပ်က ကြီးလို့ အအေးမြတ်ဆုံးလို့တော့ မဆိုမိပါစေနဲ့။
လူတိုင်းဟာ စေတနာနဲ့ မထိုက်တန်ဘူးဆိုတဲ့ စကားက အဲ့မှာ စတင်ခဲ့တာပဲ။
တစ်လုပ်စားဖူး သူ့ကျေးဇူးစိတ်ဓာတ် မွေးမြူတတ်သူကတော့ ဦးထုပ်တစ်လုံးရဲ့ အရိပ်ကိုမမေ့သလို ဘယ်တော့မှ မစောကားဘူး။
ရခဲ့ဖူးတဲ့ မိဘရင်ခွင် အရိပ်စစ်တွေအတွက် အမြဲတမ်း ရင်မှာ ကျေးဇူးတင်တယ်။
ဘဝဖြတ်သန်းမှုမှာ တစ်လုပ်လဲစားခဲ့ဖူးသလို အရိပ်လဲခိုခဲ့ဖူးတဲ့ သူတွေကို ကျေးဇူးပြန်မတုန့်ပြန်နိုင်ခဲ့ရင်တောင် ဘယ်တော့မှ ကျေးဇူးမကန်းပဲ ကျေးဇူးတင်နေမယ်။
ရင်ထဲက ရောက်လာတဲ့ ကျေးဇူးတင်ချင်တဲ့စိတ်ကို ဒီစာတိုလေးနဲ့ ဖွင့်ဟလိုက်သည်။

#ကိုယော


No comments:

Post a Comment