ကိုယ်ရှိတဲ့အရာကို ဝေလိုက်တဲ့အခါ သူမှာရှိသွားတော့ မျှသွားတာပါ။
ဒီလိုပဲ သူမှာရှိတဲ့အရာကို ကိုယ့်ကို ဝေလိုက်တဲ့အခါ မျှသွားပါတယ်။
ဒီတော့ ဝေမျှခြင်းဆိုတာ တစ်ဖက်တည်းက စီးဆင်းနေရတာမဟုတ်ဘူး။
အပြန်အလှန်သဘောနဲ့ စီးဆင်းသွားဖို့လိုတယ်။
သို့သော် ကိုယ်မှာမရှိတာကို ဟန်ဆောင်ပြီးမဝေမျှပါနဲ့။
အဲ့သလိုပဲ သူ့မှာမရှိတာကို အတင်းမတောင်းဆိုပါနဲ့။
သူ့မှာရှိနေတာကို ဝေမျှစေချင်ရင် သူ့မှာ မရှိတဲ့အရာကို ကိုယ်ဖြည့်ဆည်းဖို့ကြိုးစားပါ။
အရာရာတိုင်းဟာ အမြဲတမ်း Take for granted မရနိုင်ဘူး။
Give and take တော့ ဖြစ်ဖို့လိုတယ်။
ကိုယောလဲ ရင်ထဲမှာ ရောက်လာတဲ့အရာတွေကို အပြုသဘောဆောင်တဲ့ အလင်းဖက်က အတတ်နိုင်ဆုံးယူပြီး ပြန်လည်ရေးသား ဝေမျှတာဖြစ်တယ်။
လူတော်တစ်ယောက်မဟုတ်ပေမဲ့ ထက်မြက်နေဖို့ သွေးနေခြင်းသား ဖြစ်တယ်။
ကိုယော ခံယူချက်က သူတစ်ပါးကို အကျိုးမပြုနိုင်ရင်နေပါ သူတစ်ပါးအတွက် ဆန်ကုန်မြေလေး ဝန်ထုတ်ဝန်ပိုမဖြစ်လိုပါ။
ဒီကနေ ရောက်တတ်ရာရာ ရေးသားခြင်းသာဖြစ်တယ်။
#ကိုယော
Monday, 28 August 2017
ဝေမျှခြင်း Sharing
Location:
Singapore, Singapore
Subscribe to:
Post Comments (Atom)
No comments:
Post a Comment