Friday, 30 September 2016

ရေတွင်းထဲကမြည်း

တခါကမြည်းတစ်ကောင်ဟာ ရေတွင်းဟောင်းထဲကျသွားတယ်။
ဒါနဲ့ ပိုင်ရှင်က မြည်းကို ဘယ်လိုဆွဲတင်ရမလဲ စဉ်းစားမရ။
ဒါကြောင့် မြည်းကလဲ အိုနေပြီး၊ ရေတွင်းကလဲ ဟောင်းနေပြီးဆိုတော့ အိမ်နီးနာချင်းတွေခေါ်ပြီး ရေတွင်းကို မြေဖို့ပြီး ပိတ်လိုက်မယ်ပေါ့။
ဒါနဲ့ သူတို့ ရေတွင်းဟောင်းကို စပြီး မြေဖို့ကြတယ်။
အတော်အတန်မြေဖို့ပြီးတော့ မြည်းကို သေခြာဖုံးသွားပြီးလား သိချင်လို့ ရေတွင်းကို ငုံ့ကြည့်တော့ မြည်းက သူ့ကိုယ်ပေါ်ကျလာတဲ့ မြေတွေကို ခါချရင်း မြေကြီးအပေါ်တက်နေတာ။
ဒါကြောင့် မြည်းက ရေတွင်းဟောင်းအဝကို ရောက်လုပ်နည်းဖြစ်နေတာကို ပိုင်ရှင်က တွေ့သွားတယ်။

သင်ခန်းစာ
လောကမှာ ကျန်တော်တို့ လူသားတွေဟာ မြည်းလိုပဲ ဘဝရဲ့ တွင်းဟောင်းတွင်းနက်ထဲရောက်လို့ အခြေအနေမဟန်ဖြစ်နေတတ်တယ်။
ဒီအထဲမှလဲ ကံနှိမ့်ရာ လှံစိုက်ဆိုသလို လူတွေက အမျိုးပြောကြမယ်။
ဒါပေမဲ့ လူဖိတာမသေပါ၊ သစ်တွေဝါးတွေ ဖိမှသေနိုင်တယ်ဆိုတဲ့ စကားအတိုင်း ကိုယ့်ကိုတိုက်ခိုက်လာသမျှကို မြည်းကဲ့သို့ လိမ္မာပါးနပ်စွား ခါချခဲ့မယ်ဆိုရင် ဘဝမှာအပေါ်အမြင့်ကို ပြန်ရောက်နိုင်သေးတယ်။

#ကိုယော
Credit : ကိုယော

ပုဆိန်သွေးဖို့ မမေ့ပါနဲ့

တစ်ခါက အလွန်ဆင်းရဲပြီး ထင်းခုတ်ရောင်းပြီး အသက်မွေဝမ်းကျောင်းပြုရတဲ့ လူငယ်တစ်ယောက်နဲ့ လူကြီးတစ်ယောက်ရှိတယ်။
လူငယ်က ဝရိယကောင်းစွာ စောစောထပြီး ထင်းသွားခုန်တယ်။
လူကြီးကတော့ မနက်ရေနွေးလေးပါလေး တည်သောက်ပြီးမှ အေးဆေးသွားတယ်။
ညနေပြန်လာတဲ့အချိန်ကျတော့ လူငယ်နဲ့ လူကြီးက တူနေတယ်။
ဒါပေမဲ့ လူကြီးက လူငယ်ထက် ထင်းပိုရတယ်။
ဒီလို ထင်းသွားခုတ်တာ လေးငါးရက်ကြာတော့ လူငယ်က သူဘာကြောင့် လူကြီးထက် ထင်းနည်းနေရတာလဲဆိုတာ သိချင်လို့ သွားမေးတယ်။
လူငယ်က သူ့ကိုယ်ကို ငါလဲ လူကြီးထက် အားရှိတယ်။
မနက်အစောကြီးလဲ ထသွားတယ်။
ဒါတောင် သူက လူကြီးထင်းထက် နည်းနေတာကိုး။

ဒါနဲ့ လူကြီးက လူငယ်ကို ဘာပြန်ပြောလဲဆိုရင် မင်းပုဆိန်ကို သွေးပါတဲ့။
လူငယ်ကပြန်ပြောတယ်။ ကျန်တော် ဒီလောက်အလုပ်များတာ ဘယ်လိုလုပ်ပြီး ပုဆိန်သွေးနိုင်မှာလဲတဲ့။
လူကြီးကပြန်ပြောတယ်။
အဲ့ဒါအဓိက ပြဿနာပဲ။
ငါဘာကြောင့် မင်းထက် ထင်းပိုရလဲဆိုရင် မင်းထက် ပုဆိန်ကိုသွေးဖို့ အချိန်ပေးလို့ပဲတဲ့။

သင်ခန်းစာ
ဘဝမှာ ကျန်တော်တို့ ဖြတ်သန်းရှင်သန်နေစဉ် အရမ်းကို အလုပ်များတတ်ကြပါတယ်။
ဒါပေမဲ့ လူတွေက ကြီးပွားအောင်မြင်အောင် ကိုယ်ရည်သွေးဖို့ မေ့နေတတ်ကြတယ်။

#ကိုယော

ရုန်းထွက်ဖို့မေ့နေတဲ့ ဆင်

ဆပ်ကပ်တစ်ခု မီးလောင်သွားတယ်။ ဆင်တစ်ကောင်
ဆင်ကင်ဖြစ်သွားတယ်။ ပျံနိုင်တဲ့ ငှက်တွေက ထပျံသွား
တယ်။ မီးကိုကြောက်လို့ ပြေးလို့ရတဲ့ သတ္တဝါတွေအားလုံး
ပြေးထွက်ကုန်တယ်။ ဆင်ကတော့ ဘာကြောင့် မပြေးတာလဲ။
ဆင်ငယ်ငယ်တုန်းက သူ့ခြေထောက်ကို ကြိုးသေးသေးလေးနဲ့
ချည်းထားတယ်။ သူရုန်းတယ်မရဘူး။ ရုန်းလေလေ ခြေထောက်
က နာလေလေဆိုတော့ နောက်တော့ သူမရုန်းတော့ဘူး။
ဘာလို့လဲဆိုရင် သူရုန်းရင်လဲ မရလောက်တော့ဘူးလို့
ထင်သွားတယ်။ ဒါကြောင့် မီးလောင်လဲ ငယ်ငယ်က ကြိုးကို
ရုန်းရင် အသဲထဲထိနာတာကို မခံစားနိုင်မခံစားချင်လို့ မရုန်းပဲ
အသေခံလိုက်တယ်။

သင်ခန်းစာ
လူ့ဘဝဆိုတာလည်း အဲဒီအတိုင်းပါပဲ။ တစ်ချိန်တုန်းက ကိုယ်မစွမ်းဆောင်နိုင်ခဲ့တာကို တစ်သက်လုံး ငါဘယ်တော့မှ
မလုပ်နိုင်ဘူးလို့ အရှုံးပေးလက်လျော့တက်ကြပါတယ်။
မိတ်ဆွေ ကိုယ်မလိုချင်တဲ့ ဘဝကနေ ကိုယ်လိုချင်တဲ့ ဘဝကိုရဖို့ ရုန်းထွက်ရမယ်ဆိုတာ မမေ့ပါနဲ့။

#ကိုယော

စကားတစ်ခွန်းရဲ့စွမ်းအား

တစ်ခါက ရထားဘူတာမှာ သူတောင်းစား တစ်ယောက်က  ခဲတံကိုရောင်းရင်း တောင်စားနေတယ်။
လူတစ်ယောက်က သူ့ကို ပိုက်ဆံထည့်ပြီး ရထားပေါ်ပြေးတက်သွားတယ်။
ခဏနေတော့ ပြန်ဆင်းလာပြီး သူတောင်းစားထံက ခဲတံတစ်ချောင်းယူပြီး ခင်ဗျားလဲ ကျန်တော်လို Business Man ပဲ။
ဒါကြောင့် ကျန်တော် ဝယ်ထားတာယူဖို့မေ့သွားလို့လာပြန်ယူတာဆိုပြီး ရထားပေါ်ပြန်ပြေးတက်သွားတယ်။
နှစ်တွေအတော်ကြာပြီးနောက် ဟောပြောပွဲတစ်ခုမှာ လူတစ်ယောက်ဟာ ဟောပြောအပြီး  စင်ပေါ်ကနေဆင်းသွားတယ်။
စင်အောက်က ရှေ့တန်းမှာထိုင်နေတဲ့သူဆီသွားပြီး ခင်ဗျားကျန်တော့ကိုတော့ မှတ်မိမှာမဟုတ်ဘူး။
ကျန်တော်ကတော့ ခင်ဗျားကို မှတ်မိတယ်။
တခါက ရထားဘူတာမှာ ခဲတံရောင်းပြီး တောင်းစားနေတဲ့သူတစ်ယောက်ပဲ။
ခင်ဗျားက ခဲတံယူပြီး ပြောလိုက်တာက မင်းဟာငါ့လို Business Man တစ်ယောက်ပဲ ဆိုတဲ့ စကားဟာ အဲ့ဒီကတည်းက ကျန်တော် လုပ်ငန်းရှင်စိတ်ဓာတ်ရသွားတယ်။
ခု ကျန်တော် တစ်တိုင်းပြည်လုံး စာရေးကိရိယာဖြန့်ဝေတဲ့ လုပ်ငန်းရှင်ဖြစ်လာတာ ခင်ဗျားရဲ့ စကားတစ်ခွန်ကြောင့်ပါ။

သင်ခန်းစာ
ကိုယ်ပြောလိုက်တဲ့ စကားတွေဟာ လူတစ်ယောက်ဘဝကို အမြင့်ဆုံးထိပြောင်းလဲနိုင်တယ်။
ဒါကြောင့် နေ့တိုင်းအကျိုးရှိစေတဲ့ စကားကိုသာပြောပါ။

#ကိုယော

Wednesday, 28 September 2016

အချစ်အကြောင်းပြောမယ်

အချစ်ဆိုတာ အကြောင်းပြချက် မရှိချစ်တယ်။
သော်လည်း အချစ်ပေါ့။

တချို့က အချစ်ကို ဒါကြောင့်မို့ချစ်တာ။
ဒါကြောင့်မို့ ဆိုတာတွေကို မလုပ်ပေးနိုင်တော့ရင် မချစ်တော့ဘူး။
သောကြောင့် အချစ်ပေါ့။

တချို့က အချစ်လောင်းရိပ်မိနေကြတယ်။
ချစ်သူတွေရှိတယ်။
သူချစ်မှ ဖြစ်မယ်။
သူနားလည်ပေးမှဖြစ်မယ်။
သူမရှိလို့ ကိုယ့်ဘဝမဖြစ်ဘူး။
ဒါက လူတစ်ယောက်ကို လောင်းရိပ်အောက်ရောင်စေတဲ့အချစ်နဲ့ လောင်းရိပ်အောက် အရောက်ခံတဲ့ အချစ်ပါ။
သူတို့တွေက ပူလောင်ကြရတယ်။
သူမရှိလို့ ကိုယ်မဖြစ်ဘူးဆိုရင် အကောင်းဆုံးက ကိုယ်မရှိရင် သူမဖြစ်ဘူးဆိုတာ လုပ်ထားရမယ်။

တစ်ချို့က အချစ်ဝင်္ကမ္ဘာထဲရောက်နေတယ်။
တဝဲလည်လည်ပေါ့။
ဒီအချစ်က ကိုယ့်ကို ကောင်းကျို ဘယ်တော့မှ မပေးခဲ့လဲ ဒီအချစ်ဆီကနေ ရုန်းထွက်လိုက် ပြန်ပြန်ရောက်လာလိုက်ပေါ့။

တစ်ချို့က အချစ်ထောင်ခြောက်ထဲရောက်နေကြတယ်။
ထောင်ခြောက်ဆိုတာက ကိုယ့်ဘဝကိုပါ ပျက်စီးနိုင်လောက်တယ်။
ခွင့်မလွတ်နိုင်ခြင်းထောင်ခြောက်၊
ဆုံးရှုံးလိုက်ရလို့ တသသဖြစ်နေတဲ့ထောင်ခြောက်၊
အချစ်မရှိတော့ဘူး ပြန်လည်တည်ဆောက်လို့ မရတော့ဘူးဆိုတဲ့ ထောင်ကြောင့် ကနေမလွတ်ကြဘူး။
ဘာဖြစ်လဲဗျား။
လောကဧည့်သည်ပဲဆိုတာ မေ့နေတာကို ထာဝရရှင်သန်နေရတော့မဲ့ အတိုင်း ကိုယ့်ရဲ့တန်ဖိုးရှိနေတဲ့ အချိန်ကို အလဟသကုန်စေတယ်။

တစ်ခုပြောပြမယ်။
လမ်းဘေးမှာ လူငယ်တစ်ယောက် ငိုကြွေးပေါက်ကွဲနေတယ်။
ဆိုကရေးတီးဆိုသူက ဘာဖြစ်တာလဲလို့ မေးတော့
ကျန်တော်အတော်ကံဆိုးတဲ့ လူပဲတဲ့။
ကျန်တော်အရမ်းချစ်ရတဲ့ ကျန်တော့ ချစ်သူ ကျန်တော့်ကို ထားသွားတယ်။

ဆိုကရေးတီးက ပြောတယ်။
မင်းအရမ်းကံကောင်တယ်။
သူကံဆိုးတာ။
အရမ်းချစ်တတ်တဲ့ မင်းကို သူဆုံးရှုံးလိုက်ရတာ။
မင်းက ဘာမှ မဆုံးရှုံးဘူး။
တကယ်လို့သာမင်း သူနဲ့ရပြီးမှ မင်းအပေါ်သစ္စာမရှိရင် မင်းမြွေပွေးခါးပိုက် ပိုက်သလို ကံဆိုးသွားမယ်။
မင်းရဲ့ အနီးကပ်ရန်သူလဲ ဖြစ်သွားနိုင်တယ်။
ဒီအပိုင်းအစလေးကတော့ မိတ်တွေတစ်ယောက်ပြောပြတာကို လက်တန်းပြန်ရေးတာပါ။

တချို့ကပြောတယ်။
ဆယ်နှစ်ဆယ်မိုး ယုံကြည်မှုတွေ၊ အချစ်တွေ တည်ဆောက်ခဲ့ရတာ။
ခု ဒီလောက်တည်ဆောက်ခဲ့ရတဲ့ အချစ်တစ်ခုကို ဆုံးရှုံးလိုက်ရတော့ ဘယ်လိုလုပ်ပြီး အချစ်တစ်ခု တည်ဆောက်နိုင်တော့ မလဲပေါ့။
မှားတယ်။ အချစ်တစ်ခု ဆုံးရှုံးခဲ့လဲ ဆုံးရှုံးသွားတဲ့ အချစ်တစ်ခုက အစစ်အမှန်မှမဟုတ်တာ ကိုယ်မအိုမင်းခင် ပျက်ယွင်းသွားတာ အချစ်စစ်တစ်ခုတော့ ပြန်တည်ထောင်နိုင်သေးတယ်။
ဆိုပါစို့ပြန် အမေရိကန်နိုင်ငံက ၁၁၁ ထပ် ဝေါထရိတ် စန်တာတောင် ပြိုပျက်ခဲ့ပြီး အကြီးအကျယ်ဆုံးရှုံးခဲ့ရသေးတာကို ခုပြန်လည်တည်ဆောက်ပြီး သွားပြီး။

ဒီတော့ မိန်ဆွေ ကျန်တော်လဲ အချစ်နဲ့မကင်းတဲ့လူသားမို့ ဒီကနေ့ အချစ်အကြောင်း Post လေးတစ်ခုရေးချင်လို့ ရေးလိုက်တယ်ဗျား။
တထိုင်တည်းရေးလိုက်တာပါ။
သင်တစ်ခုခုရရှိသွားမယ်ဆို ကျန်တော်ရေးရကျိုးနပ်ပါတယ်ဗျား။

#ကိုယော

Friday, 16 September 2016

ပညာကိုလေးစားပါ

လူတစ်ယောက် ကားမောင်းပြီး ခရီးသွားတယ်။
လမ်းမှာကားပျက်လို့ ကိုယ်တိုင် ပြင်ကြည့်တယ်။ မရဘူး။
ဆက်ပြင်တယ်။ ၁၅ မိနစ်၊ နာရီဝက်၊ တစ်နာရီ။ မရဘူး။

လက်လျှော့လိုက်ပြီး ကားဝပ်ရှော့ပ်ဆိုင်တစ်ခုကို ရှာတယ်။ ကားပြင်သမားကို ပြင်ခိုင်းလိုက်တယ်။

ကားပြင်သမားက ကားအဖုံးဖွင့်ကြည့်ပြီး လိုအပ်တာ ပြင်လိုက်တယ်။
၅ မိနစ်ပဲ ကြာလိုက်တယ်။ ပြန်ကောင်းသွားတယ်။

" ဘယ်လောက်ကျသလဲ ကောင်လေး "

" ၅၀၀၀ ကျပ်ကျပါတယ် "

" ၅ မိနစ်ပဲ ပြင်ရတာကို ၅၀၀၀ က မများလွန်းဘူးလားကွ "

" ဦးလေး ဘာအလုပ် လုပ်ပါသလဲ "

" ဆရာဝန် "

" ဆရာလည်း ဆေးခန်းကို ရောက်လာတဲ့ လူနာတွေဆီက ၅၀၀ ကျပ်ဖိုးလောက်ပဲတန်တဲ့ဆေးကို ၅၀၀၀ ကျပ် ယူတယ်မလား "

" ဟ အဲဒါက ဒီဆေးသောက်ရင် ဒီရောဂါပျောက်တယ်ဆိုတဲ့ပညာကို သိအောင်လေ့လာခဲ့ရတာ နှစ်ပေါင်းများစွာ ကြာတယ်ကွ၊ ဆေးဖိုးယူတာမဟုတ်ဘူး၊ ပညာဖိုးကို ယူတာ "

" ဟုတ်ကဲ့။ ကျနော်ပြောချင်တဲ့စကားကို ဆရာပြောပြီးနေပါပြီ။ ပျက်နေတဲ့ ကားတစ်စီးကို ၅ မိနစ်နဲ့ ပြန်ကောင်းလာအောင် လုပ်တတ်တဲ့ပညာကို ကျနော်လည်း ၁၀ နှစ်မက လေ့လာခဲ့ရပါတယ်ဆရာ"

သင်ခန်းစာများ

ပညာရပ်တိုင်းတွင် တန်ဖိုးကိုယ်စီ ရှိကြသည်။ ကိုယ့်ပညာကို တန်ဖိုးထားသလို သူတစ်ပါး၏ပညာကိုလည်း
လေးစား တန်ဖိုးထားပေးသင့်သည်။

#ကိုယော
Credit : ကိုယော

သင်လိုချင်တာရဖို့

လိုချင်တာရဖို့အတွက် ပထမခြေလှမ်းက ဝီရိယ ဖြစ်တယ်။ ခင်ဗျား တစ်ခါမှ မရဖူးတဲ့ စည်းစိမ်ချမ်းသာ ကို ရချင်တယ်မှတ်လား။ တစ်ခါမှ မလုပ်ဖူးတဲ့ အလေ့အကျင့်တွေကို စပြီးတော့ မွေးမြူလာရမယ်။

ဒီတော့ အရင်ဆုံး ခင်ဗျား မလိုချင်တာ ရလာစေမယ့် အကျင့်တွေကို ဖျောက်ပစ်ခြင်း ကနေ စရလိမ့်မယ်။ အာရုဏ်ဟာ အိပ်နေတဲ့ ခင်ဗျားကို အားနာပြီး မစောင့်ဘူး။ တက်စရာ ရှိတာ တက်ပစ်လိုက်မှာပဲ။ ပန်းဟာ သူ့ဘေးက အပွင့်တွေကို အားယားပြီး မပြိုင်ဘူး။ ပွင့်စရာ ရှိတာ ပွင့်ပစ်လိုက်တာပဲ။ ခရုဟာ သွားရမယ့်ခရီးရှည်လို့ အားငယ်ပြီး မရပ်ဘူး။ ရွှေ့စရာ ရှိတာ ရွှေ့ပစ်လိုက်တာပဲ။

အာရုဏ်ရယ် ပန်းရယ် ခရုရယ်ဟာ ခင်ဗျားဘဝသစ်အတွက် သင်ခန်းစာ အများကြီးပေးနေတာ မြင်သလား။ အားနာတတ်တာ လူပဲ။ အားယားတတ်တာလည်း လူပဲ။ အားငယ်တတ်တာလည်း လူပဲ။ ဒီအကျင့်တွေဟာ ဝီရိယကို နောက်ပြန်ဆွဲထားတတ်တယ်။ ဖျောက်ပါ။

ဝီရိယ ရှိလာရင် ပြောင်းလဲခြင်းကို ဖြစ်စေတယ်။ တစ်ချိန်ထဲမှာ ကံဆိုတာ အခွင့်အရေးတွေ တစ်ခုပြီးတစ်ခု ပစ်ချပေးတယ်။ ခင်ဗျားရဲ့ ဉာဏ်ဆိုတာကတော့ အခွင့်အရေးတွေကို မြင်စေတယ်။

အရမ်းမှန်တဲ့ သဘောတရားလေးတစ်ခုက ပြဿနာကို အာရုံစိုက်နေ သူဟာ သူအာရုံစိုက်တဲ့ ပြဿနာရဲ့ အပေါင်းအပါတွေပဲ ထပ်တွေ့တတ်တယ်။

အခွင့်အရေးကို အာရုံစိုက်ပါ။ သူ့အပေါင်းအပါတွေ တစ်ခုပြီး တစ်ခု ခင်ဗျားဆက်တိုက်ကို တွေ့လာရဖို့ ကျုပ်အာမခံတယ်။

- မှတ်စုကြမ်း #kyawnge

Thursday, 15 September 2016

ဆင်းရဲခြင်း ချမ်းသာခြင်းဟူသည်

• ဆင်းရဲခြင်းသည် လုပ်သင့်သည့်အရာများကိုမလုပ်၊ မလုပ်သင့်သည့်အရာများကို လုပ်နေသောကြောင့်ပင် ဖြစ်၏။
• ချမ်းသာခြင်းသည် မလုပ်သင့်သည့်အရာများကို အထူးရှောင်၍ လုပ်သင့်သည့်အရာများကို အထူဆောင်ရွက်နေသောကြောင့်ပင် ဖြစ်၏။

#ကိုယော

Hungry for success - အောင်မြင်မှုကိုဆာလောင်ခြင်း

• လူငယ်တစ်ယောက်ရှိပါတယ်။
• သူက အရမ်းအောင်မြင်ချင်တယ်။
• ဒီလိုနဲ့ အောင်မြင်ကျော်ကြားတဲ့ လူတစ် ယောက်ဆီကို သွားပြီး အောင်မြင်ရေး အကြောင်းသွားမေးတယ်။
• ဒါနဲ့ အောင်မြင်နေတဲ့ ပုဂ္ဂိုလ်က သူ့ကို မြစ် ထဲကို ခေါ်သွားတယ်။
• သူကတော့ အောင်မြင်မှု အကြောင်းကို သိရတော့မယ်ဆိုတော့ ရင်ခုန်စွာနဲ့ လိုက် သွားတာပေါ့။
• လမ်းမှာသွားနေရင်းအတွေးပေါင်းစုံနဲ့ပျော် နေတာပေါ့။
• ဒီလိုနဲ့ မြစ်ရေထဲကို သူ့ကိုဆက်ခေါ်သွားတယ်။
• ပြီးတော့ရေခပ်နက်နက်ထဲမှာသူ့ကိုရေနစ်လိုက် တယ်။
• ပြန်ပေါ်လာတယ်။
• ဒီလို သုံးလေးကြိမ် ရေထဲမှာ သူ့ကို ထိုပုဂ္ဂိုလ်က ကြာကြာနစ်ပြီး ပြန်ပေါ်တဲ့ အခါ သူအရမ်းစိတ်ဆိုးတယ်။
• သူက ပြန်ပြောတယ်။
• ခင်ဗျားစိတ်ကော်မှန်သေးရဲ့လား။
• ကျန်တော်က အောင်မြင်မှုအကြောင်းလာ မေးတာ။
• ခင်ဗျားက ကျန်တော့ကိုရေနစ်သတ်နေတာလား။
• ဒီအခါမှာ ထိုပုဂ္ဂိုလ်က ခင်ဗျားရေထဲ ရောက်နေချိန်မှာ ဘာအတောင်းတဆုံးလဲ တဲ့ ဒီအခါမှာ လူငယ်က ကျန်တော်ရေထဲမှာရှိနေတုန်း Oxigen ကို အလိုချင်ဆုံးပဲ။
• ကျန်တော်လိုအပ်နေတာက လဲ Oxigen ပဲလေ။
• ဒါနဲ့ ထိုပုဂ္ဂိုလ်က ညီငယ် ခင်ဗျားပြန်။
• ကိုယ့်ကိုကိုယ် ပြန်မေး အောင်မြင်မှုကို ခင်ဗျားရေးထဲမှာရှိနေချိန်မှာ Oxigen ကို မရှိမဖြစ် တောင်းတ သလိုမျိုးစိတ်ထဲမှာ ဖြစ်ပေါ်လာရင် ပြန်လာခဲ့။
• ဘယ်လို အောင်မြင်အောင်လုပ်ရမလဲဆိုတာ သင်ပေးမယ်။
• ဒီလူငယ်လေး ပြန်လာစရာ မလိုတော့ပါဘူး။
• သူဘဝမှာ အောင်မြင်ခဲ့ပါတယ်။ ဟုတ်ပါတယ်။
• ကျန်တော်တို့တွေက အောင်မြင်ချင်တယ်လို့သာ ပြောတာပါ။
• ကျန်တော်တို့ အများစုက Hungry for success သိတ်မဖြစ်ကြလို့ အောင်မြင်မှုနဲ့ ဝေးနေတာပါ။
• တန်ဖိုးရှိတဲ့ ခံစားမှုတစ်ခု ကျန်ခဲ့မယ်ဆိုရင် ကျေနပ်ပါတယ်။

Stem Cell ဆိုတာ ဘာလဲ

National Institute of Health ကနေပြီး Stem Cell ကို ခန္ဓာကိုယ်တွင်းက ဆဲလ်မျိုးစုံကို ဖွံ့ဖြိုးတိုးတက်စေဖို့ အလားအလာရှိတဲ့ အရာတစ်ခုအနေနဲ့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ ခန္ဓာကိုယ်တွင်းကို ပြုပြင်ပေးနိုင်တဲ့စနစ်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ Stem Cell ကလူတစ်ယောက်အသက်ရှင်နေသမျှကာလပတ်လုံး ခန္ဓာကိုယ်အတွင်းမှာ တခြားဆဲလ်လေးတွေကို ပြန်လည်မွေးဖွားရှင်သန်စေပါတယ်။
Stem Cell တစ်ခုပွားသွားချိန်မှာ ပွားသွားတဲ့ဆဲလ်တစ်ခု ခြင်းစီက ကြွက်သားဆဲလ် သွေးနီဥထဲ ဒါမှမဟုတ် ဦးနှောက်ဆဲတွေအနေနဲ့ ပိုပြီးတော့ လုပ်ဆောင်လာပါတယ်။

Adult stem cells တွေကတော့ ရိုးတွင်းချဉ်ဆီထဲမှာဖြစ်ပေါ်ပါတယ်။ ဘ၀အစမှာလိုပဲ Stem Cells တွေကတော့ အသက်ရှင်နေသမျှ ခန္ဓာကိုယ်အနှံ့ လိုအပ်တဲ့ ဆဲလ်လေးတွေအနေနဲ့ ပုံစံပြောင်းသွားပြီး ခန္ဓာကိုယ်ရဲ့ပြဿနာရှိတဲ့ နေရာလေးတွေမှာ ပြန်လည်ပြင်ဆင်ပေးခြင်း၊အသစ်ပြန်ဖွဲ့စည်းပေး
ခြင်း လုပ်ငန်းတွေကိုလုပ်ဆောင်ပေးပါတယ်။

ကျန်းမာရေးအတွက်ဘယ်လိုသက်ရောက်မှုရှိသလဲ
National Institute of Health ကနေပြီး Stem Cells သုံးပြီး ကုသနိုင်တဲ့ရောဂါ (၇၄)မျိုးရှိတယ်ဆိုပါတယ်။ ကုသမှုမှာဆိုရင် လူနာ ဒါမှမဟုတ် အလှူရှင်ဆီကနေ Stem Cell ကိုထုတ်ယူပြီး ဓါတ်ခွဲခန်းမှာ အဆင့်ဆင့် ပြန်လည်စီစဉ်ပြီးနောက် ခန္ဓာကိုယ်တွင်းကို ထိုးသွင်းပါတယ်။
သိပ္ပံဆေးပညာတွေအရ Stem Cell က ကင်ဆာ၊ သွေးကင်ဆာ၊ ဆီးချိုသွေးချို အဆစ်မြစ်ရောင်ရောဂါ၊ အကြောအားနည်းပြီး  ခြေလက်တုန်ရောဂါ၊ သွေးအားနည်းရောဂါ၊ အသည်း၊ သွေးရောဂါတွေကိုကုသပေးနိုင်ပါတယ်။

ဘာတွေထူးခြားမှုရှိလဲ
ငယ်ရွယ်သူ၊ အသက်ကြီးသူ၊ အားကစားသမား၊ ကုသမှုကနေပြန်လည်ကောင်းမွန်လာသူ ဘယ်သူမဆို ကြံ့ခိုင်သန်မာမှု၊ ပျော့ပြောင်းမှု သက်လုံကောင်းမှုတို့ကို ခံစားစေရပါတယ်။

ကျန်းမာလန်းဖြာစေဖို့ ကျန်းသုခ Health Guide ကို ဖတ်ကြပါစို့ ...  

Heart-နှလုံး

• နှလုံးဆိုတာ ကြွက်သားနဲ့ လုပ်ထားတဲ့ Pump (ပန့်ပ်) စုပ်စက်လေးနဲ့ တူတယ်။
• လက်သီးဆုပ်လောက်ရှိတယ်။ ရင်ပတ်အလည် ဘယ်ဘက်ခြမ်းမှာ ပိုများများရောက်နေတယ်။
• တကိုယ်လုံးကို သွေးဟောင်းကနေ သွေးသစ်ရအောင် အဆုပ်နဲ့တွဲ အလုပ်လုပ်တယ်။ သူ့ကိုယ်သူအတွက်လဲ သွေးသန့်ပေးနိုင်တဲ့ သွေးကြောစနစ်ရှိတယ်။
• အထက် (၂) ခန်း၊ အောက် (၂) ခန်း၊ ပေါင်း (၄) ခန်း ပါတယ်။ အထက်ခန်းတွေဟာ သွေးလက်ခံယူကြပြီး အောက်ခန်းတွေက သွေးတွေကို လိုတဲ့ဆီ သူ့ကြွက်သားတွေကို ညှစ်ပြီးပို့ပေးတယ်။
• ညာ-အပေါ်ခန်းမှာ တကိုယ်လုံးက သွေးအဟောင်းမှန်သမျှ စီးဝင်လာတာကို လက်ခံယူပြီး၊ သူ့အောက်က ညာ-အောက်ခန်းကို အဆို့ရှင်ကနေ ဖြတ်သွားစေတယ်။
• ညာ-အောက်ခန်း ကနေ ညှစ်ထုတ်ရင် သွေးဟောင်းတွေက အဆုပ်ဆီရောက်တယ်။ အဆုပ်မှာ အသက်ရှူတဲ့လေထဲက အောက်စီဂျင်ကို အသုံးပြုပြီး သွေးဟောင်းတွေကနေ သွေးကောင်းတွေ ဖြစ်လာစေတယ်။
• သွေးသန့်တွေက တခါ နှလုံး ဘယ်-အထက်ခန်း ထဲကို ဝင်လာမယ်။
• နောက် ဘယ်-အောက်ခန်းထဲကို အဆို့ရှင်ကို ဖြတ်ဝင်လာတယ်။ အဲဒီကနေမှ နောက်ဆုံး ဘယ်-အောက်ခန်း ကြွက်သားတွေ ညှစ်ပြီး တကိုယ်လုံးကို သွေးသန့်တွေ ပို့ပေးလိုက်တော့တယ်။

သွေးပေါင်ကျခြင်းနှင့်သွေးအားနည်းခြင်း

• သွေးပေါင်ကျခြင်းနှင့် သွေးအားနည်းခြင်းသည် လည်း မတူညီပါ။ သွေးပေါင်ကျခြင်းဆိုသည်မှာ အပေါ်သွေးနှင့် အောက်သွေးကို တိုင်းတာပါက ရှိသင့်သော သွေးပေါင်ချိန်ထက် နည်းနေသည်ကို ခေါ်ဆိုသည်။
• သွေးအားနည်းခြင်းဆိုသည်မှာ သွေးအတွင်းရှိ သွေးနီဥများတွင် ပါဝင်သောဟီမိုဂလိုဗင်ဓာတ် (Haemoglobin) အားနည်းခြင်းကို ဆိုလိုပါသည်။
• ထိုအခြေအနေနှစ်ခုသည် မတူညီသော်လည်း ရောဂါဖြစ်ရသော အခြေခံအကြောင်းအရင်းက တော့ တူညီပါသည်။ ၎င်းမှာ အသားဓာတ်နှင့် သံဓာတ်ကို ပြည့်စုံလုံလောက်အောင် မစားသောက်သောကြောင့် ဖြစ်ပါသည်။

သွေးတိုးရောဂါဖြစ်အောင်အားပေးသောအချက်များ

• သွေးတွင်း အဆီနှင့် ကိုလက်စတရော (Cholesterol) ဓာတ်များခြင်း
• အဆီအဆိမ့် အစားများခြင်း
• အ၀လွန်ခြင်း
• ကိုယ်လက်လှုပ်ရှားမှု အားနည်းခြင်း
• ဆေးလိပ်သောက်ခြင်း
• အရက်သောက်ခြင်း
• ဆီးချိုရှိခြင်း
• ဆိုဒီယမ်များသော အစာများ (ဆား၊ ဟင်းချိုမှုန့်၊ ဆိုဒါ) အလွန်အကျွံစားခြင်း

သွေးတိုးရောဂါလက္ခဏာများ

သွေးတိုးရောဂါ ရှိသူများ၏ သုံးပုံတစ်ပုံ ခန့်မှာ မိမိတွင် သွေးတိုးရောဂါ ရှိမှန်း မသိကြသူများ ဖြစ်နေပါတယ်.. များသောအားဖြင့် သွေးတိုး လက္ခဏာ မခံစားရသူ၊ ဘာလက္ခဏာမှ မပြသူ များပါတယ်.. ခံစားရသူ အချို့တွင်
ခေါင်းကိုက်ခြင်း၊
ဇက်ကြောတက်ခြင်း၊
မူးဝေခြင်း၊
အသက်ရှူ မြန်လာခြင်း၊
အမြင် ဝေဝါးလာခြင်း တို့ ဖြစ်တတ်ပါတယ်..

အချို့မှာ ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုး လက္ခဏာ (Complications) များဖြင့် ပြတတ်ကြပါတယ်..
ရင်ဘတ်အောင့်ခြင်း (နှလုံး သွေးကြော ကျဉ်းခြင်း)၊
လေဖြတ်ခြင်း (ဦးနှောက် သွေးကြော ပိတ်ခြင်း/ ပေါက်ခြင်း)၊
မော၍ ဖောယောင်ခြင်း (နှလုံး ညှစ်အား နည်းခြင်း- Heart Failure)၊
မျက်နှာ ယောင်အမ်း လာခြင်း (ကျောက်ကပ် ပျက်စီးခြင်း-Renal Failure)၊
မျက်စိ အမြင် ချို့ယွင်းလာခြင်း (Hypertensive Retinopathy) တို့ ဖြင့် လက္ခဏာ ပြတတ် ကြပါတယ်..

သွေးဖိအား Blood Pressure ကိုတိုင်းတာခြင်း

သွေးဖိအားကို မီလီမီတာ မာကျူရီ ယူနစ်ဖြင့် တိုင်းတာပြီး နှလုံးကြွက်သား ညှစ်ထုတ်စဉ် သွေးကြော အတွင်း ဖြစ်ပေါ်နေသော ဖိအားကို အပေါ်သွေး (Systolic Blood Pressure) လို့ ခေါ်ပြီး၊
နှလုံးကြွက်သား မူလအတိုင်း ပြန်ဆန့်စဉ် ဖြစ်ပေါ်သော ဖိအားကို အောက်သွေး (Diastolic Blood Pressure) လို့ခေါ်ပါတယ်။

သွေးဖိအား အခြေအနေ
အသက် (၁၈)နှစ် နှင့် အထက် လူကြီး
အပေါ်သွေး (Systolic BP in mmHg)
အောက်သွေး (Diastolic BP in mmHg)

ပုံမှန် (Normal) ၁၂၀ အောက် နှင့် ၈၀ အောက်
ပုံမှန်ထက် မြင့်မားပြီး သွေးတိုး မဟုတ်သည့် အခြေအနေ
(Prehypertension) ၁၂၀ မှ ၁၃၉ (သို့) ၈၀ မှ ၈၉
အဆင့်(၁) သွေးတိုး (Stage-1, Hypertension) ၁၄၀ မှ ၁၅၉ (သို့) ၉၀ မှ ၉၉
အဆင့်(၂) သွေးတိုး (Stage-2, Hypertension) ၁၆၀ နှင့် အထက် (သို့) ၁၀၀ နှင့် အထက်

သွေးဖိအားကိုတိုင်းတာခြင်း
အလွယ်ကူဆုံးမှတ်ရရင်
သွေးဖိအားကို တိုင်းတာကြည့်တဲ့အခါ
• အပေါ်သွေး 120 နှင့် အောက်သွေး 80 ဆိုတာ Normal ပုံမှန် သွေးပေါင်ချိန်ပါ။
• အပေါ်သွေးက 120 နှင့် 139 ကြားနဲ့ အောက်သွေး 80 နှင့် 89 ကြားဆိုရင် သွေးတိုးအကြိုကာလ Prehypertention လို့ခေါ်ပါတယ်။
• အပေါ်သွေးက 140 နှင့် 159 ကြားနဲ့ အောက်သွေး 90 နှင့် 99 ကြားဆိုရင်  အဆင့် ၁ သွေးတိုး Stage 1 Hypertention လို့ခေါ်ပါတယ်။
• အပေါ်သွေးက 160 နှင့်အထက်ရယ် အောက်သွေးက 100 နှင့်အထက်ဆိုရင် အဆင့် ၂ သွေးတိုး Stage 2 Hypertention လို့ခေါ်ပါတယ်။

မိမိကိုယ်ကိုယ်တိုးတက်လာစေဖို့အိုင်ဒီယာ ( ၁၀ )မျိုး

၁. "ခဏကျမှ" ဆိုတာကနေ "ခုချက်ချင်း "
လို့ပြောင်းလိုက်ပ
ဘာကြောင့်လည်းဆိုတော့ စောင့် နေ စောင့်နေ ...
စောင့်နေ အုံးမယ်ဆိုရင်
တစ်သက်တာလုံး အချိန်ကိုစောင့်နေတတ်တဲ့
အကျင့်နဲ့ ပဲ အဲ့လို ဖြစ်သွားနေတတ်ပါတယ် ။
ဒါကြောင့် လက်တွေ့ အရေးကြီးတဲ့ အရာတွေ ကို
ခုချက်ချင်း လုပ်ပစ်လိုက်ပါ။

၂. အရာရာဖြစ်နိုင်တယ် လို့ ယုံကြည်ပါ
ဘာကြောင့်လည်းဆိုတော့ ကိုယ် မယုံကြည်ရင်
ကိုယ်ဘာပဲလုပ်လုပ် အဆုံးစွန်းထိမ လုပ် မိ ပဲနေတတ်ပါတယ် ။
အဆိုတော် " ကို အငဲ တို့ ကိုလေးဖြူ "တို့ လည်း အမေဝမ်းကမွေးလာတာနဲ့
တန်းပြီးသီချင်းဆိုတတ်ကြတာ မဟုတ်လောက်
်ပါဘူး ။လူတိုင်းဟာ သုညကနေစတာ ချင်းအတူတူပါ ။
သူတစ်ပါးလုပ်နိုင်ရင် ကိုယ် လည်း လုပ်နိုင်ရပါမယ် ။

၃. "စမ်းလျှောက် ကြည့်ပါ "
ဘာကြောင့်လည်းဆိုတော့ ကျွန်တော် တို့ စမ်း မလျှောက်ကြတဲ့ အခါ ( လဲကျ တာ ရှိမယ်
နာကျင်တာရှိမယ် )
တစ်သက်လုံးမလျောက်တတ်ပဲ နေသွားပါလိမ့်မယ် ။
အရင်ပုံ စံ အတိုင်းပဲ လုပ်နေမယ်ဆိုရင်
အကျိုးအမြတ် က လည်း နဂို အတိုင်း ပဲ
ဖြစ်နေပါလိမ့်မယ် ။
ကြီးမားတဲ့ အောင်မြင်မှု့ အသစ် ကို ရရှိချင်တယ်။
ဆိုရင် ကိုယ့်ကိုယ်ကို အသစ်စမ်းပြီး လုပ်ကြည့်
တတ်ရပါမယ် ။

၎.နမူနာ ရှာပြီး " သူ့ဦးနှောက် ကိုဖောက်လာ ပါ "
သူများက လျပ်စစ်ထမင်းပေါင်းအိုး ကိုတီထွင်လာ
ပေးပြီး မှတော့ ကိုယ်က ဘာလို့ ထင်းမီးနဲ့
အချိန်ကုန်ခံပြီး ထမင်းချက်နေအုန်းမှာလည်း????
သူ့ကိုယူလာ အသုံးချပြီး ကိုယ့်ကိုယ်ကို ပိုတိုးတက် လာအောင် လုပ်ပစ်လိုက် ပေါ့ ။

၅. မိမိကိုယ်ကို "ရင်းနှီးမြုပ်နှံပါ "
စာအုပ် တစ်အုပ် ၁၀၀၀၀ ကျပ် ဈေးမပေါဘူး လို့ ထင်ချင်ထင်မယ် ။
ဟောပြော ပို့ချ ပွဲ သင်တန်း တစ်ပွဲ တက်ခ ၁၀၀၀၀
ကျပ် အရမ်းဈေးကြီးနေတယ် လို့ထင်ကောင်း
ထင်မိလိမ့်မယ်။
ဒါပေမဲ့ ကျွန်တော်တို့ iphone တို့ Galaxy Note တို့
လို ဖုန်းအကောင်းစားမော်ဒယ်အသစ်တွေ အမြဲတမ်း ကိုင်နေတတ်ကြ တယ် ။
ဟောပြော ချက်တွေ က အိုင်ဒီယာကောင်း
ကောင်းတွေ စာအုပ်ထဲကနည်းလမ်းကောင်း
ကောင်းတွေ က ကိုယ့်ဘဝ ကို ပြောင်းလဲ သွားစေ
နိုင်ပါတယ် ။
အိုင်ဖုန်း က ဘဝကိုပြောင်းလဲ သွားစေဖို့ ဆိုတာ က အင်မတန်နည်းပါးလွန်းပါတယ် ။
ဒါကြောင့် အခြားအရာတွေ ထက် ကိုယ့်ကိုယ်ကို
ရင်းနှီးမြုပ်နှံတာဟာ အင်မတန်အရေးကြီးပါတယ် ။

၆.ကိုယ့် ကိုယ်ကို သေချာရေရာအောင်ပြောထားပါ
" ကိုယ်ဟာဘယ်သူလဲ "
"ကိုယ်ဟာဘာ အတွက်မွေးဖွားလာသလဲ " ဆိုတာ
ကိုယ်က ဘောလုံးသမားဖြစ်နေပြီး အတွင်းစိတ်ထဲ
ဲမှာတော့ ဆရာဝန်ဖြစ်ချင်နေတယ် ဆိုရင်
မမိုက်တာတော့ အသေအချာပါပဲ ။
Key ကတော့ ကိုယ့်ကို ကိုယ်တွေ့ အောင်ရှာဖွေ
တွေ့ရှိဖို့ပါပဲ ။
နည်းလမ်းကလွယ်လွယ်လေး ပါ ကိုယ့်ကို ကိုယ်ပြန်မေးကြည့်လိုက်ပါ ။
ကိုယ်သေတဲ့ အခါ ကိုယ့်အသုဘ ကိုလာပို့
တဲ့သူတွေ ကိုယ့်အပေါ် ဘယ်လိုပြောစေချင်သလဲ ???
အဲ့ဒီ အဖြေဟာ သင် ကိုယ်တိုင်ပါပဲ ။

၇. တစ်ပါး သူအကြောင်းထက် ကိုယ့်
အကြောင်းကိုယ် ပိုသိပါစေ
ဘေးအိမ် ကဘာကြောင့် အိမ်ပြန်နောက်ကျနေ
တာလည်း?ဘယ်ဇာတ်ကား က ဆုံးခန်းရောက်
်တော့မယ် ..ဘယ်သူက ဘယ်သူနဲ့ ရည်းစား
ဒီအကြောင်းတွေ သိသွားလို့ ဘာအကြောင်းမှ
ထူးမလာပါဘူး...။
သိထားရမှာ က နှောင် ၅ နှစ် ကိုယ်ဘာဖြစ်မလဲ ဘယ်လိုဖြစ်ချင်သလဲ?
ကိုယ်ဘာ အတွက်မွေးဖွား လာသလဲ ?
ကိုယ်ဘာကိုနှစ်သက်သလဲ ?
ကိုယ်ဘယ်အပိုင်းမှာတော် ပြီး ဘာကို တော်ချင်တတ်ချင်သလဲ
ကိုယ့်ဘဝရဲ့ ရည်ရွယ် ချက်ရည်မှန်း ချက်က ဘာလဲ ?
ကျွန်တော် ပြောတာ ဟုတ်ပါသလား ခင်ဗျာ ?

၈.ကိုယ့်ရဲ့အားသန်မှုကို မြှင့်တင်ပါ
အကယ်လို့ ကိုယ်က မိချောင်းကို သစ်ပင်တက်အောင် အတင်းသင်ပေးနေရင် အင်မတန် ခက်ခဲ ပင်ပန်း
နေမှာပါ ။ကိုယ့်ရဲ့ အားသန် မှုကိုတွေ့အောင်ရှာပြီး တိုးတက်အောင် လုပ်ပစ် လိုက်ပါ..

၉. အပျော် ကိစ္စမှာ သိပ်မများပါနဲ့
ဒါပေမဲ့ ဆင်းရဲဒုက္ခ ကိစ္စမှာ နဲနဲများပါစေ ။
( ၁၀၀ လောက်ရည်ရွယ်ထားပြီး ၂၀ လောက်ရ
လာရင်လည်း ၂၀ အောင်မြင်ပြီလို့
အောင်ပွဲခံတတ်ပါစေ )
ဘာကြောင့်လဲ ဆိုရင် စိတ်ညစ်စိတ်ရှုပ် ဒေါသဖြစ် စိတ်ဆင်းရဲနေရင် ...
ဘယ်လိုလူက များ ကိုယ့်ကို ကိုယ် တိုးတက်အောင် လုပ်ဖြစ်တော့မှာလဲ???

၁၀ . "နာကျင်စရာတွေ " အလုံအလောက် ရှာဖွေပါ
တော်ပြီ ဒီလိုဘဝမျိုး
တော်ပြီ မဖြစ်ချင်တော့ဘူး ဒီလို သာမန်လူ
မဖြစ်ချင်တော့ ဘူး ဒီလို တန်ဖိုးမရှိတဲ့သူ ဆိုပြီး
သင့်မှာ Pain - ရှိပြီး
သင့်မှာ အဲ့အရာ အပေါ် လုံလောက်အောင်နာကျင်
ပြီးသွားတဲ့ အခါ ကျရင်
ကိုယ့်ကိုယ်ကို အဲ့အရာကနေ ကန် ထုတ်ပစ် နိုင်ရမယ် ။
ပြီးရင် အဲ့အရာကို ပေါက်မြောက် အောင်လုပ်ဆောင်
ရပါမယ် ။

•••••••••••••••••••••••••••••••
ဒါဟာ ကိုယ့်ကို ကိုယ်တိုးတက်စေပြီး ဘယ်သူမှ
ဆွဲထားလို့ မရ စေနိုင်တဲ့ အောင်မြင်စေ တဲ့
နည်းလမ်း ၁၀ ခုပါ
လွပ်လပ်မှုဆိုတာလူတိုင်းအတွက် ဖြစ်နိုင်ပါတယ်။ ကိုယ်ကသာရွေးချယ်ခဲ့မယ်ဆိုရင်ပေါ့.....။